Background
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ် ဆေးတင်သွင်းခွင့် ထောက်ခံချက်များ ထုတ်ပေးလျက်ရှိပါသည်။ ထောက်ခံချက်ပါ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပိုးသတ်ဆေးများအား မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြုကြောင်း၊ မှားယွင်းတင်သွင်းလာပါက တင်သွင်း ခဲ့သည့်နိုင်ငံသို့ မိမိကုမ္ပဏီ၏ ကုန်ကျ စရိ တ်ဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ် ကြောင်းနှင့် ပြန်လည်ပေးပို့ပြီးကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထောက်ခံချက်အား သီးနှံကာကွယ်ရေးဌာနခွဲသို့ အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရပါသ
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ငြိမ်သက်လျက်ရှိနေ ကြောင်း သိရသည်။ ပြည်တွင်းငွေလဲနှုန်းများ ငြိမ်သက်စေရန်အတွက် အစိုးရက ထိန်းညှိလုပ်ဆောင်လျက်ရှိသဖြင့် ယခုကဲ့သို့ ငြိမ်သက်နေရခြင်းြ ဖစ်သည်ဟု ဆိုသည်။ ထို့ပြင် ပဲအရောင်းအဝယ်များ ရပ်ဆိုင်းသွားခြင်း၊ စီးပွားရေးကျဆင်းနေ သဖြင့် ငွေကြေးအရောင်းအဝယ်များ ရပ်ဆိုင်းနေခြင်း၊ Re-export သကြားများ တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ခြင်းနှင့် သွင်းကုန်များတင် သွင်းမှု နည်းပါးသွားခြင်းတို့ ကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပါးသွားသဖြင့် ယခုကဲ့သို့ ငွေလဲ နှုန်းများ ငြိမ်သက်နေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ပြန်လည်ကျဆင်းလာခဲ့ ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းရွှေဈေးများလည်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ရွှေေ ဈးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် နှစ်လခန့်ကတည်းက မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းခွဲအထိရောက်ရှိခဲ့ပြီး ပြန်လည် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေ များကြောင့် ဈေးမြင့်တက်လာခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အိန္ဒိယမှ ရွှေတင်သွင်းခွင့်ကို ပိတ်ပင်လိုက်ခြင်း၊ အမေရိကန်က ၎င်း၏ ဗဟိုဘဏ်အတိုးနှုန်းနှင့်ပတ်သက်၍ ရေရာမှုမရှိခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့ရွှေဈေးကွက် တ
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာတော့ ချင်းဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ဈေးကွက်မှာတော့ ချင်း(စို) အဝင်နည်းလာပါတယ်။ ပုံမှန်ဆိုရင် သီတင်းကျွတ်မတိုင်မီ အလှူအတန်းပြုလုပ်ဖို့အတွက် ထုတ်ရောင်းကြပေမ ယ့် ဒီနှစ်က တော့ ဈေးမကောင်းတာကြောင့် များများစားစားဝင်လာတာမရှိဘူးလို့ ဈေးကွက်မှ သိရပါတယ်။ ဈေးကွက်ရဲ့သဘာဝအရ အဝင်နည်းလာလို့ ဝယ်လက်တွေက ဝယ်လာတာကြောင့် ဈေးအနည်းငယ်ပြန်တက်လာပါ တယ်။ ချင်းခြောက်ကိုလည်း ပြည်တွင်းပရဆေးဖော်တဲ့ လုပ်ငန်းရှင်တွေက အနည်း ငယ်အဝယ်ရှိလာလို့ ဈေးပြန်တက်လာတယ်လို့လည်း သိရပါတယ်။ ချင်း(စို)ကို တော့ ဝယ်ယူနေကျ ဝယ်လက်တွေဖြစ်တဲ့ တပ်ကုန်း၊ ရန်ကုန်၊ ပြည်၊ မုံရွာမှ ဝယ် လက်တွေက အများဆုံးဝယ်ယူတာကြောင့် တစ
