Main menu

Background

စီးပွားရေးသတင်း

မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းနက်တစ်မျိုးသာ ဈေးမာ

Wed, 08/31/2016 - 14:56 -- journal_editor

       မုံရွာကုန်စည်ဒိုင် သြဂုတ်လ လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ် ဝယ်လိုအားရှိတဲ့ နှမ်းနက်တစ်မျိုးသာ ဈေးမာခဲ့သလို အရောင်းအဝယ်လည်းသွက် ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံဈေးကွ က်မှာ နှမ်းဖြူ တစ် တင်း ကျပ် ၃၀၀၀၀ မှ ၃၁၀၀၀ အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက် အိတ် ၁၀၀ ခန့် နှမ်းညို (သစ်) ဟာ တစ်တင်း ၂၃၅၀၀ မှ ၂၄၃၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၁၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် နှမ်းနက်ကတော့ တရုတ် ဝယ်လက်ရှိလို့ တစ်တင်းကျပ် ၅၀၀၀၀ ဝန်းကျင်မှာ ဈေးမာခဲ့သလို  တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

ခရီးသွားလုပ်ငန်းကဏ္ဍ စာရင်းအင်းစနစ် ပိုမိုတိုးတက်လာစေရေးအတွက်System of Tourism Statistics အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Wed, 08/31/2016 - 14:46 -- journal_editor

         အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ဝန်ဆောင်မှုကဏ္ဍတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ ဖြိုးတိုးတက် လာစေရေးအတွက် နယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင် ရေး ဗဟိုဌာနမှ Netherlands Trust Fund NTF III ၏ ရန်ပုံငွေ အထောက် အပံ့နှင့် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာန ( Inclusive Tourism Focusing  on Kayah State )၏ နည်းပညာအကူအညီဖြင့် ကယားပြည်နယ်တွငf Inclusive Tourism Focusing  on Kayah State စီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်လျက်ရှိပါသည်။

ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေတိုးမြှင့်ရေး စီမံကိန်းအတွက် လျှောက်ထားနိုင်ရေး အစည်းအဝေးကျင်းပ

Wed, 08/31/2016 - 14:33 -- journal_editor

        အမျိုးသားပို့ကုန် မဟာဗျူဟာရှိ ဦးစားပေး ကဏ္ဍများတွင် ပါဝင်သော ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံကဏ္ဍ အရည်အသွေး စီမံခန့်ခွဲခြင်း ကဏ္ဍတို့နှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေ တိုး မြင့် လာစေရေးအတွက် အစားအစာ လုံခြုံစိတ်ချရမှု တိုးတက်ရေးနှင့် အပင် ပိုးမွှား ရောဂါကင်းရှင်းရေး အစီအမံ များဆိုင်ရာ စီမံကိန်းကို ကမ္ဘာ့ကုန်သွယ် ရေး အဖွဲ့အစည်း၊ စံချိန်စံညွှန်းနှင့် ကုန် သွယ်မှု ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ နည်းပညာ အကူအညီပေး အကောင် အထည်ဖော်လျက် ရှိပါသည်။

စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံသားများဘဏ် စတင်စာရင်းဝင်သည့်နေ့မှာပင် ကျပ် ၁၀၀၀ ဈေးတက်

Wed, 08/31/2016 - 13:45 -- journal_editor

       ယခုတစ်ပတ်တွင် မြန်မာနိုင်ငံသား များဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်သည့်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီး စတင်စာရင်းဝင်သည့်နေ့မှာပင် အရောင်းအဝယ်များဖြစ်ခဲ့ကာ ကျပ်တစ်ထောင် ဈေးမြင့်တက် ခဲ့ကြောင်း အစုရှယ်ယာဈေးကွက်မှ သိရသည်။ မြန်မာနိုင်ငံသားများဘဏ်၏ အစုရှယ်ယာ ဈေးနှုန်း သည် အခြေခံစံထား ဈေးနှုန်းမှာ ကျပ် ၆၈၀၀ ဖြစ်ရာ သြဂုတ် ၂၆ ရက် စတင် ရောင်းဝယ်သည့်နေ့မှာပင် ကျပ် ၇၈၀၀ ဖြင့် အေ ရာင်းအဝယ်ဖြစ်ခဲ့သည်။

ပြည်တွင်းရွှေဈေးများ အနည်းငယ် ပြန်လည်ကျဆင်း

Wed, 08/31/2016 - 13:39 -- journal_editor

      ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက  ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများသည်ယခုတစ်ပတ်တွင်  အနည်းငယ်ကျဆင်းခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ဈေးကွက်အတွင်း ၌  ရွှေဈေးများ မြင့်တ က်နေမှုကြောင့် အရောင်းရော အဝယ်ပါ လုံးဝမရှိခဲ့ကြောင်း၊ ယခင်က ငွေလဲနှုန်းမြင့်တက်လျှင် ပြည်တွင်း၌ ရွှေ ဈေးများကျဆင်းလေ့ရှိသော်လည်း ယခုအခါတွင် ငွေလဲနှုန်းများမြင့်တက် မှုကြောင့် ရွှေဈေးများလည်း လိုက်ပါမြင့် တက်နေကြောင်း၊ ထို့ပြင် ယခင်က ပြည်တွင်း ရွှေ ဈေးများသည် ကမ္ဘာ့ရွှေဈေးနှင့်ယှဉ်ပါက အမြဲလိုလို ကွာဟနေကြောင်း၊ ယခုအခါ တွင်မူ ပြည်တွင်း ရွှေဈေးများနှင့်ကမ္ဘာ့ရွှေဈေးများသည် တူညီလုနီးပါး ရှိနေ သည်ကို တွေ့ရှိ

