Main menu

Background

စီးပွားရေးသတင်း

ပြည်ထောပတ်ပဲ နေ့စဉ်အရောင်းအဝယ် ဖြစ်ပေမယ့် အနည်းငယ်သာရောင်းချခဲ့ရ

Mon, 09/26/2016 - 12:25 -- journal_editor

   ပြည်ပဲဈေးကွက်အတွင်း လက်လီ၊ လက်ကား အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများသာ လက်ကားအဝယ် ရှိပေမယ့် ထောပ တ်ပဲ၊ ပဲနီပြား၊ စားတော်ပဲ၊  ပဲပုပ်၊ ဘိုကိတ် စသည့်ပဲများကတော့ ယခုလိုကာလများတွင် လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့ကာ နေ့စဉ်ရောင်းဝယ် မှုရှိပေမယ့် အိတ်အနည်း ငယ်သာ ေ ရာင်းချခဲ့ရပါတယ်။

ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့

Mon, 09/26/2016 - 12:19 -- journal_editor

    မြန်မာ - တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၀ရက်မှ ၁၆ရက် ကာလအတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၂၆ သန်းဖိုးရှိ ဆန်တန်ချိန် ၈၅၄၉ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် ၄၀၇၂တန်၊ ဧည့်မထဆန် တန်၅၀ဝ၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန် ဆန် ၁၁၂တန်ကျော်နဲ့ လွ ယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၈၆၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် မြန်မာ့ဆန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၆၅၈တန် လျော့နည်းခဲ့ ကြောင်း သိရှိရပါတယ်။ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၁ သန်းဖိုးရှိ ဆန်ကွဲ ၁၅၀၉ တန်ခန့်ကို မူဆယ်မှ ၁၁၇၈တန်နဲ့ လွယ်ဂျယ်မှ ၃၃၁ တန်စီ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင

ပြည်သစ်သီးဝလံ ဈေးကွက်သို့ သြဇာသီးများ စတင်ဝင်ရောက်လာ

Fri, 09/23/2016 - 13:22 -- journal_editor

ပြည်သစ်သီးဝလံ ဈေးကွက်သို့ ပြည်ဒေသထွက် သြဇာသီးများ စတင်ဝင်ရောက်လာတာ တွေ့ရပါတယ်။ ပေါ်ဦး ပေါ်ဖျား အသီးများဖြစ်၍ ဈေးကောင်းရလျက်ရှိနေပါတယ်။ ပြည်မြို့ဒေသ အနီးတဝိုက်ဖြစ်တဲ့ မှော်ဇာ၊ ဇီးအုပ်၊ ဖိုးဦးတောင်၊ ရွှေဘုံသာ စတဲ့ အနောက်ဘက်ကမ်းဒေသများမှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ဈေးကွက်အတွင်း သြဇာသီး ရာခြင်းဈေးကတော့ (အချော) ၃၅၀ ကျပ်နှင့် (လတ်) ၃၀၀ ကျပ် (သေး) ၂၀၀ ကျပ်တို့ ဖြစ်ပါတယ်။ အသီးလှိုင်လှိုင် မရှိသေးတာကြောင့် ဈေးမြင့်နေသော်လည်း အရောင်းအဝယ်ကတော့ အကုန် ဖြစ်လျက်ရှိနေပါတယ်။ သြဇာသီး ပေါ်စဖြစ်လို့လည်း ဒေသတွင်းဈေးကွက်မှာ ဝင်လာသမျှ  အရောင်းအဝယ်သွက် လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ရက်ပိုင်းအတွင်း အလုံး ၅၀ ဝင်ခြင်း ၅၀ မှ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ တန်းတူအခွင့်အရေးများပေးမည်ဟုဆို

Wed, 09/21/2016 - 14:59 -- journal_editor

       အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ တန်းတူအခွင့်အရေးများ ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်တင် ဘာ  ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နေပြည်တော် MICC-2 ၌ကျင်းပခဲ့သည့် Myanmar Global Investment Forum ၌ ပြောကြားခဲ့သည်။

ပြည်မိုးနှမ်း အဝင်များလာလို့ ဈေးကျလာ

Wed, 09/21/2016 - 14:19 -- journal_editor

      ပြည်ဈေးကွက်တွင် ယခုတစ်ပတ်နှမ်းအဝင်များလာ၍ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းဘက်မှ တစ်ေ န့လျှင် နှမ်းအိတ် ၁၀ဝ၀ ခန့် ဝင်ရောက်လာသဖြင့် ယခင် တစ်ပတ်ထက် စာလျှင် အဝင်များလာခဲ့ကာ ဈေးလည်းအနည်းငယ်ကျလာတာတွေ့ရပါတယ်။

ဒီတစ်ပတ်ဘိလပ်မြေ တန်ချိန်လေးသောင်းနီးပါးဝင်

Wed, 09/21/2016 - 14:16 -- journal_editor

    သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင် ဘာ ၄ ရက်မှ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၂၉၄၂၅၂၇ တန်ဖိုးရှိ  ဘိလပ်မြေ ၃၅၄၈၈ ဒသမ ၆၄၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့  တံဆိပ်များမှာ ထိုင်း နိုင်ငံမှ ထုတ်လုပ်တဲ့ ဆင်၊ စိန်၊ အင်စီး စတဲ့ တံဆိပ်များ ဖြစ်ပါတယ်။ ဒီတစ်ပတ် မှာ ထိုင်းနိုင်ငံထုတ်များသာ တင် သွင်းခဲ့တယ်လို့  သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၁၄၂၀ဝကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင် သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂၁၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

