Main menu

Background

Thursday, 14 Dec 2017

         ယခုတစ်ပတ် ရွှေတောင်၊ ပေါက်ခေါင်း၊ ပေါင်းတလည်နှင့် ဝက်ထီးကန် ဘက်မှ တစ်နေ့လျှင် ဆောင်းမြေပဲအိတ် ၇၀၀ ခန့် ဝင်ရောက်နေတာတွေ့ရပါ တယ်။ ရွှေတောင်ဘက်မှ လာတဲ့ဆောင်းမြေပဲအတောင့်အစိုကို တစ်ပြည် လျှင် ၈၀၀ ဖြင့် ဈေးကွက်တွင် ရောင်းချနေတာ တွေ့ရပါတယ်။ မြေပဲဆန်ကိုတော့ ဆီစက်နှင့်ဝယ်လက်များကဝယ်ယူပြီး ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ၂၁၀၅ကျပ်၊ (အနီ)တစ်ပိဿာလျှင်ကျပ် ၁၉၅၀ ဖြင့် ရန်ကုန်ဆီ စက်များက တစ်နေ့လျှင် အိတ်၅၀၀ခန့် ဝယ်ယူလျက်ရှိပါတယ်။ လုံးဆန်(အဖြူ) တစ်ပိဿာလျှင်ကျပ် ၂၄၀၀၊ လုံးဆန် (အနီ) တစ်ပိဿာလျှင်ကျပ် ၂၁၅၀ ဖြင့် ရန်ကုန်ဝယ်လက်များက ဝယ်ယူလျက်ရှိပါတယ်။

 

ဝေေ၀မင်း

Wednesday, 6 Dec 2017

        ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့သော်လည်း ဈေးကွက်ပိတ်ရက်ဖြစ် သည့် သောကြာနေ့တွင် ပြန်လည်ကျဆင်းလာခဲ့သည်။
ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရ ခြင်းဖြစ်သော်လည်း ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်မြင့်တက်နေသဖြင့် ကျဆင်းသင့်သလောက် မကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

Wednesday, 6 Dec 2017

             ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ ကျောက် ပန်းတောင်း၊ ပခုက္ကူ၊ ဆိပ်ဖြူအစရှိတဲ့ နယ်များမှ ပိဿာ ၃၀ ဝင်အိတ် ၁၀၀ မှ ၁၅၀ ထိ နေ့စဉ်ဝင်ရောက် နေကြောင်းသိရပါတယ်။ ကြက်သွန်နီ(အသစ်)များ ဝင်ရောက်မှုရှိသလို အဟောင်း မှာလည်း နေ့စဉ်အိတ် ၂၀၀  ဝန်းကျင်ခန့်ဝင်ရောက်နေကြောင်း  သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ကြက်သွန်နီ(အဟောင်း)မှာ မကြာခင်အစို့အပေါက်များ ထွက်ရှိလာတော့ မည်ဖြစ်သည့် အတွက် အဝယ်မလိုက်ဘဲ ကြက်သွန်နီ(အသစ်)မှာ အစိုဓာတ်အနည်းငယ်ရှိပေမယ့် ဈေးနှုန်းသင့်တင့်သည့်အတွက် (အဟောင်း)ထက် ပိုမိုအဝယ်လိုက်နေတာ တွေ့ရပါတယ်။

Wednesday, 6 Dec 2017

       ပြည်ပွဲရုံများသို့ ယခုတစ်ပတ်အတွင်း ကျိုင်းတုံ၊ တောင်ကြီးတို့မှ ကြက်သွန်ဖြူ အိတ်များ ပုံမှန်ဝင်ရောက်လျက်ရှိနေပါတယ်။ ပြည်ဒေသပွဲရုံများနဲ့ ဈေးများမှာ အရောင်းအဝယ်အေးပြီး ဈေးနှုန်းများကျဆင်းလျက်ရှိနေပါတယ်။
ယခုတစ်ပတ် ကြက်သွန်နီဖြူ ဈေးနှုန်းတွေကတော့ ပွဲရုံအိတ်ဆွဲဈေး တစ် ပိဿာ (ရှမ်းစ) ကျပ် ၂၃၀၀(ကြူကုတ်စ)ကျပ်၁၆၅၀ဈေးတို့ဖြစ်ပြီး လက်လီ တစ် ပိဿာဈေး(ရှမ်းစ ကျပ်၂၈၀၀နှင့် (ကြူကုတ်) ကျပ် ၂၂၀၀တို့ဖြင့် ရောင်း ချလျက်ရှိ နေပါတယ်။ ပွဲရုံတွင် တစ်ရက်လျှင်အိတ်၂၀၀နီးပါးခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းလည်းသိရပါတယ်။

 

နီနီဝင်း

Tuesday, 5 Dec 2017

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)တို့ပူးပေါင်း၍ လယ်ယာထွက်ကုန်ပစ္စည်းများဆိုင်ရာ ဆန်စပါး၊ သကြားနှင့် ရေထွက်ကုန်ပ စ္စည်းများ  တင်ပို့ရောင်းချနေသည့် ကုမ္ပဏီများအားပို့ကုန်စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်း နှင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ သင်တန်းတို့ကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မက်စ်၌ ဒီဇင်ဘာ ၅ ရက်မှ ၈ ရက် အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Pages