မြန်မာနိုင်ငံဈေးကွက်တွင် ဆူဇူကီးမှ Ertiga အမျိုးအစားကားသစ်ကို ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရောင်းချပေးမည်
ဆူဇူကီး မြန်မာမော်တော်ကုမ္ပဏီသည် ၎င်းင်း၏ ကားအမျိုးအစားသစ် တစ်ခုဖြစ်သည့်Ertiga ကို ကျပ် ၂၀၉ သိန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါကားအမျိုးအစားမိတ်ဆက်ပွဲ တွင် ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါ ကားအမျိုးအစားသစ် မိတ်ဆက်ပွဲကို ဆူဇူကီးမြန်မာမော်တော် ကုမ္ပဏီမှ ဇူလိုင်လ ၁၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာ ပလာဇာပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့သည်။