ကမ္ဘာ့ရွှေဈေး ကျဆင်းလာသော်လည်း ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ်သာကျဆင်း

Wed, 09/21/2016 - 14:11 -- journal_editor

         ယခုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေး ကျဆင်းလာသော်လည်း ပြည်တွင်းငွေလဲ နှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေးများ အနည်းငယ်သာ ကျဆင်းခဲ့ေ ကြာင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ က မ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကျဆင်းသွားသည့်အတွက် ဈေးများကျဆင်း လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင်မူ အကျနှေးနေခဲ့ကြောင်း၊ ကမ္ဘာ့ရွှေ ဈေးကျဆင်းလာမှုကြောင့် အမေရိကန်ဒေါ်လာဈေး ထပ်မံမြင့်တက်လာနိုင်ေြ ကာင်း၊ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများမှာ အနည်းငယ်သာ ကျရိပ်ရှိနိုင်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။

ပြည်ကြက်သွန်နီဈေးကျ၍ အဝယ်လိုက်

Wed, 09/21/2016 - 13:57 -- journal_editor

        ပြည်ကြက်သွန်နီပွဲရုံများ၌ ယခုတစ်ပတ် ပွဲရုံ ဈေး ပိဿာ ၃၀ ဝင်တစ်အိတ်လျှင် ပျမ်းမျှ ၂၅၀ဝ ကျပ်ခန့် ဈေးကျသွားပါတယ်။ ပြည်ဒေသတွင်း လက်လီဈေးများတွင်လည်း  တစ် ပိဿာလျှင် အရွယ်အစားအလိုက် ၁၀ဝ ကျပ်နှုန်း ဈေးကျ ဆင်းသွားကြောင်း သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ပွဲရုံများတွင် လက်ကား တစ်ပိဿာလျှင် (ကြီး) ၅၅၀ကျပ်၊ (လတ်) ၅၀ဝကျပ်၊ (သေး) ၄၃၀ကျပ်တို့ ဖြစ်ပြီး လက်လီဈေးအားဖြင့် (ရှယ်သန့်) ၇၅၀ ကျပ်၊ (ကြီး) ၇၀ဝ-၆၅၀ကျပ်၊ (လတ်) ၆၀ဝ ကျပ်၊ (သေး) ၅၅၀-၅၀ဝ ကျပ်တို့နဲ့ ရောင်းဝယ်မှု ရှိနေ ပါတယ်။ စိုက်ပျိုးသူ တောင်သူများအနေနဲ့ ဈေး နှုန်းကျဆင်းမှုကြောင့် အမြတ်ရရှိမှု နည်းပါးပေ မယ့်စားသုံးသူများကတော့ ဈေးကျဆင်းမှုအပေါ် စိတ်ကျေနပ်

မုံရွာကုန်စည်ဒိုင်၏ စက်တင်ဘာလဝက် ပဲဈေးကွက်တွင် ကုလားပဲမျိုးစုံ ဈေးအနည်းငယ်ပြန်တက်

Wed, 09/21/2016 - 13:46 -- journal_editor

        မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ လဝက်ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ပဲတွေ အရောင်းအဝယ်ငြိမ်ဈေးအေးခဲ့သလောက် ဒေသသုံးအဝယ်တောက် လျှောက်သွက်ခဲ့လို့ ကုလားပဲမျိုးစုံ ဈေးအနည်းငယ် ပြန်တက်လာခဲ့တာ တွေ့ ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံး ကြီးမှာ တစ်တင်း ၄၀၅၀ဝ ကျပ်၊ ထိုင် ဝမ်မှာတစ်တင်း ၃၉၅၀ဝ ကျပ်နဲ့ ၉၂၉ မှာ တစ်တင်း ၃၉၀ဝ၀ ကျပ်အထိ ဈေး မြင့်တက်ခဲ့ပြီး၊ ဒေသတွင်း ပဲခွဲစက်လုပ် ငန်းနဲ့ ကြာဆန်လုပ်ငန်းသမားတို့ မရှိ မဖြစ် ကုန်ကြမ်းအဖြစ် ဝယ်လိုအားပုံမှန် ရှိနေကာ တစ်ရက်ကို အိတ် ၇၀ဝ ခန့် အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။

ယခုတစ်ပတ် ဆန်တင်ပို့မှု လျော့ကျ

Wed, 09/21/2016 - 13:35 -- journal_editor

      စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကာလအတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၇ သန်းတန်ဖိုးရှိ ဆန် ၁၀၂၀၇ တန်ကျော် တင်ပို့ခဲ့ရာ မူ ဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၁၇၃ တန် ေ ကျာ်နဲ့ ဧည့်မထဆန် တန် ၁၁၀ဝ၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၀၂ တန်ကျော်၊ လွယ်ဂျယ် ကုန် သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၆၃၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၁၉၁၄ တန် လျော့ နည်းခဲ့ပါ တယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း