ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ယခင်နှစ်မိုးစပါး ဧရာဝတီပေါ်ဆန်း ၁၀၅ ပေါင်၊ တင်း ၁၀၀ ကို ပေါ်စက ကျပ်     ၈၄၀၀၀၀ ၊ ကျပ် ၈၅၀၀၀၀ ဈေးနှုန်းရှိပြီး၊     ယခု ကျပ် ၁၀၀၀၀၀၀ ပတ်ဝန်းကျင်ဈေးနှုန်းဖြင့်    ဆန်တစ်အိတ် လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု  ၃၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀၀ ကို စပါးပေါ်ချိန် ကျပ် ၇၄၀၀၀၀ ၊ ကျပ်၇၅၀၀၀၀ ဈေးတွင် ဆန် တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု ပေါ်ဆန်းရင်စပါးဈေးမှာ   ကျပ် ၉၂၀၀၀၀ သို့ ဈေးမြင့်သွားပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ဈေးနှုန်းဖြစ်သွားကြောင်း၊ ပေါ်

           ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) သို့ အဇာဘိုင်ဂျန် ဝင်ရောက် နိုင်ရေးလုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးကို ထပ်မံကျင်းပဖို့ အဇာဘိုင် ဂျန်နိုင်ငံက ပြင်ဆင်လျက်ရှိကြောင်း အဇာဘိုင်ဂျန်သတင်းစဉ်မှာ ဖော်ပြပါတယ်။ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အတွင်း ဂျနီဗာမြို့မှာ ကျင်းပမှာဖြစ်ကြောင်း အဇာဘိုင်ဂျန်  ဒုတိယဝန်ကြီး မာမွတ် မမ်မာဂူလီယက်က ပြောပါတယ်။ လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးအပြင် ဂျနီဗာမြို့မှာ လယ်ယာလုပ်ငန်းဆိုင်ရာ ပြည်တွင်းထောက်ပံ့မှုအတွက် နိုင်ငံစုံ စေ့စပ်ညှိနှိုင်းမှုများနဲ့ ကုန်စည်နဲ့ဝန် ဆောင်မှုဆိုင်ရာ နှစ်နိုင်ငံအပြန်အလှ

      တရုတ်ဗဟိုဘဏ်က လက်အောက်ခံဘဏ်များမှ ယွမ်ဘီလီယံ ၁၇၀ (အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ) ဖိုးရှိ  အာမခံစာချုပ်စာတမ်းများကို ဝယ်ယူဖို့သဘောတူခဲ့ကြောင်း ရှင်ဝှာသတင်းအေဂျင်စီက ဖော်ပြပါတယ်။ အဆိုပါ ဝယ်ယူမှုအစီအစဉ်ကို Reverse Repurchase Agreement (Repo) ဟုခေါ်ဆိုပြီး ဒီစာချုပ်စာတမ်းတွေကို   ဗဟိုဘဏ်က သူ့ရဲ့လက် အောက်ခံဘဏ်တွေကို ပြန်လည်ရောင်းချမှာ ဖြစ်ပါတယ်။ Repo သဘော တူညီချက်အရ သတ်မှတ်တဲ့  အတိုးနှုန်းက ၂ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ပါ တယ်။ ဇွန် ၁၇ ရက်ကလည်း တရုတ်ဗဟိုဘဏ်က ယွမ်ဘီလီယံ ၄၀ ဖိုးဝယ်ယူ ခဲ့ပြီး သတ်မှတ်အတိုးနှုန်းက ၂ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

          ဒေလီမှအစပြုပြီး တိုကျိုအထိ အာရှ တစ်လွှားတည်ရှိနေတဲ့ စီးပွားရေးလုပ်ငန်း များက ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကြောင့် ဖြစ်ပေါ်လာမယ့်ဂယက် ကို ဝေဖန်သုံးသပ်လျက်ရှိပါတယ်။ စီးပွားရေးလုပ် ငန်းများက ဗြိတိန်နိုင်ငံ မှာ လောလောဆယ် နောက်ထပ်ရင်းနှီးမြှုပ်နံှ တော့မှာ မဟုတ်ကြောင်းနဲ့  ဗြိတိန်နိုင်ငံမှာရှိတဲ့  သူတို့ရဲ့ အနာဂတ်မှာလည်း  မရေရာသေး ကြောင်း ဂလိုဘယ်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။ ဂျပန်နဲ့ တောင် ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေက မဲခွဲဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့်ဂယက်ကို လေ့လာသုံးသပ်လျက်ရှိသလို ဗြိတိန်မှာရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိ

          ယခုတစ်ပတ်အတွင်း အစုရှယ်ယာ ဈေးများသည် မတည်မငြိမ်ဖြစ် လျက်ရှိကာ ဈေးအတက်အကျများဖြင့် ဈေးကစားလျက်ရှိကြောင်း သိရသည်။ MTSHရှယ်ယာများသာမကFMI ရှယ်ယာများပါ ဈေးအတက်အကျ များရှိနေ ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်များပါးနေခဲ့ကြောင်း သိရသည်။ ယခုဇွန်လဆန်းပိုင်းက YSX က ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စတော့ရှယ်ယာဈေးကစားမှုများ နည်းပါးသွားသဖြင့် အတက်အကျ ရှိနေ သော်လည်း နည်းပါးခဲ့ကြောင်း သိရသည်။

        တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့၌ ၂၀၁၆ ခုနှစ်၊  စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ (၁၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (13th CAEXPO) ကို  ကျင်းပမည်ဖြစ်ရ  မြန်မာနိုင်ငံ မှ ပါဝင်ပြသနိုင်ရန်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဖိတ် ကြားလာပါသည်။  မြန်မာနိုင်ငံအနေနှင့် ၂၀၀၄ ခုနှစ်မှ  စတင်၍ ယင်းပြပွဲသို့  နှစ်စဉ်ပါဝင်ပြသခဲ့ရာ ၂၀၁၂ ခုနှစ်၊ (၉) ကြိမ်မြောက်တရုတ်-အာဆီ ယံ ကုန်စည်ပြပွဲတွင် (Country  Of  Honor) ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် အောင်မြင်စွာ ပြသနိုင်ခဲ့ပြီး  ဆုတံဆ

       မန္တလေးမြို့ (မြန်မာနိုင်ငံ သကြား၊ သကာရည်လုပ်ငန်းရှင်များ ကထိန်တော် အသင်း) သကြား  ကုန်စည်ဒိုင်မှာ အနယ်နယ်အရပ်ရပ်မှ သကြားကုန်သည်၊ စက်ပိုင်များ၊ ပွဲစားများနှင့်သကြားနှင့် ပတ်သက်သော  လုပ်ငန်းရှင် များ နေ့စဉ်(ဥပုသ်နေ့မှ အပ) သကြားနဲ့ သကာရည်များလာရောက်ပြီး အရောင်းအဝယ်ပြုလုပ်ကြောင်း သိရပါတယ်။

           ၂၀၁၆ ခုနှစ်၊ ဇွန် ၂၃ ရက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏  တတိယအကြိမ် လုပ်ငန်းကော်မတီ အစည်း အဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  

        ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ အိန္ဒိယမှ ဝယ်လိုအား အတက်အကျပေါ်မူတည်ပြီး ပြည်ပတင်ပို့မှုအများဆုံးပဲများဖြစ် တဲ့ မတ်ပဲ၊ ပဲစင်းငုံနီတို့မှာ ဈေးနှုန်းအတက်အကျပြောင်းလဲမှုရှိခဲ့ပါ တယ်။ ယခင်တစ်ပတ်က မတ်ပဲ FAQတစ်တန်ကို ၁၈၃၂၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၂၆၀၀၀ ကျပ်၊ မတ်ပဲ3Q တစ်တန်ကို ယခင်တစ်ပတ်က ၁၈၉၀၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၇၆၀၀၀ ကျပ်နဲ့  ဈေးအနည်းငယ်ကျခဲ့ကြောင်း သိရပါတယ်။ အလားတူ ပဲစင်း ငုံနီကလည်း ယခင်တစ်ပတ်က တစ်တန်ကို ၁၅၅၅၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၅၀၇၀၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျခဲ့ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။

         ဇွန်လ တတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေး ကွက်မှာ မြေပဲဆန် ဈေးအနည်းငယ် အေးသွားပြီး၊ နှမ်းဈေး ကွက်မှာတော့ နှမ်းညိုနဲ့  နှမ်းဖြူဈေးအေးခဲ့ပေမယ့် နှမ်းနက် အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ် မြေပဲဆန်ဈေးကွက်မှာ  တရုတ်အဝယ် ပါးသွားလို့ ဈေးအေးသွားခဲ့ရာ မြေပဲဆန်နီ တစ်ပိဿာ ကျပ် ၂၇၅၀-၂၈၀၀၊ မြေပဲဆန်ဖြူ တစ်ပိဿာ ကျပ် ၂၇၀၀ - ၂၇၅၀ နဲ့ မြေပဲ(ဆီဆန်) တစ်ပိဿာ ကျပ် ၂၁၀၀ - ၂၂၅၀ အသီးသီး ကျေ ဈးဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းဝယ်လက်ပုံမှန်ရှိလို့ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာတော့ နှမ်းဖြူက တစ်တင်း က