Background
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကာ ကျပ် ၉၁၂၀၀၀ သို့ ရောက် ရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က ကျပ် ၉၁၄၀၀၀ ဖြင့် အမြင့်ဆုံးေ ဈးနှုန်းအဖြစ် ရပ်တည်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်မလာသော်လည်း အမေရိကန်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တ က်မလာပေမယ့် အမေရိကန်ဒေါ်လာရဲ့ ရည်ညွှန်း ငွေလဲနှုန်းက မြင့်တက်လာတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာရတာပါ။ ကမ္ဘာ့ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး အတက်အကျဖြစ်နေတာပါ"ဟ
ရန်ကုန် စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာ များ၏ ရှယ်ယာများကို အနိမ့်ဈေးဖြင့် သာ ရောင်းဝယ်လျက်ရှိကြောင်းရန်ကုန် စတော့အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် အဆို ပါ အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသည့်အစုရှယ်ယာ ကုမ္ပဏီများအနက်မှ MCB နှင့် MTSH တို့သည် ၎င်းင်းတို့၏ အမြတ် ဝေစုများကို ပေးအပ်ရန် စီစဉ်လျက်ရှိ သဖြင့် အစုရှယ်ယာရောင်းဝယ်သူူများ အနေဖြင့် သတိပြု၍ ရောင်း ဝယ်ကြရန် လိုအပ်ကြောင်း အစုရှယ်ယာဈေးကွက် အတွင်း အချင်းချင်း သတိပေးလျက်ရှိ သည်ဟု ဈေးကွက်အတွင်းမှသိရသည်။ "ဒီတစ်ပတ်ထဲမှာ အစုရှယ်ယာ အရောင်းအဝယ်က တော်တော်လေးကို နည်းတယ်။ ဈေးကလည်း ကျနေတော့ အဝယ်ရှိတာတောင်
ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ နှမ်းနီဈေးမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ နှမ်းနက်ဈေးပြန်တက်၍ စမုံနက်နှမ်းဈေးမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးကျသွားတာ တွေ့ရပါတယ်။ ပြည်မြို့အနီးတစ်ဝိုက်တွင် ယခုတစ်ပတ်၌ မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် ပြည်မြို့ရှိပွဲရုံများ၌ အရောင်းအဝယ်မဖြစ်သလောက် ရှိနေပါတယ်။ဆီစက်သမားများကလည်း လှောင်နှမ်းများကိုသာထုတ်ပြီး ဆီကြိတ်နေသဖြင့် ရံဖန်ရံခါသာ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ယခုတစ်ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၃၀၀၀၀ ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ် နေတာတွေ့ရပြီး နှမ်းနက်တစ်တင်းလျှင် ကျပ် ၃၈၃၀၀ ဖြင့်ယခင်တစ်ပတ်ထက် ဈေးမြင့်လာကာ စမုံနက်နှ မ်း တစ်တင်း လျ
ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၆၇သန်း တန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် ၃၀၄၂၃ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ငစိန်ဆန် ၃၀၇၇ တန်၊ ဧည့်မထဆန် ၁၄၄၁၁ တန်နဲ့ ကောက်ညှင်းဆန် ၃၉၆ တန်ကျော်၊ ချင်းရွှေဟော်ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန ၆၈တန်နဲ့ ဧည့်မထဆန် ၃၉၄ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၂၀၂၇တန် ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန် ၅၀ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ၃၆၂၇၁ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၈၄၈ တန်လျော့နည်းတင်ပို့ခဲ့ပ
ယခုတစ်ပတ်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာများအား အနိမ့်ဈေးဖြင့်ပင် အရောင်းအဝယ်ပြုလုပ်လျက်ရှိ ကြောင်း YSX ၏ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန် စတော့အိတ် ချိန်းတွင် အစုရှယ်ယာကုမ္ပဏီလေးခုက အရောင်းအဝယ်များ ပြုလုပ်လျက်ရှိရာ အစုရှယ် ယာလေးခုစလုံးပင် အကျဈေးဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။ ယခုတစ်ပတ်အတွင်း အစုရှယ် ယာ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ကျပ် သန်းသုံးရာနီးပါးရှိခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၄၀၀၀ သို့ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလာခဲ့သည်။ အဆိုပါဈေးသည် ယခုတစ်ပတ်အတွင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း အမြင့်ဆုံးဈေးအဖြစ် အမေရိကန် ၁၂၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာချိန်တွင် ပြည်တွင်းရွှေဈေးများလည်း ပြန်လည် ကျ ဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး မြင့်တက်လာတယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက အမြင့်ဆုံး ကျပ် ၉၁၄၀၀၀ အထိ ရောက်ရှိခဲ့သလိ
ပြီးခဲ့သည့်ရက်သတ္တပတ်များက ဈေးငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲ နှုန်းများသည် ယခုတစ်ပတ်တွင် ဈေးအနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း အမေရိက န်ဒေါ်လာနှင့် ဖလှယ်နှုန်းများ ကျဆင်းနေသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းနေရခြင်းဖြစ် ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ "ဒီတစ်ပတ်မှာ ငွေလဲနှုန်းက ပြီးခဲ့တဲ့တစ်ပတ်ကနဲ့ နှိုင်းယှဉ်ရင် နည်းနည်းကျ သွား တယ်။ ဈေးကျသွားပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပါပဲ။ ကမ္ဘာ့ နိုင်ငံအသီးသီးမှာလည်း အမေရိကန်ဒေါ်လာနဲ့ဖလှယ်နှုန်းက ကျဆင်းသွားတဲ့ အတွက် ပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းရတာဖြစ်ပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရော
ပြည်ပဝယ်လက် ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ယခုနှစ်အတွင်း ဈေးအေးခဲ့တဲ့အတွက် လှောင်လက်သမားများ အရှုံးပေါ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လည်း တွက်ခြေမကိုက်သလောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံသည်လည်း ယခုကာလတွင် ပဲအဝင်မရှိဘဲ လက်ကျန် ပဲများဖြင့်သာ ရောင်းချခဲ့ကြပြီး ရန်ကုန်ဝယ်လက် သာ အဝယ်ရှိခဲ့ပါတယ်။ သို့ သော်လည်း နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်း အဝယ်ဖြစ်ခဲ့ပြီးဝယ်လို အားရှိတဲ့ရက်မှာ အိတ် ၃၀၀ ကျော်ခန့်ရောင်းချခဲ့ရကြောင်း သိရပါတယ်။ ပဲဈေးမှာ တစ်တင်း နှစ်သောင်းအောက်ဖြင့်ဈေး ငြိမ်လျက်ရှိသလို မတ်ပဲဈေးထက်လည်း လျော့နည်းလျက်ရှိ ကြောင်းသိရပါတယ်။
မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၃၆၂၇၁ တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှု များမှာ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၂၈တန်ကျော်နဲ့ဧည့် မထဆန်တန်ချိန် ၁၉၈၀၀ ကျော် ၊ချင်းရွှေ ဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၂၄ တန်ကျော်နဲ့ ဧည့်မထဆန် ၂၁၃ တန် ကျော်၊ လွယ်ဂျယ် ကုန်သွ ယ်ရေးစခန်းမှ ငစိန်ဆန်တန်၁၅၀၅၀ ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၇တန်ကျော် တင်ပို့ခဲ့ပါတယ်။ ဆန်အပြင် ကောက်ညှင်းဆန် ၅၀၄တန်ခန့်ကို မူဆယ် (၁၀၅)မိုင်ကုန်သွယ
ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာအလုပ် သမားများအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ယုံကြည်စိတ်ချစွာ ငွေလွှဲနိုင်စေရန်အတွက် Myanmar Remit Card (မြန်မာငွေလွှဲကတ်) ဝန် ဆောင်မှုအသစ်ကို ထိုင်းနို င်ငံရှိ Kasikorn ဘဏ် (KBank) နှင့်ပူးပေါင်း၍ စတင်လုပ်ဆောင်လျက်ရှိ နေပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။ ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ကတ်များ နှင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ KBank ATM စက်များမှ တစ်ဆင့် ဘားကုဒ်အား Scan ဖတ်စစ်ဆေးခြင်း ဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား များအနေဖြင့် လက်ခံအကောင့်တစ်ခုဆီသို့ တစ် နေ့လျှင်တစ်ကြိမ်နှုန်းဖြင့် ထိုင်းဘတ်ငွေ ၁၀၀ç၀၀၀