Main menu

Background

Thursday, 15 Dec 2016

      နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၉၄၃၉၄ တန်ဖိုးရှိ  နို့ဆီ ၈၃၆ဒသမ ၃၁၇ တန်ကို  ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း  ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများမှ နို့ဆီများ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  အောက်တိုဘာလမှာ တင်သွင်းခဲ့တဲ့  နို့ဆီတန် ချိန် ၁၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၆၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၉၅၉၄၀၆ တန်ဖိုးရှိ  နို့မှုန့်တန်ချိန် ၃၆၂ ဒသမ ၆၄၄ တန်ကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ ပိုလန်၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား နဲ့ ဂျာမနီ နိုင်ငံများမှတင်သွင်း

Thursday, 15 Dec 2016

     ဒီဇင်ဘာပထမပတ်မှာ မုံရွာပဲရုံ စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ကြက် သွန်နီအရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုတစ်ပတ် ကြက်သွန်နီပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၆၀၀၊ (လတ်) ကျပ် ၅၀၀၊ (သေး)ကျပ်၄၀၀ရှိပြီး လက်လီဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ်၁၀၀၀၊(လတ်)၈၀၀၊(သေး) ကျပ် ၆၀၀ နှုန်းပေါက်ပြီး နိုဝင်ဘာလပွဲရုံဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ် ၁၀၀၀၊ (လတ်) ကျပ်၈၀၀၊ (သေး) ကျပ် ၆၀၀ ဖြစ်ပြီး လက်လီဈေးနှုန်း မှာ တစ်ပိဿာ(ကြီး) ကျပ်၁၃၀၀၊ (လတ်)ကျပ်၁၀၀၀၊ (သေး)ကျပ် ၈၀၀နဲ့အရောင်းအဝယ်ဖြစ်ပြီး ယခု တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်း၃၀၀ကျော်၄၀၀ခန့်ကျဆင်း သွားကြောင်း သိရပါတယ်။ မုံရွာပ

Thursday, 15 Dec 2016

         ယခုအချိန်ဟာ အောင်ပန်းချင်းများ အရင့်ဆုံးအချိန်ဖြစ်ပြီး သို လှောင်အထားခံတဲ့အတွက် ပြည်ချင်းဈေးကွက်ရှိ  ချင်းရောင်းဝယ် သူများအနေနဲ့ ပိုမိုမှာယူခြင်းကြောင့်အဝင်လည်းများလာတာ တွေ့ရ ပါတယ်။ ယခင်က တစ်ေ န့ကိုပိဿာချိန်  ၃၀ ဝင် အိတ် ၁၅၀ ခန့် အထိသာဝင်ပြီး ယခုတစ်ပတ်မှာ အိတ် ၃၀၀ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ရခိုင် ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း  ပိဿာချိန် ၂၀၀ခန့် တင်ပို့ကြောင်းသိရပါတယ်။ ချင်းဈေးမှာ ယခင်တစ်ပတ်အတိုင်း လက်ကားဈေး ကျပ် ၄၀၀၊ ကျပ်၅၀၀၊ လက်လီဈေးတစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၉၀၀ ဖြင့် ပုံမှန် ဈေးရှိကြောင်းသိရပါတယ်။

 

Friday, 9 Dec 2016

        မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၉ရက်မှ ၂၅ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၁၃၁၂၅ တန်ဖိုးရှိRe-export  သကြား ၃၈၇တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က  ချင်းရွှေဟော်မှ သကြားတင်ပို့မှုမရှိဘဲ မူဆယ်မှသာ တန်နှစ်ထောင်ကျော် တင်ပို့ခဲ့ပါ တယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅၆သန်းတန်ဖိုးရှိRe-export  သကြား ၄၁၀၁ တန်ေ ကျာ် တင်သွင်းခဲ့ရာ ယခင်တစ်ပတ်က တင်သွင်းခဲ့တဲ့  ၁၇၉၈တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် မြဝတီမှ သကြား ၂၃၀၃တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။

 

မော်မော်အောင်

Thursday, 8 Dec 2016

          မြန်မာ-အိန္ဒိယရှိ တမူးကုန်သွယ်ရေးစခန်းနဲ့  ရိဒ်ကုန်သွယ်ရေးစခန်းများမှ အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်တွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၅၄၄ တန်ခန့် ကို  တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ရိဒ်နယ်စပ်တစ်ခုတည်းမှသာ ၅၉၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ၄၇ တန် လျော့နည်းပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး အပြင် စီးကရက်၊ မုန့်မျိုးစုံ၊ ဆေး ကြေမှုန့်၊ ဆေးရိုး၊ စောင်၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ကို အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းခန့် တင်ပို့ခဲ့ပြီး၊ အိန္ဒိယငွေကြေးပြဿနာပြန်လည် တည်ငြိမ်စပြု လာပြီ

