ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်လာ
ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေ ဈေးပါ လိုက်ပါမြင့်တက်ခဲ့ရကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁၃၃၅ ဒေါ်လာအထိမြင့် တက်လာ သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၄၁၀၀၀ သို့ မြင့်တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက်ခဲ့သည့် ပြည် တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်ခဲ့ သဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်များပါးလျက်ရှိကြောင်း သိရသည်။