Main menu

Background

စီးပွားရေးသတင်း

မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးဆက်လက်တက်ရိပ်ပြ

Thu, 07/21/2016 - 12:39 -- journal_editor

ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက် တက်ရိပ်ပြနေပြီး ယခင်တစ်ပတ်က တစ်ပိသာ ၂၃၇၅ ကျပ်ရှိခဲ့ ရာက ယခုတစ်ပတ်မှာ တစ်ပိသာ ၂၃၉၀ကျပ် (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်)နဲ့ဈေးနဲ့အဝယ် ဖွင့်ပြီး  တစ်ပတ် အတွင်း အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ နှမ်းမျိုးစုံ အနေနဲ့ နှမ်းနက် စမုံနဲ့ နှမ်းဖြူဈေးအနည်းငယ် တက်ခဲ့ပြီး နှမ်းနီ ဈေးအနည်းငယ်ကျခဲ့ပါတယ်။ယခုတစ်ပတ်မှာ နှမ်းဖြူဈေး တစ်ပိသာ၂၀၉၀ ကျပ်၊ နှမ်းနီ တစ်ပိသာ၁၉၁၀ ကျပ်၊ နှမ်းနက် စမုံ တစ်ပိသာ ၃၄၂၀ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိခဲ့ပြီး တစ်ပတ် အတွင်း နှမ်းမျိုးစုံ အိတ် ၇၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

မြစ်ကြီးနား ဒညင်းသီးများကို ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့သို့တင်ပို့

Wed, 07/20/2016 - 14:59 -- journal_editor

မြစ်ကြီးနားဒေသမှထွက်ရှိတဲ့ ဒညင်းသီးများကို ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့သို့  တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာ ဒညင်းသီးပွဲရုံများကို ဖွင့်လှစ်လျက်ရှိရာ ရန်ကုန်မှ ပွဲရုံတစ်ရုံ၊ ပဲခူးမှ ပွဲရုံတစ်ရုံ ၊ မန္တလေး မှ ပွဲရုံလေးရုံ လာရောက်ဖွင့်လှစ်ကာ မြစ်ကြီးနားဒညင်းသီးများကို ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။လက်ရှိအချိန်တွင် ဒညင်းသီးအခွံနွှာပြီးစီးမှုအပေါ်  မူတည်၍ ရထားနဲ့သာမက ၁၀ဘီး၊ ၁၂ဘီးကားတို့နဲ့လည်း ရန်ကုန်၊ မန္တလေးရှိ ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ရထားနဲ့တင်ပို့ပါက တစ်ကြိမ်လျှင် ပိသာ ၆၀ ဝင် အိတ် ၅၀ တင်ပို့ရပြီး၊ ကားဖြင့်တင်ပို့ပါက တစ်ကြိမ်လျှင် ပိသာ ၆၀ ဝင်

တရုတ်စားအုန်းဆီကြမ်းဈေးနဲ့ အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီဈေးကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးကျ

Mon, 07/18/2016 - 15:30 -- journal_editor

တရုတ်စားအုန်းဆီကြမ်းဈေးနဲ့   အမေရိကန်ပြည် ထောင်စု  ပဲပုပ်ဆီဈေးကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်း ဆီ ကြိုရောင်းကြိုဝယ်ဈေးမှာလည်း ဇူလိုင် ၁၄ ရက်မှာ ကျ ဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။

ဒေသသုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရာမှ ကယားပြည်နယ်မှ မက်ခါသီးဈေးကွက်ဝင်လာ

Mon, 07/18/2016 - 15:24 -- journal_editor

မက်ခါသီးကို  ကယားပြည်နယ် မှာ ရိုးရာ ဟင်းခတ် အမွှေးအကြိုင် အသုံးပြုခဲ့ရာမှ  ယခုအခါ  ဧည့်သည် များက  အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူကြရာမှတစ်ဆင့်  ဈေးကွက် ဝင်ပစ္စည်းတစ်ခု    ဖြစ်လာတာ ကို တွေ့ရပါတယ်။ရှေးယခင်ကတည်းက  ကယား လူမျိုးတို့ရဲ့  ရိုးရာဟင်းလျာတွေထဲမှာ  မက်ခါသီးဟာ  မပါမဖြစ်  အသုံးပြု လျက်ရှိနေပါတယ်။  မက်ခါသီးလို့ ဆို လိုက်တာနဲ့  ကယားလူမျိုးတို့ရဲ့ ရိုးရာ အမှတ်  တံဆိပ်တစ်ခု

