Main menu

Background

Wednesday, 21 Aug 2019

     အမေရိကန်နိုင်ငံသို့ သွားရောက်မည့်သူများအနေဖြင့် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးများ အတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သြဂုတ် ၁၂ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးအတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားရာတွင် တစ်ကြိမ်လျှင် ပြည်ဝင်ခွင့်ဗီဇာ သုံးလအထိ အကျုံးဝင် မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ခရီးသွားရာလာတွင် ပိုမိုလွယ်ကူစေရန်နှင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် နောက်ထပ်ခြေလှမ်းတစ်ခု ဆောင်ရွက်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြ

Wednesday, 21 Aug 2019

       မြေဆီလွှာ ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍  တောင်သူ လယ်သမားများအနေဖြင့်   မိမိမြေကို စစ်ဆေးလိုပါက မြန်မာ နိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အခမဲ့စမ်း သပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်း လှိုင်က ပြောသည်။ သြဂုတ် ၁၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရှိ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းရုံး၌ ပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “တောင် သူတွေက မြေသြဇာပက်တယ်။ မြေဆီလွှာတွေ ဆုံးရှုံးပြီး ပျက်စီးနေတဲ့အနေအထားရှိတယ်။ ဒါတွေကို ဘယ် လိုပြုပြင်မလဲ။ မြေဆီလွှာက အရေးကြီးတယ်။ မြေဆီလွှာ ပြုပြင်ဖို့  ကိုယ့်ရဲ့မြေအနေအထားသိဖိ

Monday, 19 Aug 2019

ဘယ်လိုအကြောင်းအရာတွေဆွေးနွေးမှာလဲ?

Friday, 16 Aug 2019

    တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အထူး ရန်ပုံ ငွေတစ်ရပ် ပေးအပ်ထားသည်။ ယင်းရန်ပုံငွေမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဟု အမည်ရသည်။ ယင်းအထူးရန်ပုံ ငွေဖြင့် မြန်မာနိုင်ငံတွင် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း ၁၂ ခု အကောင်အထည်ဖော်မည်။ ယင်းရန်ပုံငွေ ပေးအပ်ထောက်ပံ့ခြင်းသည် ဒုတိယအကြိမ် ဖြစ် သည်။ ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင် ကြောင်း  အသိပေးကြေညာခြင်း  အခမ်းအနား တစ်ရပ် ကျင်းပခဲ့သည်။

Friday, 16 Aug 2019

        ရန်ကုန်တိုင်းဒေသကြီးအတွင်း အာဖရိကဝက်အပြင်း ဖျားရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေး ပတ်ဝန်းကျင်ကို နေ့စဉ်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ဌာနမှ  ဌာနမှူး ဦးမင်းအောင်က ပြောသည်။ ဩဂုတ် ၅ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သတင်း မီဒီယာများတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ “ဒီအာဖရိက အပြင်းဖျားဝက်ရောဂါဟာ တရုတ်မှာပဲ အဖြစ်များပါတယ်။ ဒီနေ့အချိန်ထိတော့ ကျွန်တော်တို့ဆီက ရောဂါနဲ့ပတ်သက်လို့ ပတ်ဝန်းကျင်ကို အမြဲတမ်း လေ့လာ စူးစမ်းနေပါတယ်။ ဒီနေ့အထိတော့ မြန်

Friday, 16 Aug 2019

     ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC) နှင့် အပြည် ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ပူးပေါင်းကျင်းပသည့် Pilot Testing Phase of  the Yangon Building Permit System (YBPS) အခမ်းအနားကို ဩဂုတ် ၉ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ ပထမထပ်၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့်  အဆောက် အအုံ   ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်များကို  စာရွက်စာတမ်းများနှင့် ဆောင်ရွက်နေ သည့် လုပ်ငန်းအစား ပိုမိုမြန်ဆန်လာ စေရေးအတွက် အွန်လိုင်းမှ Yangon Building Permit System (YBPS) စနစ်ဖြင့် လျှောက်ထားနိုင်ြ ပီဖြစ်ကြောင်း အဆိုပါအခမ်းအနားတွ

Friday, 16 Aug 2019

      ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံတကာရွှေဈေးမှာ  ဩဂုတ်လပထမပတ်တွင် စံချိန်တင်ဈေးမြင့်တက်ကာ ဝယ်လိုအားမြင့်တက်လာခဲ့ပြီး  အရောင်းနည်းနေ ခဲ့ခြင်းကြောင့် အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း သိရသည်။ ယခင်ရက်သတ္တပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၅၁၀ဝ၀ ရှိခဲ့ရာမှ ယခုရက်သတ္တပတ် တွင် ကျပ် ၁၂၁၇၀ဝဝသို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ “ရွှေဈေးကတော့ ၁၂သိန်းကျော်ရာကနေ  စံချိန်တင်သွားပြီ။ ဈေးကွက် ထဲမှာလည်း အဝယ်လိုက်ရာကနေ ပစ္စည်းပြတ်သလိုဖြစ်သွားတယ်။  ရွှေဈေးက ဒီလပိုင်းတွေထဲမှာတောက်လျှောက်အကျမရှိဘဲ အတက်ပဲပြလာတော့ လူတွေက ဈေးတက်ဦးမလားဆိုပြီး အဝယ်လိုက်၊ အဝယ်လိုက်တော့ ဈေး တက်ဆိုသလိုဖြစ် သွားတယ်။ ရွှေကိုင်ထားတဲ့သူ

Pages