Main menu

Background

Monday, 25 Sep 2017

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့်YBSဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေနိုင်မည့့်Yangon Payment System  တင်ဒါအတွက် နိုင်ငံတကာ ကုမ္ပဏီကြီးများသာမက အသေးစားအလတ်စား ကုမ္ပဏီများကိုပါ ဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
Yangon Payment System  တင်ဒါအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများနှင့် အစည်းအဝေးကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နည်းပညာပိုင်းနှင့်စပ်လျဉ်း၍ စိတ်ဝင် တစား ဆွေးနွေးခြင်းများရှိခဲ့ကြောင်း သိရသည်။

Monday, 25 Sep 2017

        ပြည်ပဲမျိုးစုံဈေးကွက်အတွင်း စက်တင်ဘာတတိယပတ်တွင် ပြည်တွင်းဝယ်လက်ပဲများအနက် ကုလားပဲသီးနှံသည် ဈေး လည်းကောင်း၊ အရောင်းအဝယ်လည်းသွက်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။  ဝယ်လက်အနေဖြင့် ခွဲစက်များက အဓိကထား ဝယ်ယူလျက်ရှိသလို တစ်ခါတစ်ရံတောင်သူများက မျိုးပဲအတွက် ဝယ်ယူခဲ့တာကိုလည်း တွေ့ရပါတယ်။ ပဲဈေးမှာတော့ တစ်တင်း ကျပ် ၄၇၀၀၀ဖြင့် ဈေးအမြင့်အတိုင်းရှိနေခဲ့ပါတယ်။ ကုလားပဲသီးနှံဟာ ယခင်နှစ်ကတည်းက ဈေးကောင်းခဲ့လို့ မတ်ပဲနှင့် ဈေး အပြိုင်ရလျက်ရှိခဲ့ပြီး ယခုနှစ်မှာလည်း ဈေးကောင်းဆက်ရခဲ့လို့ ပြည်ပဝယ်လက်ပဲတွေထက်ပင် ဈေးအမြင့်နဲ့ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။                                

Monday, 25 Sep 2017

        စက်တင်ဘာ တတိယပတ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲနှင့်ပဲစင်းငုံသီးနှံမှာ အရောင်း အဝယ်အေးလျက်ရှိကာ ပြည်ပဝယ်လက် ပဲတီစိမ်းသီးနှံက တော့ နေ့စဉ်မန္တလေးလိုင်း သမားများအဝယ် လိုက် လျက်ရှိလို့ အိတ် ၂၀၀ကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ပြည်အနီးတစ်ဝိုက်ဒေသများမှ  ပဲတီစိမ်းသစ်များ အဝင်ဆက်တိုက်ရှိခဲ့ ပြီး လက်ကျန်လည်းရှိလို့ လိုသလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ လလယ် ကဖြစ်ေ ပါ်ခဲ့ တဲ့ဈေးထက်  အနည်းငယ်  လျော့နည်းကျဆင်းသွားခဲ့တာ ကြောင့် ပဲတီစိမ်းသီးနှံတစ်တင်း ကျပ် ၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။မတ်ပဲနှင့်ပဲစင်းငုံသီးနှံများအနက်  ငွေလို၍ရောင်းချ သူအချ

Friday, 22 Sep 2017

       စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ   သီတင်းပတ်အတွင်း  မန်ကျည်း   တန်ချိန်    ၁၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့      ပင်လယ် ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က အပို့ ပျောက်ခဲ့တဲ့ မန်ကျည်းက  ဒီတစ် ပတ်မှ ပြန်လည်တင်ပို့ခြင်းဖြစ် ပါတယ်။   မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၀၀ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)

Friday, 22 Sep 2017

      ဈေးကွက်ဝင်သီးနှံ ပဲပုပ်လည်း ဈေးကွက်မှာအဝင်ရှိလာပါပြီ။ တောင်ကြီး ခရိုင်၊ စောဆီ၊ ကက္ကူ၊ ကျောက်တလုံးကြီးဘက်က ဝင်လာသလို ရပ်စောက်၊ တောင်နီ ဘက်ကလည်း အဝင်ရှိလာပါတယ်။  လင်းခေးခရိုင်၊ လဲချားနဲ့ မိုးနဲမှပဲပုပ်တွေလည်း ထွက်လာပြီလို့သိရပါတယ်။ လဲချားနဲ့ မိုးနဲကတော့ ရှမ်းရိုးရာအစာဖြစ်တဲ့ ပဲပုပ် ချပ်တွေပြုလုပ်ကြတာများပါတယ်။ တောင်ကြီးခရိုင်ဘက်ကထွက်တဲ့ ပဲပုပ်ကိုတော့ ပဲပြား၊ ပဲနို့ရည်၊ ပဲငံပြာရည် အဖြစ်  ပြုလုပ်ဖို့အတွက် ဝယ်ယူပြီး အသင့်စားသုံးလို့ရ တဲ့ ပဲပုပ်လှော်အဖြစ် ပြုလုပ်ဖို့လည်း   ဝယ်ယူမှုရှိလို့ ဒေသတွင်းဈေးကွက်မှာပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။

