သီလဝါရှယ်ယာဈေးသာမက ရောင်းချရသည့်အရေအတွက်ပါ ဆက်လက်ကျဆင်း၊ အနိမ့်ဆုံးသတ်မှတ်သည့်နှုန်းထားသို့ ရောက်ရှိ
ယခုတစ်ပတ်အတွင်း သီလဝါ ရှယ်ယာဈေးနှုန်းများသာမက ရောင်းချ ရသည့် အရေအတွက်ပါ ကျဆင်းလာခဲ့ ကြောင်း သိရသည်။ ရှယ်ယာအမြတ်ရရှိရန် ရှယ်ယာ များကို အရောင်းအဝယ်လုပ်ရန်သတ် မှတ်ထားသည့် ရက် ကျော်လွန်သွား သဖြင့်MTSH ၏ ရှယ်ယာဈေးနှုန်းများ နှင့် အရောင်းအဝယ်ပါ ကျဆင်းသွားခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။ အဆိုပါ MTSHကုမ္ပဏီ၏ အမြတ်ခွဲဝေရရှိမှုစာရင်းတွင်ပါဝင်နိုင် ရန် ရှယ်ယာ အရောင်းအဝယ် ပြုလုပ် မည့်ရက်ကို ဇူလိုင်၂၇ ရက်ဟု သတ် မှတ်ထားရာ အဆိုပါရက် ကျော်လွန် သွားသည့်အချိန်တွင် ရှယ်ယာဈေး နှုန်းရော၊ အရောင်းအဝယ်ပါ ကျဆင်း သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။










