Main menu

Background

Thursday, 26 May 2016

မြန်မာနိုင်ငံကို sacha inchiလို့ ခေါ်တဲ့ ပဲတစ်မျိုးဟာ ၂၀၁၄ ခုနှစ်က စတင် ဝင်ရောက် ခဲ့တာဖြစ်ပါတယ်။  မူရင်းဒေသကတော့ ပီရူး နိုင်ငံကပါ။အသီးမှာ အမွှာလေးတွေနဲ့ ကြယ်ပုံ လေးမို့လို့ကြယ်ပဲလို့မြန်မာလူမျိုးတို့က ခေါ်ဆို ခဲ့ကြကြောင်း သိရှိရပါတယ်။ ကြယ်ပဲကိုအယ်လ် ဆာဒိုင်း ကုမ္ပဏီကစတင်တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီ အချိန်က တစ်ကီလိုကို ကျပ်သုံး သိန်းကျော် ရှိပါတယ်။ နောက်ပိုင်းမှာတော့ တစ်ကီလိုကို ကျပ် နှစ်သိန်းခွဲ အထိဖြစ်သွားပါတယ်။

Thursday, 26 May 2016

  မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်မှသာမက အခြားသော တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ် နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရုတ် နိုင်ငံသို့ တင်ပို့နေတဲ့ လယ်ယာထွက်ကုန်သီးနှံ တွေ   အထူးသဖြင့် ဆန်တင်ပို့တဲ့ကိစ္စတွေမှာ မြန်မာနိုင်ငံ က ကုန်သည်အများစုဟာ အမြဲလိုလို  နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဒီနစ်နာမှုတွေကိုဖြေရှင်းပေးဖို့ ယခင်အစိုးရ လက်ထက်က တရုတ်နိုင်ငံ အစိုးရနဲ့ညှိနှိုင်းဆောင် ရွက်ခဲ့ပေမယ့်လည်း  မြန်မာ ကုန်သည်တွေ ဟာ တရုတ်နိုင်ငံရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့  AQSIQ  ဆိုတဲ့စံသတ်မှတ်ချက်ကို မမီခဲ့တာကြောင့် တင်ပို့ ခွင့်ရသလောက် တင်ပို့နိုင်ခြင်းမရှိခဲ့တာကို တွေ့ရ ပါတယ်။ဒီအချက်တွေကြောင့် လည်း  တခြားသော ကု

Wednesday, 18 May 2016

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်တွင်ရှိသော သစ်သီးပွဲရုံများသို့ ဧပြီလဆန်းမှစ၍ မြန်မာပြည်အနယ် နယ်အရပ်ရပ်မှ သရက်သီးမှည့်များ စတင်ဝင်ရောက်လာကာ တစ်ဖက် တရုတ်နိုင်ငံသို့ ဧပြီလဆန်း ပထမ တစ်ပတ် အတွင်း ကားကြီး နှစ်စီး၊ သုံးစီးဖြင့် စတင်၍ တင်ပို့နိုင်ခဲ့သည်။  ဧပြီလလယ်တွင် ကားအစီးရေ ၃၀ မှ ၅၀ အထိတင်ပို့နိုင်ခဲ့ပြီး၊ ဧပြီလ နောက် ဆုံးတစ်ပတ်တွင်ကားစီးရေ ၈၀ မှ ၁၀၀ အထိ တိုးတက်တင်ပို့လာနိုင်သဖြင့် ဧပြီလ တစ်လလုံးအနေဖြင့် ကားအစီး ရေ ၈၂၁ စီး၊ တန်ချိန်အားဖြင့် ၄၂၅၃ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ  ၁ ဒသမ ၄၄၉ သန်းတင်ပို့နိုင်ခဲ့သည်။  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးပွဲရုံသို့ ဝင်ရောက်လာသော သရက်သီးများမှာ အမ

