Main menu

Background

Tuesday, 28 Jun 2016

         Export စနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ယခင်ကခွင့်ပြုခဲ့သည့်ကုန်ပစ္စည်း အမယ်များအပြင် နောက်ထပ်ကုန်ပစ္စည်းအမယ် ၁၄ မျိုးကိုပါ Re-export စနစ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ Re-export  စနစ်ဖြင့် ထပ်မံခွင့်ပြုပေးလိုက်သည့် ကုန်ပစ္စည်းအမယ်များမှာ ကားတာယာ၊ နှမ်း(နှမ်းဖြူ၊နမ်းနက်) ငရုတ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချို ရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်၊ စားသုံးဆီနှင့် ကြက်သွန်ဖြူတို့ဖြစ်ကြောင်း သိရသည်။

Tuesday, 28 Jun 2016

      မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ  ၂၀၁၆ ခုနှစ်မေလအတွင်း  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  သုည ဒသမ ၀၆၇  သန်း ရှိပြီး အနီးစပ်ဆုံးကာလထက်  ကန် ဒေါ်လာ သုည ဒသမ ၃၉၈ သန်း၊ ယမန် နှစ်ကာလတူထက် ကန်ဒေါ်လာ သုည  ဒသမ ၂၅၅ သန်း လျော့နည်းဆောင် ရွက်နိုင်ခဲ့ပါတယ်။  အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ လျော့နည်း ရခြင်းမှာ  စစ်တွေမြို့မှာ  မေလအတွင်း  ဖြစ်ပေါ်ခဲ့တဲ့   ရွန်နုဆိုင် ကလုန်းမုန် တိုင်း တိုက်ခတ်မှုကြောင့် ပို့ကုန် သွင်း ကုန်လုပ်ငန်းများ  နှစ်ပတ်နီးပါးခန့်  ရပ်ဆိုင်းခဲ့ရခြင်း၊  ရေချိုငါးများ ရောင်းတန်းဝင်တဲ့ အရွယ်အစားမရလို့ မတင် ပို့နိုင်ခြင်း၊  ဒီဇယ်ဆီတင်ပို့တဲ့ ကုမ္ပဏီများမှ  ရာသီဥတ

Wednesday, 22 Jun 2016

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြို့နယ် များမှာ ဇွန်မှစတင်ပြီး ဝါးမျှစ်များ ဈေးကွက်ထဲမှာ အရောင်း အဝယ်ရှိနေတာတွေ့ရပါတယ်။ ရာသီစာမျှစ်ပေါ်စ နယ်အဝယ် ဒိုင်များ အပြိုင်အဆိုင်ဝယ်ယူမှုရှိနေ လို့ ေ ဒသခံ မျှစ်ချိုးေ ရာင်း သူများ မိသားစုဝင်ငွေရနေတာ တွေ့ရပါတယ်။

Wednesday, 22 Jun 2016

       ရှမ်းပြည်နယ်ရွာငံမြို့နယ်မှ ထွက်ရှိတဲ့ကော်ဖီစေ့များ ကို ပြည်ပ နိုင်ငံများမှ ဝယ်လိုအားမြင့်တက်လာသဖြင့် ရွာငံဒေသထွက် ကော်ဖီစေ့ ဈေးနှုန်းများ မြင့်တက်နေကြောင်း၊ ရွာငံမြို့မှ ထွက်ရှိတဲ့ကော်ဖီစေ့များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံများသို့တင်ပို့ပြီး ဂျပန်နိုင်ငံမှ လည်းဝယ်ယူရန် ဈေးကွက်ကို  စောင့်ကြည့်လေ့လာနေကြောင်း ရွာငံ ကော်ဖီ အသင်းမှ သိရပါတယ်။

Tuesday, 21 Jun 2016

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီး စခန်းစုံမှ ကန်ဒေါ်လာ ၃ ဒသမ ၀၇၀ သန်းတန်ဖိုးရှိ  ပြောင်းတန်ချိန် ၁၁၉၆၈ တန်ခွဲကို ဇွန် ၄ ရက်  မှ ၁၀ ရက်တာကာလအတွင်း တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်း အလိုက်တင်ပို့ခဲ့တာကတော့ မူဆယ်မှ တန်ချိန် ၉၅၅၀၀၊ လွယ်ဂျယ်မှ ၂၂၀၂ တန်ခွဲ၊ ချင်းရွှေဟော်မှ ၁၀၆ တန်နဲ့ ကန်ပိုက်တီးမှ ၅၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေးခုကနေ ပြောင်းတန်ချိန် ၉၅၇၆ တန် ခွဲသာ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်ပြောင်းတင်ပို့မှုမှာ ၂၃၃၇ တန်ပိုမိုလာတာတွေ့ရပါတယ်။ သယ်ယူစရိတ်မှာ ယခု တစ်ပတ်အတွင်းပြောင်းတစ်ပိဿာကို ၆၆-၇၀ ကျပ်ရှိပြီး ပြောင်းကားဝင်ရောက် မှု ၃၄၂ စီးရှိတယ်လို့ သိရပ