ပြည်ကြက်သွန်နီဈေးကွက်အတွင်း ယခုစက်တင်ဘာလကုန်ပတ်တွင် ကြက် သွန်နီဈေးနှုန်းများ ယခင်တစ်ပတ်ထက် တစ်ပိဿာကို ပျမ်းမျှ လက်ကား ကျပ် ၂၀၀ နှင့် လက်လီ ကျပ် ၃၀၀ မှ ၄၀၀ အထိ အသီးသီးဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိနေတာ တွေ့ရပါတယ်။ ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် သီတင်းကျွတ်အခါကာလနှင့် ကထိန်ရာသီအခါကာလနီးနေပေမယ့် ဝယ်လိုအားမသွက်ဘဲ ပုံမှန်ဒေသတွင်း ဝယ်လက်သမားများ၊ အိတ်ဆွဲဝယ်ေ ရာင်း သမားများနှင့် ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်သို့ နယ်ကျော်ရောင်းဝယ်မှုအပါအဝင် အိတ် ၂၀၀ မှ ၂၂၀ ထိ အရောင်း အဝယ်ဖြစ်သော်လည်း အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။ ကျောက် ပန်းတောင်း၊ ဆိပ်ဖြူ၊ တောင်တွင်းစသည့် မြို့များမှ တစ်နေ့လျှင်
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ရဲ့ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဆန်ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ အဝင်နည်းသွားပေမယ့် အဝယ်ရှိနေသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုတစ်ပ တ်မြေပဲဆန်ဈေးကွက်မှာ မြေပဲလုံးဆန်နီတစ်ပိဿာလျှင်ကျပ် ၂၂၀၀ မှ ကျပ် ၂၂၅၀၊ လုံးဆန်ဖြူ တစ်ပိဿာလျှင်ကျပ် ၂၁၅၀မှ ကျပ်၂၂၅၀ဖြင့် ဒေသတွင်းဆားလှော်သမားများဝယ်ယူမှုရှိလို့ တစ်ရက်လျှင် အိတ် ၃၀၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ မြေပဲဆီဆန်အနေနဲ့တစ်ပိဿာ ၁၈၂၅ကျပ်ဖြင့် ဒေသခံဆီစက်ဝယ်လိုအားရှိခဲ့လို့ တစ်ရက်အိတ် ၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ထက်စာလျှင် ဈေးကျလာတာတွေ့ရပါတ ယ်။ နှမ်းဈေးကွက် မှာလည်း ဈေးဆက်လက်ငြိမ်လျက်ရှိရာ နှမ်း
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (My-P12) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် SMEs များ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းကော်မတီ (Working Committ -ee) ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှစတင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ငွေတိုက်ဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ UMFCCI မှ တာဝန်ရှိသူများနဲ့ ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် အညာကျေးလက်ဒေသများတွင် မြေယာစိုက်ပျိုးရေး လုပ်ငန်းများဖြင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေရအောင် ပင်ထောင်ခရမ်းချဉ်သီး များ စိုက်ပျိုးသည့်တောင်သူများ ယခု နှစ်တွင် ဈေးကောင်းရရှိနေပါတယ်။ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ မှ ၁၃၀၀ ကျော်ခန့်ဖြင့် နေ့စဉ်ရောင်းချနေ ရသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင် ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရပါတယ်။ စိုက်ပျိုးရာသီက မိုးဦးနဲ့ မိုးနှောင်းကာလတွေမှာ စိုက်ပျိုးပါတယ်။ မိုးဦးမိုးနဲ့ စိုက်ပျိုးတဲ့ခရမ်းချဉ်သီးကတော့ မိုးရွာသွန်းမှုများလျှင် အပျက်အစီးများ ပါတယ်။ မိုးနှောင်းကာလမှာ စိုက်ပျိုးတဲ့ ခရမ်းချဉ်သီးကတော့ ထိခိုက်
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့်YBSဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေနိုင်မည့့်Yangon Payment System တင်ဒါအတွက် နိုင်ငံတကာ ကုမ္ပဏီကြီးများသာမက အသေးစားအလတ်စား ကုမ္ပဏီများကိုပါ ဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
Yangon Payment System တင်ဒါအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများနှင့် အစည်းအဝေးကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နည်းပညာပိုင်းနှင့်စပ်လျဉ်း၍ စိတ်ဝင် တစား ဆွေးနွေးခြင်းများရှိခဲ့ကြောင်း သိရသည်။