Background
Pacific-AA Motor Ltd.
မြန်မာနိုင်ငံမှာ အရင့်အရင် အစိုးရလက်ထက်တွေက ကားတင်သွင်းခွင့်တွေကို ပိတ်ပင်ထားခဲ့ရာကနေ တပ်မတော်အစိုးရလက်ထက်ကနေ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူခဲ့တဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်သူတိုင်းကားစီးနိုင်ရေးဆိုတဲ့ မူဝါဒကိုလက်ကိုင်ထားပြီး ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့ရာမှာ၂၀၁၁ ခုနှစ် စက်တင်ဘာလ၁၁ ရက်မှာ နှစ်ပေါင်း ၄၀ သက်တမ်းရှိတဲ့ ယာဉ် အိုယာဉ်ဟောင်းတွေကို ပြန်လည်အပ်နှံပြီး နိုင်ငံခြားကနေ ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ပေးခဲ့ပါတယ်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ စနစ်အရယာဉ်တင်သွင်းခွင့်ပြုရာမှာ ကားဟောင်းအပ်စလစ်နဲ့တင်သွင်း ခွင့် ပြုခဲ့တာ ပဲဖြစ်ပ
ယခုတစ်ပတ်တောင်ကြီးဈေးကွက်ထဲသို့ ပတ်ဝန်းကျင် ဒေသများမှ ပြောင်းများအဝင်ပိုခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်ပိဿာကို ၁၀ကျပ်ကျပြီး ကျပ် ၂၉၀ (တစ်တန် ၁၇၇၅၉၃ ကျပ်) နဲ့ အရောင်းဈေးကွက်ဖွင့်ခဲ့ပါတ ယ်။ ဈေးကွက်ထဲမှ ပြောင်းများကို ရန်ကုန်၊ မန္တလေးအပြင် မော်လမြိုင်အထိပါ တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်ထက်ပိဿာချိန် ၆၀၀၀၀ ပိုပြီး ပိဿာ ၃၉၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၇၂၅၁၃၁၀ တန်ဖိုးရှိ မြေသြဇာ တန်ချိန် ၂၇၇၆၉ ဒသမ ၄၈၂ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ဂျပန်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ မြေသြဇာများတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ပိုတက်၊ ရွှေန ဂါး၊ နိုက်တြိုဂျင်၊ အမိုးနီးယမ်း ဆာလဖိတ်၊ ပိုတက်ဆီယက် ဖော့စဖိတ်၊ ဖလော်ရာ၊ ရွှေမြေသီး၊ ကွန်ပေါင်း၊ သြဂဲနစ် စတဲ့ မြေသြဇာတံဆိပ်များ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အေ
နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ၃ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် ၁၅၀၄၀ တန် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၂၃၀ ကျော် နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၈၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၅၁၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၈၄၃၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၆၀၈၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ဒသမ ၄၈သိန်း အထိ တင်သွင်းခဲ့ရပါတယ်။ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအေဂျင်စီတွေ ဘက်က ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၂၇၄၈၄၇၃ အထိ တင်သွင်းခဲ့ရတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ကတော့ ပဲမျိုးစုံ တန်ချိန် ၅၇ဒသမ ၉၇ သိန်း အထိ တင်သွင်းခဲ့ရတယ်လို့ အစားအသောက်နှင့် စားသုံးသူ ရေးရာ ပြည်နယ် ဝန်ကြီး CR Chaudharyu က ထုတ်ပြန်တဲ့စာရင်း ဇယားများအရ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးအဟောင်း ဈေးကွက်မှာ သြဂုတ်နှင့်စက်တင်ဘာတို့တွင် အရောင်းအဝယ် အေးလျက်ရှိရာမှ အောက်တိုဘာ တတိယပတ်မှစတင်၍ ဧည့်မထမိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရာက် လာခဲ့ရာပုသိမ် ဈေးကွက်မှာ ၄၆ပေါင်တင်း ၁၀၀ ကို ကျပ် ၃၅၀၀၀၀ ဝန်းကျင် ဈေးနှင့် သီတင်းနှစ်ပတ်လောက်သာ အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။မိုးလေဝသကင်းလွတ်၍ မြို့နယ်စုံ ရိတ်သိမ်းချိန်စပါး အထွက်လှိုင်လာသော နို ဝင်ဘာလဆန်းရောက်မှသာကောက် စောစပါးများ အရောင်းအဝယ် သွက်ခဲ့ပါတယ်။ စပါးသစ် ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်ဈေးကွက်တွင် နိုဝင်ဘာက လေး သိန်းဝန်းကျင်ဈေးမှ ယခုလက်ရှိ ကျပ်၄၈၈၀၀၀ဈေး၊ ကျုံပျော် မြို့နယ် မှနိုဝင်ဘာလက ကျပ် ၃၈၀၀၀၀ မှ ယခု ကျပ်
ယခုတစ်ပတ်အတွင်း အစုရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက် လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းကငြိမ်သက်ခဲ့သည့် ပြည်တွင်း အစုရှယ်ယာေ ဈးများ သည် ယခုတစ်ပတ်တွင်လည်း အတက်အကျ မဆို သလောက်သာရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းနေသော်လည်း ပြည်တွင်း ေ ငွလဲနှုန်းများ မြင့်တက်နေ သဖြင့် ပြည်တွင်းရွှေဈေးနှုန်းများ အတက်အကျ အနည်းငယ်သာရှိနေခြင်းဖြစ်သည် ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။
ဒီဇင်ဘာလဆန်းရက်မှာ ပြည်ဈေးကွက်သို့ ဘိုကိတ် ပဲသစ်များ ပန်းတောင်း၊ ကံမမြို့နယ်များမှ အဝင်ဆက်ရှိခဲ့လို့ တစ်ရက်အိတ် ၅၀ ဝန်းကျင် ဝင်ရောက်ခဲ့ပြီး ဝယ်လက်အနေ ဖြင့် ရန်ကုန်-ပြည် ရထားလမ်းတစ်လျှောက် မြို့နယ်အချို့မှ ဝယ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်လီရော လက်ကားပါ အရောင်းအဝယ် ဖြစ်နေပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၂၅၀၀၀ ဖြင့် ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဘိုကိတ် ပဲသစ်ဈေးဟာ တစ်တင်းကျပ် သုံးသောင်း ကျော် ရရှိခဲ့လို့ ဈေးကောင်းခဲ့သော်လည်း ယခုနှစ်မှာတော့ ယခင်နှစ်ပဲသစ်ဈေးကို မမီဘဲ ဈေးလျော့နေခဲ့ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း