Tuesday, 21 Jun 2016

    မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့  ရိဒ်ကုန်သွယ်ရေးစခန်းမှ  ဇွန်  ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း  အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း တန်ဖိုးရှိ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ရေချိုငါးမျိုးစုံ ရှစ်တန်ခွဲ  တင်ပို့နိုင် တယ်လို့ သိရပါတယ်။  ရေချိုငါး မျိုးစုံအပြင်  အမေရိကန်ဒေါ်လာ  သုည ဒသမ ၄၄၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၄၇၃ တန်၊အမေရိကန် ဒေါ်လာ သုည  ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ငါးသေတ္တာ ၁၆ တန်၊  အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ဆပ်ပြာမှုန့်   ၁၇ တန်၊ အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ အချိုရည် ၂၅ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ မုန့် မျိုးစုံ ၂၁ တန်ကျော်၊ အမေရိကန်ဒေါ် လာ

Tuesday, 21 Jun 2016

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ  ဇွန် ၄ ရက်မှ ၁၀ ရက်အတွင်း  ကန်ဒေါ်လာ ၄၅၆၇၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၂၀ တန်နဲ့ မြန်မာ-ထိုင်း  နယ်စပ်ရှိ  တာချီ လိတ်ကုန်သွယ်ရေးစခန်းမှ  ကန်ဒေ ါ် လာ ၃၇၀၈၉၁ တန်ဖိုးရှိ  ကြက်သွန်ဖြူ ၂၅၈ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်မှ မူဆယ်၊ မြဝတီနဲ့ တာချီလိတ် စခန်းများမှ ကြက်သွန်နီ ၁၄၄၀ တန် ကျော်နဲ့  တာချီလိတ်မှ ကြက်သွန်ဖြူ ၂၅၈ တန် တင်ပို့ခဲ့တယ်လို့  သိရပါ တ ယ်။ မူဆယ်မှ ကြက်သွန်နီ တင်ပို့မှု မှာ ရုံးချုပ်အပြင် နယ်စပ်စခန်းများမှလည်း တိုက်ရိုက် လျှောက်ထားကြ ကြောင်း၊ တစ်နေ့ကို ပျမ်းမျှကားစီးရေ ၁၂ စီးခန့် ဝင်ရောက်မှုရှိကြောင်း မူဆယ်ကုန်စည်ဒိုင

Tuesday, 21 Jun 2016

       ပျားမွေးမြူးရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့တွင်အများဆုံး လုပ်ကိုင်လျက်ရှိကြောင်း၊ မြန်မာ့ပျား ရည်ကို ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေး ကွက်သို့ ပိုမိုတင်ပို့နေရကြောင်း၊ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ်သာ အဓိကထား အသုံးပြုကြပြီး  ပြည်ပနိုင်ငံများမှာ သကြားအစား  ပျားရည်စားသုံးခြင်းနဲ့ အအေးပိုင်းနိုင်ငံတွေမှာ ပျားရည်ကို အဓိကထားပြီး သုံးစွဲမှု များနေတာကြောင့် ပြည်ပဈေးကွက်သို့  ယခုလိုတင်ပို့နေရတာ ဖြစ်ပါတယ်။

Wednesday, 15 Jun 2016

          မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး ကုန်သွယ် ရေးစခန်းမှ လည်း ကန်ဒေါ်လာ ၁၅၃၈၉ တန်ဖိုးရှိ ရွှေဟင်္သာ သရက်သီး ၁၈ တန် ကိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တမူး ကုန်သွယ်ရေး စခန်းက  တင်ပို့တဲ့ သရက်သီးတွေကေ တာ့ စစ်ကိုင်းတိုင်း ဒေသကြီး ကလေး၊ ဂန့်ဂေါနဲ့ မော်လိုက်ဒေသများကထွက်ရှိတဲ့ ရွှေဟင်္သာသရက်မျိုးတွေဖြစ်ကြောင်း၊ သရက်သီးများကို စက္ကူဂျပ်ဖာတွေနဲ့ အစီအရီထည့်ပြီး တမူးကုန်သွယ်ရေးဂိတ် မှတစ်ဆင့်နမ့်ဖာလုံဈေးထဲသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း၊ နမ့်ဖာလုံဈေးမှ တစ်ဖက်နိုင်ငံ မိုရေးက သရက်သီးစားသုံးသူ တွေ လာရောက်ဝယ်ယူကြတာဖြစ်ကြောင်း တမူး ကုန်သွယ် ရေးစခန်းမှ သတင်းရရှိပါတယ်။

Tuesday, 14 Jun 2016

    မေ ၂၈ ရက်မှ ဇွန် ၃ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၂၅၀ တန်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာ သုည ဒသမ ၆၂၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၁၆၁ တန်ကျော်၊ချင်းရွှေဟော်မှ ကန် ဒေါ်လာ သုည ဒသမ  ၀၃၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၇ တန်နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်း တန်ဖိုးရှိ ပြောင်း ဖူးစေ့ ၁၁၇ တန်ခွဲကျော် စုစု ပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅၂၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၆၇၅ တန်ခွဲကျော် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထား များမှာ ပြောင်းတစ်ပိဿာကို ၆၇-၇၂ ကျ ပ်ရှိပြီ

Pages