Tuesday, 6 Dec 2016

     မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၈၄၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၅၆ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ ခဲ့တာကတော့ မြဝတီမှ ၁၇၆ တန်နဲ့ တာချီလိတ်မှ တန် ၈၀ ဖြစ်ပါတယ်။ ယခင် တစ်ပတ်က မြဝတီမှ ၂၇၉ တန်နဲ့ တာချီလိတ်မှ ၂၄၂ တန် စုစုပေါင်း ၅၂၁ တန် တင်ပို့နိုင်တဲ့အတွက် ယခုတစ်ပတ်ထိုင်းနယ်စပ်သို့ ကြက်သွန်နီ ၂၆၅ တန် လျော့ နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကတော့ ယခုတစ်ပတ် မှာ ကြက်သွန်နီ အပို့မရှိဘဲ ယခင်တစ်ပတ်က ၁၇ တန်ခန့် တင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။

 

Friday, 2 Dec 2016

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ နိုဝင်ဘာ  ၁၂ ရက်မှ  ၁၈ ရက်အထိ သီတင်းပတ် အတွင်း  အမေရိကန်ဒေါ်လာ ၁၉၅၆၀ တန်ဖိုးရှိ နှမ်းဖြူ ၁၄ တန်ခွဲနဲ့ နှမ်းညိုလေးတန်နီးပါး၊ စုစုပေါင်း  ၁၉ တန်နီးပါး တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က နှမ်းနက် ၁၆ တန်သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ နှမ်းနှစ်တန်ခွဲပိုမိုတင်ပို့ခဲ့ပါတယ်။

Tuesday, 8 Nov 2016

         ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်မှာ ကြက်သွန်ဖြူအိတ်တွေ ပုံမှန်အဝင်ရှိပြီး ဈေးအနည်းငယ်ကျလာခဲ့ပေမယ့် ယခုနိုဝင်ဘာပထမပတ်ထဲမှာတော့ ကြက်သွန်ဖြူဈေးမြင့် တက်ကာ  အရောင်းအဝယ်ပြန်အေးသွား တာတွေ့ရပါ တယ်။ ယခုနှစ်အတွင်း စားဖိုဆောင်သီးနှံတွေ ဈေးနှုန်းတည်ငြိမ်မှုမရှိသလို ဈေးကစားတာ တွေလည်းဖြစ်ပေါ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စုံတို့မှ ဝယ်လိုအား အလျော့၊အတင်းပေါ်မူတည်ပြီးမှ ဝင်ေ ရာက်မှုရှိတာကြောင့် ဈေးကွက်မငြိမ်တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း တရုတ်ငွေေ ကြးဈေး မကိုက်မှုနှင့် ကျိုင်းတုံ၊ တာချီလိတ်၊ ထိုင်းနိုင်ငံတို့ဘက်မှ အဆွဲများနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ (ပြည်ပွဲရုံဈေး) တစ်ပိဿာလျှင် (ကြူကု

Tuesday, 8 Nov 2016

         အောက်တိုဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတန် ၁၈၀ဝ ကျော်၊  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ  တန် ၈၀ဝ ခန့်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တန် ၄၂၀ နီးပါးနဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။

Wednesday, 26 Oct 2016

         ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၇၃၂ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၉၈ ဒသမ ၂၉၆ သန်း ရရှိအောင်ဆောင်ရွက်နိုင်တဲ့အတွက် စုစုေ ပါင်း ကုန်သွယ်မှု ပမာဏမှာအမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ဝ၂၈ သန်းရှိခဲ့ပါတယ်။ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၅၆၄ သန်းဖြစ်ပြီး ထိုသို့လိုငွေပြရခြင်းမှာ ချုပ်ပြီးအဝတ်အထည်နဲ့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုလျော့နည်းခဲ့တာကြောင့် ဖြစ်ပါတယ်။ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀၇ ဒသမ ဝ၄၁ သန်းဖိုးတင်ပို့ပြီး သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၂၈ သန်း ဖိုး တင်သွင်းခဲ့တဲ့အတွက် ကုန်သွယ်

Pages