ဆက်သွယ်ရေးလောကတွင် အရေးပါလာမည့် Myanmar Connect 2016 ဖိုရမ်ကို စက်တင်ဘာလအတွင်း ကျင်းပမည်

Fri, 07/15/2016 - 15:35 -- journal_editor

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လောကတွင် အရေးအပါဆုံးသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာမည့်Myanmar Connect 2016 ဖိုရမ်ကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း ယူရိုငွေကြေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကြီး၏ဌာနခွဲ တစ်ခုဖြစ်သည့် Capacity Media  ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။Capacity Media  သည် အဆို ပါ Myanmar Connect 2016 ဖိုရမ်ကို စက် တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ပြီး ယင်းဖိုရမ်သည် စတုတ္ထ အကြိမ် မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ်တွင်FMI ကုမ္ပဏီ ဝင်ငွေကျပ် ဘီလီယံ ၁၁၀ ကျော်ရရှိ

Fri, 07/15/2016 - 15:33 -- journal_editor

ယခုဘဏ္ဍာရေးနှစ်တွင်FMI ကုမ္ပဏီသည် ဝင်ငွေ ကျပ် ဘီလီယံ ၁၁၀ ကျော်ရရှိခဲ့ကြောင်းFMI  ကုမ္ပဏီ ၏သတင်းထုတ်ပြန်ချက်များအရ သိရ သည်။FMI ကုမ္ပဏီသည် ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေးကဏ္ဍနှင့်ကျန်းမာ ရေး  ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံလျက်ရှိရာယင်းကဏ္ဍကြီးသုံးခု အနက် ဘဏ္ဍာရေးဝနဆောင်မှုကဏ္ဍတစ်ရပ် ဖြစ်သည့် ရိုးမဘဏ်နှင့် ကျန်းမာ ရေး ဝန်ဆောင်မှုကဏ္ဍတစ် ရပ်ဖြစ်သ ည့် ပန်းလှိုင်စီလုံဆေးရုံတို့မှ ခိုင်မာသော ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နနွင်းတန်ချိန် ၅၀၀ ကျော် တင်ပို့

Fri, 07/15/2016 - 14:14 -- journal_editor

ဇွန် ၂၆ ရက်မှ  ဇူလိုင်၂ ရက်သီတင်းပတ်အတွင်း နနွင်း ၅၃၁ ဒသမ ၄၅၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ် ဘင်္ဂလားဒေရှ့်သို့ ၅၆ တန်၊ ဂျပန်သို့  ၁၈ တန်၊ မလေးရှားသို့ ၃၉၂ဒသမ ၄၅၇ တန်နဲ့  စင်ကာပူသို့ ၆၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတန်ချိန် ၄၃၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၉၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၅၀၅၀၇၀ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလအတွင်း နနွင်းတင်ပို့မှု တန်ချိန်မှာ ၆၅၅ တန်ကျော်ရှိခဲ့ပြီး ဇွန်လမှာ တန်ချိန်၁၃၁၀ ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် မတ်ပဲဈေးကွက် ယခင်နှစ်ထက်ဈေးကောင်းရ၍ လက်ရှိမှာလည်း ဈေးကွက်ခိုင်မာ လျက်ရှိ

