Main menu

Background

Friday, 13 Oct 2017

       ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်အနည်းငယ် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုတစ်ပတ်တွင် သီတင်းကျွတ် ကာလပိတ်ရက် များကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Friday, 13 Oct 2017

    ပြီးခဲ့သည့်ရက်သတ္တပတ်မှစတင်ကာ ကျဆင်းလာခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးေ ဈးအဖြစ် ကျပ်ကိုးသိန်းခွဲအထိ မြင့်တက်ခဲ့ပြီးနောက် နှစ်ပတ်ဆက်တိုက်  ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့ သဖြင့် ပြည်တွင်းရွှေဈေးများပါ ကျဆင်းလာ ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင် လည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့သဖြင့် ပြည်တွင်းရွှေဈေးများလည်း ဆက် လက်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

Friday, 13 Oct 2017

      ငါးကြိမ်မြောက် Myanmar Water 2017 ကို အောက် တိုဘာ ၂၆ရက်မှ ၂၈ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲနှင့်အတူ တတိယအကြိမ် ပြန် လည်အသုံးပြု နိုင်သော စွမ်းအင်နှင့် စွမ်းအင်အား ထိရောက်စွာအသုံးချခြင်း ပြပွဲ (RE EE 2017) ကို ပူးတွဲကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ "Myanmar Water 2017 ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေစီ မံခန့်ခွဲမှုကို သိစေချင်တာပါ။ ရေအရင်းအမြစ်ကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ သန့်စင်ထားတဲ့ ရေကိုဘယ်လိုအသုံးချမလဲ၊ သုံးစွဲပြီးတဲ့ ရေတွေကို မူလရေအရင်းအမြစ်တွေဖြစ်တဲ့ မြစ် ချောင်းအင်းအိုင်တွေထဲကို သန့်စင်တဲ့နည်း လမ်းနဲ့ ဘယ်လို ပ

Friday, 13 Oct 2017

      ပြည်ပဲဈေးကွက်အတွင်း မိုးပဲတီစိမ်းသီးနှံ နေ့စဉ်အဝင်ရှိခဲ့သော်လည်း အိတ် ၁၀၀ မှ ၁၅၀ ကျော်သာ ဝင်ရောက်ခဲ့လို့ စက်တင်ဘာလကုန်ပတ်ထက် ပဲအဝင် ပါးသွားတာကို တွေ့ရပါတယ်။ မန္တလေးဝယ်လက်က နေ့စဉ် ဝယ်လို အားရှိတာ ကြောင့် ဝင်ရောက်လာသမျှ ပဲအိတ်အရေအတွက် ပမာဏအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ ပဲအရည်အသွေးပေါ်လိုက်ပြီး ဈေးပေးခဲ့လို့ တစ်တင်း ကျပ် ၂၇၅၀၀ ဖြင့် လကုန်ရက်ထက် ကျပ် ၅၀၀ ခန့် လျော့နည်းသွားခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံမှာ စပေါ် ချိန်မှစ၍ ယခုအချိန်ထိ ဈေးအတက်အကျ သိပ်မဖြစ်ဘဲ ယခုနှစ်အတွင်း ဈေးငြိမ်ငြိမ်နဲ့ ရောင်းဝယ်နေခဲ့ကြတာကို တွေ့ရပါတယ်။

 

ခင်ဆွေဝင်း

Friday, 13 Oct 2017

        ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်အတွင်း  ပြည်တွင်းပြည်ပ အဝယ်ရှိသော  ပဲများအားလုံးအနက် ပြည်တွင်းအဝယ်ရှိသော  ပဲများ ပို အရောင်းအဝယ်ဖြစ်လျက်ရှိနေတာကို တွေ့ရပါတယ်။  သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံရဲ့ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒများ ပြောင်းလဲခဲ့တာကြောင့် ပြည်ပဝယ်လက်များသော မတ်ပဲနှင့် ပဲစင်းငုံ သီးနှံမှာ အရောင်းအဝယ်အေးခဲ့ပြီး ပဲတီစိမ်းသီးနှံသာ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို ပဲဈေးနှုန်းများလည်း ေ လျာ့နည်းကျဆင်းခဲ့ပါတယ်။ ကျန်ပဲ များဖြစ်တဲ့ ပဲကြီး၊ ကုလားပဲ စသည့် သီးနှံများကတော့ ပြည်တွင်းဝယ် လက် အဝယ်ရှိတာကြောင့် ဈေးကောင်းရ လျက်ရှိသလို နှစ်အလိုက် ဈေးနှုန်း နှိုင်းယှဉ်မှုအရ အဆိုပါ ပဲနှစ်မျိ

