Main menu

Background

Wednesday, 8 Feb 2017

      နံနက်စောစာစားဖို့ ကိုယ့်မြို့မှာရှိတဲ့ မုန့်တီ ဆိုင်ကို ဝင်ထိုင်မိပါတယ်။ ကိုယ်နှစ်သက်ရာကို မှာပြီးစားနေတုန်းမှာ စားသုံးသူတစ်ယောက် ဝင်လာပါတယ်။ ဆိုင်ရဲ့ စားပွဲတွေမှာ လူပြည့်နေလေ တော့ နေရာလွတ်နေတဲ့ကိုယ့် စားပွဲကို ခွင့်တောင်း ပြီးလာထိုင်ပါတယ်။ တစ်ဆက်တည်း စားပွဲထိုးကို လှမ်းမှာပါတယ် "မုန့်တီတစ်ပွဲ အချိုမှုန့် လုံး၀ မထည့်ပါနဲ့ ဆီလျှော့ပါ" အလဲ့...ကိုယ်က စားသုံးသူရေးရာဦးစီးဌာနကဆိုတော့ စိတ်ဝင် စားသွားပါတယ်။ စား ပွဲကလည်းတစ်ဝိုင်းတည်းဆိုတော့ အလာပသလာပစကားပြောမိပါတယ်။ "နောင်တော်က ကျန်းမာရေးလိုက်စားပုံရ တယ်" "ဘာဖြစ်လို့လဲဗျ" "သြော်..ခုန မုန့်တီ လှမ်းမှာတုန်းက အချိုမှုန့်မထည့်နဲ့ ဆီလျှော့ထည့်ပါလို့

Tuesday, 7 Feb 2017

      ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ်တစ်သောင်းကျော် ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးကာ လအတွင်း နယ်စပ်၌ ရွှေအရောင်းအဝယ်များရပ်ဆိုင်းသွားခဲ့သဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းခဲ့ရခြင်းဖြစ်ပြီး တရုတ်နှစ်သစ်ကူး ကာလအပြီးတွင် ရွှေအရောင်းအဝယ်များ ပြန်လည်လုပ်ကိုင်လာကြသဖြင့် ပြည် တွင်းရွှေဈေး များ ပြန်လည်မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။

Tuesday, 7 Feb 2017

      ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအသစ်သာ အဝင်ရှိပြီး  ဆန်ဟောင်းအဝင်မရှိသလို ဈေးကွက်လည်းမရှိတော့ကြောင်း ဆန်သစ်ကပဲ ဈေးကွက်ကို ဦးဆောင်နေပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့  ရန်ကုန် ဝါးတန်း ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခုတစ်ပတ်  ဆန်ချောအသစ်ရဲ့လက်ကားဈေးနှုန်းများမှာ   ဖျာပုံပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ်ကျပ် ၃၀၀၀၀၊ လတ်စတစ်အိတ်ကျပ် ၂၉၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ် အိတ် ကျပ်  ၃၂၀၀၀၊  လတ်စတစ်အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံ ကျိုက်လတ် ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၂၈၀၀၀၊ လတ်စတစ် အိတ် ကျပ် ၂၇၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၃၄၀၀၀ မှ ကျပ် ၃၆၅၀၀ ဈေးရှိပါတယ်။ ဆန်အဝင်က တော့ ပုံမှန်ပဲရှိနေပြီး အရောင်းအဝယ်လ

Tuesday, 7 Feb 2017

         ဖေဖော်ဝါရီလ ပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်သို့ ပဲမျိုးစုံအသစ်များ  ဝင်ရောက်လျက်ရှိရာ ပြည်ပဝယ် လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများအဝင် ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်း သိရပါ တယ်။ ယခုတစ်ပတ် မတ်ပဲသီးနှံတစ်တင်းပေါက်ဈေးမှာ  (အထွက်တိုး) ၂၈၃၀၀ ကျပ်၊ (ကုန်း) ကျပ် ၃၁၃၀၀ နှုန်းပေါက်ပြီး နေ့စဉ်အိတ် ၂၀၀၀ ခန့်၊ ပဲစင်းငုံသီးနှံတစ်တင်း (သစ်)ကျပ် ၂၄၇၀၀ နှုန်းပေါက်လျက် နေ့စဉ်အိတ် ၃၀၀၀ ခန့်၊ ပဲတီစိမ်းသီးနှံကတော့ အဝင်လျော့နည်းလာပြီး၊ တစ်တင်းပေါက်ဈေးမှာ (ကြီး) ကျပ် ၃၀၀၀၀၊ (သေး) ကျပ် ၂၃၇၀၀ နဲ့ နေ့စဉ်(ကြီး/သေး)  အိတ် ၁၂၀၀ ခန့် ဝင် ရောက်လျက်ရှိပြီး အရောင်းအဝယ်အသွက်ဆုံး သီးနှံများ ဖြ

Tuesday, 7 Feb 2017

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော် ဝါရီ ၃ ရက်တွင် အီတလီနိုင်ငံ ရောမမြို့ အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်သည့် Myanmar Country Presentation Program အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။ Myanmar Country Presentation Pro- gram အခမ်းအနားကျင်းပ ရခြင်း၏ရည်ရွယ်ချက်မှာ အီတလီနိုင်ငံရှိ ကုမ္ပဏီများအား မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး အလားအလာများကို ကူးသန်းရောင်းဝယ်ရေးဆိုင် ရာရှုထောင့်မှ ထုတ်ဖော်ပြသနိုင်ရန်ဖြစ်ပြီး ရန်ကုန် မြို့ ရှိ အီတလီန