Friday, 22 Sep 2017

       တောင်ကြီးဈေးကွက်မှာ ရေ သွင်းပြောင်းလို့ခေါ်တဲ့  ရေခြံထွက်တဲ့ ပြောင်းသစ်တွေဝင်လာသလို   ပြောင်း (ဟောင်း) တွေက  ကုန်သွားသလောက် ဖြစ်နေပါပြီ။     ရေခြံပြောင်းတွေက တောင်ကြီး၊ ဆီဆိုင်၊ ရပ်စောက်  စတဲ့ မြို့တွေအပြင် လွိုင်ကော်ကလည်း ဝင် လာပါတယ်။မိုးကလည်းအဆက်မပြတ် ရွာနေတာရယ် ပြောင်းသစ်ကလည်း ရေခြံက ပြောင်းတွေဖြစ်လို့ အစိုဓာတ် တွေကတော့ များနေပါတယ်။ အသစ် ဝင်လာတဲ့ပြောင်းတွေကို တောင်ကြီးမြို့ နယ် တောင်လေးလုံး ကျေးရွာမှာရှိတဲ့ မြနဒီ  အခြောက်ခံစက်မှာ ခြောက် အောင် လှော်ပေးနေပါတယ်။ တစ်ပတ် ကို တောင်ကြီး^လွိုင်ကော်က ဝင်တဲ့ ပြောင်းက အိတ် ၁၅၀၀ ခန့် အဝင်ရှိနေ ပါတယ်။ ရာသီဥတုကြောင့် အစိုဓာတ် များလို့ မြနဒီ အခြ

Friday, 22 Sep 2017

        ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့၌ စက်တင်ဘာလ ဒုတိယပတ် တွင် ဧည့်မထစပါး၊ ဆန် ဈေးနှုန်းများမှာ လဆန်းပိုင်းဈေးထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလပထမပတ်က ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်တို့တွင် ဧည့်မထ မိုးစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၈၀၀၀၀ မှ ကျပ် ၅၀၀၀၀၀ ဈေးတွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ယခုစပါးဈေး ကျပ် ၅၀၀၀၀၀ မှ ကျပ် ၅၂၀၀၀၀ ဈေးရှိသည့်အချိန်တွင် ဆန် တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ မှ ကျပ် ၂၁၈၀၀ ဈေးရှိခဲ့ကြောင်း၊ ဧည့်မထနွေ စပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၆၀၀၀၀ မှ ကျပ် ၄၇၀၀၀၀၊  ဆန်တစ် အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ယခုစပါး ဈေး ကျပ် ၄၈၀၀၀၀ မ

Friday, 22 Sep 2017

     ကျုံပျော်မြို့နယ်၏  ရေမြေ သဘာဝသည် ပီလောပီနံစိုက်ပျိုးရာတွင် အောင်မြေဖြစ်ထွန်းသော ဒေသတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အများ ဆုံးစိုက်ပျိုးလျက်ရှိသော မြို့နယ်တစ်ခု ဖြစ်၍ ပြည်တွင်းပြည်ပ  ဈေးကွက် ဝင် ပီလော ပီနံလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေးအတွက်     အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့်     စနစ် တကျ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံ တောင်သူများ ဝင်ငွေတိုးပွားလာပြီး မိမိတု့ိဒေသတွင်း   စီးပွားရေး လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည် ရွယ်၍ ယခုလို   သင်တန်းဖွင့်လှစ်ပို့ချ ရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပီလောပီနံအသင်း ဥက္ကဋ္ဌ ဦးကျော်သူရ က ပြောပါသည်။အဆိ

Friday, 22 Sep 2017

       ဆားလင်းကြီးမြို့နယ်၊ ရုံးပင်ရိုးထန်းတောကြီးကျေးရွာတွင် အာဆီယံသပြေ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေသော ကြောင့် သပြေပန်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။နှစ်ရှည်ပင်ဆိုတော့ ပထမနှစ်အရင်းကျေပါတယ်။ နောက်နှစ်တွေကျရင် တော့ အပင်ပြုစုခြင်း၊ အပင်အောက်မှ ရွက်ခြောက်ကောက်ခြင်း၊ ရေဖျန်းခြင်း၊ အရွက်တွေ ပိုးလိပ်ချိန်မှာ ဆေးဖျန်းခြင်းစတာတွေတော့ ပြုလုပ်ပေးရပါတယ်။ အပင် တစ်ပင်နဲ့ တစ်ပင် သုံးပေခန့်ထိခြားစိုက်ရပြီး ပျိုးပင်ကတော့ တစ်ပင်လျှင် ကျပ် ၂၀၀မှ ကျပ် ၈၀၀ထိ ရှိပါတယ်။ နေ့စဉ် ကိုက်ရောင်းချရပြီး တစ်စည်းကို ကျပ် ၃၀၀ နဲ့ တစ်ဆင့်ပြန်ရောင်းချသူများမှ လာရော

Friday, 22 Sep 2017

      ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ဘိုက်သရက်ကျေးရွာမှ ဥယျာဉ် ခြံစိုက်ပျိုးလုပ်ကိုင်သူများသည် ဂန္ဓမာပန်း စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားလျက်ရှိကြောင်းသိရပါတယ်။ဂန္ဓမာပျိုးပင်များကို ယင်းမာပင် မြို့နယ် ၊ ဇီးတောကျေးရွာမှ မှာယူစိုက်ပျိုး ကြပြီး ပျိုးပင်တစ်ပင်လျှင် ၈ ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင် နှစ်ပေ အကျယ်မြေသားများပြုလုပ်၍ ပျိုးပင်တစ်ပင်နှင့် တစ်ပင်ခြောက်လက်မပတ် လည်အကွာတွင် တန်းပေး စိုက်ပျိုးကြသလို မြေဧကအကျယ်ပေါ် မူတည်၍ စိုက်ပျိုး ကြပြီး ညနေတိုင်း ရေဖျန်းပေးရပါတယ်။စတင်စိုက်ပျိုးသည့်အချိန်မှစပြီး လေးလအကြာမှာ ပန်းပွင့်စုံချိန်တွင် ကိုင်း ဖြတ်ရောင်းချက

Pages