မုံရွာဆီထွက်သီးနှံဈေးကွက် အရောင်းအဝယ်အေး
မုံရွာကုန်စည်ဒိုင် ဇူလိုင်လတတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ်ဝယ်လက်ပါးလို့ မြေပဲဆန်ဈေး ဆက်လက်အေးခဲ့ရာ မြေပဲလုံး ဆန်(နီ) တစ်ပိဿာ ကျပ် ၂၇၀၀၊ မြေပဲဆန်(ဖြူ) တစ်ပိဿာ ၂၆၂၅ ကျပ်၊ ဆီဆန် တစ်ပိဿာ ကျပ် ၂၀၀၀ ဖြစ်ခဲ့သော်လည်း ယခင်လကထက် တစ်ပိဿာ ကျပ် ၄၀၀ ခန့် လျော့ကျလာခဲ့ကာ အရောင်း အဝယ်ပါ အေးသွားတယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။
တရုတ်ဝယ်လက် ပုံမှန်အဆွဲမရှိဘဲ ဒေသတွင်း ဝယ်လိုအားသာများခဲ့လို့ ဒိုင်မှာ တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မုံရွာဝန်းကျင်ရှိ ဆားလှော်ဖိုတွေက ကုန်သည်နဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမှုတွေ ရှိနိုင် တယ်လို့ သိရပါတယ်။