Monday, 6 Feb 2017

        စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်သက်တမ်းတိုး နောက်ကျခြင်းအတွက် ဒဏ်ကြေးများနှင့် ပြင်ဆင်ကြေး၊ မိတ္တူမှန်ကြေးများအား ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ကောက်ခံသွားမည် ဖြစ်သည်။ ကောက်ခံမည့် နှုန်းထားများမှာ သက်တမ်းတိုးလျှောက်ထားမှု နောက်ကျခြင်းအတွက် သက်တမ်းကုန်မည့် ပထမတစ်လအတွင်း လျှောက်ထားလျှင် အခမဲ့ပြုလုပ်ပေးမည်ဖြစ်ပြီး၊ သက်တမ်းကုန်ပြီး ဒုတိယတစ်လတွင် လျှောက်ထားလျှင် ဒဏ်ကြေး ကျပ်သုံးသော င်း၊ သက်တမ်းကုန်ပြီး တတိယတစ်လအတွင်း လျှောက်ထားလျှင် ဒဏ်ကြေး ကျပ်ငါးသောင်း၊ သုံးလကျော်ပြီး ခြောက်လ အတွင်း လျှောက်ထားလျှင် ဒဏ်ကြေး ကျပ်တစ်သိန်း ကောက်ခံသွားမည်ဖြစ်သည်။ ခြောက်လကျော်လွန် သည့်မှတ်ပုံတင်များကို ပယ်ဖျက်သွားမည

Monday, 6 Feb 2017

       မော်တော်ယာဉ်အရောင်းစင်တာနှင့် အရောင်းပြခန်းများအတွက်  ကတ် များခွင့်ပြု ထုတ်ပေးရာတွင် ကောက်ခံမည့် မှတ်ပုံတင်ကြေး၊ သက်တမ်းတိုးကြေး၊ ပြင်ဆင်ကြေးနှင့် မိတ္တုမှန်ကြေးများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ  ၁ ရက်မှစ၍ ကောက်ခံသွားမည်ဖြစ်သည်။ ကောက်ခံမည့်နှုန်းထားများမှာ မှတ်ပုံတင်ကြေး  ကျပ်တစ်သိန်း၊ သက်တမ်း တိုးကြေး ကျပ်ငါးသောင်း၊ ပြင်ဆင်ကြေး (တစ်ချက်) ကျပ်တစ်သောင်းနှင့် မိတ္တူမှန် ကြေး ကျပ်သုံးသောင်းဖြစ်ေြ ကာင်း ကုန်သွယ်ရေးဦးစီးဌာန၏  ထုတ်ပြန်ချက်အရ သိရသည်။

 

မယ်သီတာ

Friday, 3 Feb 2017

         နှစ်ဟောင်းမန်ကျည်းမှည့်လက်ကျန်ပြတ်ခဲ့တာ ကြောင့် အသစ်ဝင်ရောက်လာတဲ့ မန်ကျည်းမှည့်အသစ်များ အဆွဲသန်တာကြောင့် ယခုတစ်ပတ် မန်ကျည်းမှည့် အသစ်ဈေးမြောက်လာတာ တွေ့ရပါတယ်။ ဈေးကွက် ဝင် ေ ရာက်မှုနည်းနေသေးတာရယ် နယ်စုံ၊ ဒေသစုံမဟုတ်သေး တာရယ်ကြောင့် အရောင်းအဝယ်သမားများရဲ့ ဝယ်လိုအား များပြီး ကုန်ပစ္စည်းမလုံလောက်သေးတာကြောင့် ဒေသတွင်း ဈေးကွက်မြင့်လာတာဖြစ်ပါတယ်။ ဒေသတွင်း ထွက်ရှိတဲ့ မန်ကျည်းမှည့်သစ်များကို ပွဲရုံ၊ ဒိုင်များသို့ မပို့သေးဘဲ ကိုယ်တိုင်ဈေးကွက်ချရောင်းတာကြောင့် ကြိုက်ဈေးရောင်း နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် မန်ကျည်းမှည့် (လက်ကားဈေး) တစ်ပိဿာလျှင် (အစေ့မပါ) ကျပ် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိဖြစ်ပြီး (အစေ့ပါ)

Thursday, 2 Feb 2017

        ကမ္ဘာ့နိုင်ငံအသီးသီးရှိ အရောင်းဆိုင်ပေါင်း သန်း ၄၀ ကျော်နှင့်မြန်မာ နိုင်ငံရှိ အရောင်းဆိုင်ပေါင်း ၇၀၀၀ ကျော်တို့တွင် ကမ္ဘောဇမှ အသစ်ထုတ် လုပ်လိုက်သည့် KBZ Visa Credit Card ကို သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကေ မ္ဘာဇ ဘဏ်က တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဇဘဏ်လီမိတက်သည် Visa နှင့်ပူးပေါင်း၍  အကြေးွဝယ်ကတ် ကို ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါအကြွေးဝယ်ကတ်တွင် Classic Card နှင့် Platinum ဟူ ၍ နှစ်မျိုးထုတ် လုပ်ထားပြီး  ကတ်နှစ်မျိုးစလုံးအား Visa ၏ဆန်းသစ်သော PayWave နည်းပညာဖြင့် ချိတ်ဆက်လုပ်ဆောင် သွားမည်ဖြစ်သည်။

Wednesday, 1 Feb 2017

           ဇန်နဝါရီ ၁၅ ရက်မှ ၂၁ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၄၁၇၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၅၀၀၄ ဒသမ ၇၅တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဗီယက်နမ်နိုင်ငံမှ ၄ဒသမ ၇၅ တန်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀၀၀ နဲ့ထိုင်းနိုင်ငံမှ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၇၀၀၀  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။   ယခင်သီတင်းပတ်   တင်သွင်းတန်ချိန် ၈၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၆၇၀၀ကျော် တင်သွင်းမှုပိုခဲ့ တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

Pages