နနွင်းတင်ပို့အားကောင်း

Wed, 08/31/2016 - 13:36 -- journal_editor

         ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ် ၁၄ ရက်မှ ၂၀ ရက် သီတင်း ပတ်အတွင်း နနွင်း၂၉၃ ဒသမ ၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှား သို့ ၁၈၅ တန်နဲ့ စင်ကာပူသို့ ၁၀၈ ဒသမ ၈ တန်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နနွင်းတင်ပို့တန်ချိန်မှာ တန်ချိန် ၁၈၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၁၁၀ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မှာ မလေးရှားသို့ နနွင်းအများ ဆုံး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ၂၀၂၆၉၁ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း

ပခုက္ကူ ကြက်သွန်နီဈေးကွက်အတွင်း ဈေးမှန်အရောင်းမှန်

Wed, 08/31/2016 - 13:28 -- journal_editor

      ပခုက္ကူဈေးကွက်အတွင်းသို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းက မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ  စတင်ဝင်ရောက်ခဲ့ပြီး  တစ်ပိဿာလျှင် အမြင့် ဈေး ကျပ်၂၅၀၀၊ အနိမ့်ဈေး ကျပ် ၁၄၀၀ ဈေးဖြင့် ဈေးကောင်းရရှိခဲ့ပြီး၊ ကြက်သွန်နီစိုက် တောင်သူများမှာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြသည်။ သို့သော် ဆောင်းစိုက်(ပင်စိုက်) များကို ပိုမို စိုက်ပျိုး၍ ဖြစ်ထွန်းအောင်မြင်ခဲ့ သော်လည်း ကြက်သွန်နီစိုက်တောင်သူများ မျှော်မှန်းသလို  ဈေးကောင်း မရဘဲ ေ ဆာင်းစိုက် (ပင်စိုက်)များ ပေါ်ချိန်တွင် တစ်ပိဿာလျှင် အမြင့် ကျပ် ၆၀၀၊ အနိမ့် ကျပ် ၅၀၀ ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေးနှုန်းကျဆင်းလာခဲ့သည်။

ပြည်တွင်းငွေလဲနှုန်းများ ကျပ် ၁၃၀၀ နီးပါးသို့ ရောက်ရှိပြီး ပြန်လည်ကျဆင်း

Wed, 08/31/2016 - 09:42 -- journal_editor

  ယခုတစ်ပတ်တွင် ပြည်တွင်း ငွေ လဲနှုန်းများသည် ကျပ် ၁၃၀၀ နီးပါး အထိ မြင့်တက်ခဲ့ပြီးမှ ကျပ် ၁၂၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်းဈေးကွက်အတွင်းမှ သိရှိရသည်။သြဂုတ် ၂၃ ရက်တွင်  အတက် ပြလာခဲ့သည့် ငွေ လဲနှုန်းများသည် သြဂုတ်လ ၂၄ ရက်တစ်ရက်တည်းမှာပင် အမြင့်ဆုံး ၁၂၂၈ ကျပ်သို့ ရောက်ရှိခဲ့ သည်။ သို့သော် ထိုနေ့ညနေပိုင်းတွင် ၁၂၁၁ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ သည်။ နောက်ရက်များတွင် ဆက်လက် ကျဆင်းခဲ့ပြီး ရက်သတ္တတစ်ပတ်၏ဈေး ပိတ်ရက်ဖြစ်သည့်သောကြာနေ့တွင် ၁၂၀၈ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

သြဂုတ်လ လလယ်မှစ၍ ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဆက်လက် ဈေးလျော့နေပြီး ပဲတီစိမ်းဈေးသာ ပြန်လှုပ်လာခဲ့

Wed, 08/31/2016 - 09:36 -- journal_editor

           ပဲခူးတိုင်းဒေသကြီး  ပြည်ပဲမျိုးစုံ  ဈေးကွက်အတွင်း သြဂုတ်လ  တတိယပတ်မှစ၍  ပြည်ပဝယ်လက် ပဲအားလုံး ဈေးဆက်လက် ကျဆင်းနေသလို ပြည်တွင်းဝယ်လက် ပဲအချို့ လည်း ဈေးလျော့နည်းနေခဲ့တာကိုတွေ့ရပြီး ပဲတီစိမ်းသီးနှံသာ ယခုတစ်ပတ်ဈေး အနည်းငယ် ပိုလာတယ်လို့ သိရပါတယ်။ ပဲတီစိမ်းသစ်များမှာ သြဂုတ်လဆန်းမှစ၍  ပေါင်းတလည်၊ ပေါက်ခေါင်းဘက်မှ ဝင်ရောက်ခဲ့ပြီး မန္တလေး ဝယ်လက်သမား များက ဝင်လာသမျှ ပဲတီ စိမ်းသစ်များအား ဝယ်ယူလျက် ရှိပါ တယ်။

ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက် တင်ပို့

Wed, 08/31/2016 - 09:28 -- journal_editor

          မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးဇုန်မှ သြဂုတ် တတိယပတ်တွင် အမေရိကန် ဒေါ်လာ ၁၇၉၀၃ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၃တန်ခွဲ တင်ပို့ ခဲ့လို့ မြန် မာ နိုင်ငံမှထွက်ရှိတဲ့ လက်ဖက်ခြောက်တွေကို ထိုင်းနိုင်ငံသို့ ပုံမှန်တင်ပို့နေတာကို တွေ့ရပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း