ဒေသတွင်း အသားတိုးကြက် (Boiler) မွေးမြူခြင်းဖြင့် အကျိုးအမြတ်ရရှိ
သာယာဝတီခရိုင်နှင့် ပြည်ခရိုင် မြို့နယ်များတွင် အသားတိုးကြက် (Boiler) မွေးမြူ ထုတ်လုပ်မှုများ ၂၀၁၄ ခုနှစ်မှစ၍ များပြားလာကြောင်း သိရှိ ရပါသည်။ မွေးမြူထုတ်လုပ်မှု အရေအတွက် မှာ ပြည်ခရိုင်အတွင်း မြို့နယ် များဖြစ် သည့် ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့ နယ်များတွင် တစ်မြို့နယ်ခြင်းအနေ ဖြင့် ကြက် ၄၅ ရက် တစ်သုတ်လျှင် အကောင်ရေ ၄၀၀၀၀ မှ ၅၀၀၀၀ ခန့် အထိ မွေးမြူလာကြောင်း သိရှိရပြီး၊ ဈေးကွက်အနေဖြင့် မြို့နယ်တွင်းနှင့် ပြည်- ရန်ကုန်တို့သို့ တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။