Fri, 07/15/2016 - 13:43 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  ပြည်ပပို့ကုန်သီးနှံဖြစ်တဲ့  မတ်ပဲသီးနှံရဲ့ ယခုနှစ် ဈေးနှုန်းမှာ ယခင်နှစ်က ရရှိတဲ့ဈေးနှုန်းထက် ဈေးကောင်းရရှိနေကာ ဈေးကွက် ခိုင်မာလျက်ရှိကြောင်းသိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ယခုနှစ် တွင်  မတ်ပဲစိုက်ဧက ၁၁၄၇၁၇၄ ဧကစိုက်ပျိုးခဲ့သဖြင့်  ယခင် ၂၀၁၅ ခုနှစ်က ထက် စိုက်ဧက ၁၃၁၁၁ ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ဟင်္သာတခရိုင်မှာ ပဲဈေးကွက်ကြီးမား၍ ပဲကုန်စည်ဒိုင်၊ ပဲပွဲရုံနှင့်ပဲကုန် သည်များ အများအပြားရှိပြီး ပြည်၊ အညာဒေသများနှင့် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဟင်္သာတ ခရိုင်ပတ်ဝန်းကျင်မြို့နယ်များ တွင် ပဲမျိုးစုံကို အဓိက စိုက်ပျိုးလျက်ရှိ

OPPO က ထူးခြားကောင်းမွန်သည့် 4G စနစ်သုံး A37 ဖုန်းကို ကျပ်နှစ်သိန်းကျော်ဖြင့် ရောင်းချပေးလျက်ရှိ

Wed, 07/13/2016 - 15:08 -- journal_editor

OPPO က ထူးခြားကောင်းမွန် သည့် 4G စနစ်သုံး A37  ဖုန်းအမျိုး အစားကို ကျပ် ၂၂၉၀၀၀ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း OPPO ၏သတင်းထုတ်ပြန်ချက်များတွင် ဖော် ပြထားသည်။OPPO သည် အဆိုပါ စမတ်ဖုန်း အမျိုးအစားသစ်တစ်ခုဖြစ်သည့် ဗ၃၇ ဖြင့် မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းဈေးကွက် ကို ဦးဆောင်သွားရန်  ရည်ရွယ်ထား ကြောင်း သိရသည်။
OPPOအဆိုပါစမတ်ဖုန်းA37 အမျိုး အစားသည် ၂၀၁၆ ခုနှစ်အတွင်းမြန်မာ ပြည်ဈေးကွက်နှင့်အထူးသင့်လျော်မှု ရှိ စေမည့်စမတ်ဖုန်းဖြစ်ပြီး ဇူလိုင် ၁ ရက် မှစတင်ကာ ဈေးကွက်အတွင်း စတင် ဖြန်ချိလျက်ရှိကြောင်း သိရသည်။

ပြည်ဈေးကွက်တွင် မိုးမြေပဲအသစ်များ ဝင်ရောက်လာသဖြင့်ဈေးအနည်းငယ်ကျလာ

Wed, 07/13/2016 - 14:55 -- journal_editor

ပြည်ဈေးကွက်သို့  မင်းတုန်း၊ ပုသိမ်နဲ့   ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆန်အိတ်တစ်နေ့လျှင် အိတ်၅၀၀ခန့်သာ အဝင်ရှိပေမယ့် အရောင်း အဝယ် မဖြစ်တာ တွေ့ရပါတယ်။ မိုးမြေပဲအသစ်များ အနည်းငယ် ဝင်ရောက်လာ သဖြင့် မြေပဲဆန်ဈေးလည်း အနည်းငယ်ကျလာတာ တွေ့ ရပါတယ်။
ယခုအချိန်မှာ  ဆီစက်များနဲ့ ဝယ်လက်များက အဝယ်ပျောက် နေသဖြင့် ဈေးမှာ ယခင်တစ်ပတ်ထက်စာလျှင် ဈေးကျနေတာ တွေ့ရပါ တယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိသာလျှင် ၂၀၀၀ ကျပ်၊ လုံးဆန်  တစ် ပိသာလျှင် ၂၂၅၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျ လာတာကို တွေ့ရပါတယ်။ မြေပဲဆီဈေးကတော့ တစ်ပိသာလျှင် ၅၂၀၀ ကျပ်ဖြင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။                          

     ဝေေ၀မင်း

Pages

Subscribe to RSS - စီးပွားရေးသတင်း