Friday, 13 Oct 2017

          ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောဈေးတက်ပြီး ဆန်ကြမ်းဈေးကျကြောင်း သိရပါတယ်။ ဆန်ချော ဖျာပုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၃၆၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၅၀၀၀၊ ပုသိမ်မြောင်းမြပေါ် ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ် ၃၉၀၀၀ နဲ့လတ်စတစ်အိတ် ကျပ် ၃၆၅၀၀၊ ရွှေဘိုပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ကျပ် ၅၀၀၀၀နဲ့ လတ်စတစ်အိတ်ကျပ်၄၈၀၀၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိဈေးတ က်ကြောင်း သိရပါတယ်။ ဆန်ချောမှာပစ္စည်းနည်းပြီး အဝင်ပါးတဲ့အတွက် ဈေးတက်တာဖြစ်ကြောင်း ဝါးတန်းကုန်စည်ဒိုင်မှ သိရပါတယ်။

Monday, 9 Oct 2017

       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ် ဆေးတင်သွင်းခွင့် ထောက်ခံချက်များ ထုတ်ပေးလျက်ရှိပါသည်။ ထောက်ခံချက်ပါ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပိုးသတ်ဆေးများအား မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြုကြောင်း၊ မှားယွင်းတင်သွင်းလာပါက တင်သွင်း ခဲ့သည့်နိုင်ငံသို့ မိမိကုမ္ပဏီ၏ ကုန်ကျ စရိ တ်ဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ် ကြောင်းနှင့် ပြန်လည်ပေးပို့ပြီးကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထောက်ခံချက်အား သီးနှံကာကွယ်ရေးဌာနခွဲသို့ အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရပါသ

Tuesday, 3 Oct 2017

        ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ငြိမ်သက်လျက်ရှိနေ ကြောင်း သိရသည်။ ပြည်တွင်းငွေလဲနှုန်းများ ငြိမ်သက်စေရန်အတွက် အစိုးရက ထိန်းညှိလုပ်ဆောင်လျက်ရှိသဖြင့် ယခုကဲ့သို့ ငြိမ်သက်နေရခြင်းြ ဖစ်သည်ဟု ဆိုသည်။ ထို့ပြင် ပဲအရောင်းအဝယ်များ ရပ်ဆိုင်းသွားခြင်း၊ စီးပွားရေးကျဆင်းနေ သဖြင့် ငွေကြေးအရောင်းအဝယ်များ ရပ်ဆိုင်းနေခြင်း၊ Re-export သကြားများ တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ခြင်းနှင့် သွင်းကုန်များတင် သွင်းမှု နည်းပါးသွားခြင်းတို့ ကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပါးသွားသဖြင့် ယခုကဲ့သို့ ငွေလဲ နှုန်းများ ငြိမ်သက်နေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Tuesday, 3 Oct 2017

      ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ပြန်လည်ကျဆင်းလာခဲ့ ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းရွှေဈေးများလည်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ရွှေေ ဈးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် နှစ်လခန့်ကတည်းက မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းခွဲအထိရောက်ရှိခဲ့ပြီး ပြန်လည် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေ များကြောင့် ဈေးမြင့်တက်လာခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အိန္ဒိယမှ ရွှေတင်သွင်းခွင့်ကို ပိတ်ပင်လိုက်ခြင်း၊ အမေရိကန်က ၎င်း၏ ဗဟိုဘဏ်အတိုးနှုန်းနှင့်ပတ်သက်၍ ရေရာမှုမရှိခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့ရွှေဈေးကွက် တ

Tuesday, 3 Oct 2017

    ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာတော့ ချင်းဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ဈေးကွက်မှာတော့ ချင်း(စို) အဝင်နည်းလာပါတယ်။ ပုံမှန်ဆိုရင် သီတင်းကျွတ်မတိုင်မီ အလှူအတန်းပြုလုပ်ဖို့အတွက် ထုတ်ရောင်းကြပေမ ယ့် ဒီနှစ်က တော့ ဈေးမကောင်းတာကြောင့် များများစားစားဝင်လာတာမရှိဘူးလို့ ဈေးကွက်မှ သိရပါတယ်။ ဈေးကွက်ရဲ့သဘာဝအရ အဝင်နည်းလာလို့ ဝယ်လက်တွေက ဝယ်လာတာကြောင့် ဈေးအနည်းငယ်ပြန်တက်လာပါ တယ်။ ချင်းခြောက်ကိုလည်း ပြည်တွင်းပရဆေးဖော်တဲ့ လုပ်ငန်းရှင်တွေက အနည်း ငယ်အဝယ်ရှိလာလို့ ဈေးပြန်တက်လာတယ်လို့လည်း သိရပါတယ်။ ချင်း(စို)ကို တော့ ဝယ်ယူနေကျ ဝယ်လက်တွေဖြစ်တဲ့ တပ်ကုန်း၊ ရန်ကုန်၊ ပြည်၊ မုံရွာမှ ဝယ် လက်တွေက အများဆုံးဝယ်ယူတာကြောင့် တစ

Pages