Friday, 13 May 2016

မြန်မာ- အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းက  ၂၀၁၆ ခုနှစ် ဧပြီလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၁  ဒသမ ၁၈၀ သန်း၊ သွင်းကုန် ကန် ဒေါ်လာ သုည ဒသမ ၇၈၁ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၆၁ သန်းရရှိခဲ့ပါတယ်။ ယမန်နှစ်ကာလတူဖြစ်တဲ့ ဧပြီနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၄၁၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ် လာ သုည ဒသမ ၆၈၉ သန်းပိုမိုခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၆၃၂ သန်းလျော့နည်းပြီး၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်း ပိုမိုခဲ့ပါတယ်။ယမန်နှစ် ကာလတူထက် ကုန်သွယ်မှုပမာဏပိုမိုရခြင်းမှ

Friday, 6 May 2016

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ဧပြီ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၇၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၂၃ တန်ကျော်တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၂၆ တန်နီးပါးလျော့နည်းတင်ပို့ခဲ့ပါတယ်။      
မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၅၅ တန်ကျော်၊ကဏန်း ၁၉ တန်ကျော် တင်ပို့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၇ တန်ကျော်  ပိုမိုတင်ပို့ခဲ့ပါတယ်။

Friday, 6 May 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း  ကန်ဒေါ်လာ သုည ဒသမ ၁၈၄  သန်းတန်ဖိုးရှိ ဆီးဆန် ၄၆ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

Friday, 6 May 2016

သွင်းကုန်လိုင်စင်ရရှိပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ တရားဝင်တင် သွင်းရန် ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်ယန္တရားများအား သွင်းကုန်လိုင်စင် သက်တမ်းတိုးမြှင့်ခွင့်ပြု၍ ပြန်လည်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ် ရေးဦးစီးဌာနမှ သိရသည်။တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်ယန္တရားများ အနက် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၈၀၀၃ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ ၄၆၃၂ စီးတို့ကို သွင်းကုန်လိုင်စင် သက်တမ်း တိုးမြှင့်ခွင့်ပြု၍ ပြန်လည်တင် သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Tuesday, 3 May 2016

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဧပြီ ၁ ရက်မှ ၂၀ ရက်တာကာလအတွင်း နှမ်းနက် ၃၆၂ တန်နဲ့ နှမ်းဖြူ ၁၁၇၂ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၈၄၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉၈၅၀ တန်ဖိုးရှိ နှမ်းနက် တန် ၅၀ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်မှာ နှမ်းတင်ပို့မှု မရှိတာ ကြာပြီဖြစ်ပေမယ့် မူဆယ်ကုန်စည်ဒိုင်မှာတော့ ဧပြီလဆန်း ကတည်း က နှမ်းဖြူတစ်တန် ၁၂၄၁၃၃၉ ကျပ်ဈေးနဲ့  နှမ်းနက် ၁၇၇၇၀၅၄ ကျပ်ဈေးမှ ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။    

မော်မော်အောင်

 

Tuesday, 3 May 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၁ ရက်မှ ၂၂ ရက် တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၆၁ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၄၃ တန်ကျော်တင်ပို့ခဲ့ပြီး မြဝတီကုန်သွယ်ရေး ဇုန်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းက တင်ပို့နိုင်ခြင်းမရှိခဲ့ပါ။၂၀၁၆ ခုနှစ် ဧပြီ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်းမှာ မူဆယ် ကုန်သွယ်ရေးဇုန်၊မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန်သွယ်ရေးစခန်း တို့မှ သီဟိုဠ်စေ့တင်ပို့နိုင်ခြင်းမရှိကြောင်း သိရှိရပါတယ်။          

 ခင်မြနွယ်

Wednesday, 6 Apr 2016

     လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းသီးနှံကို တရုတ် ဝယ်လက်က ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အရောင်းများခဲ့ကြောင်း  သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် တစ်ပိဿာကို ၄၃၀ ကျပ်ဈေးဖြ င့် တစ်ပတ်အတွင်း ပိဿာချိန် ၁၁ သိန်းခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages