ကြို့ပင်ကောက်နွေစပါးထက် တောင်တွင်းနွေစပါးကို လူကြိုက်များ
တောင်တွင်းဒေသတို့တွင် နွေစပါးများလှိုင်လှိုင်ထွက် ရှိနေပြီဖြစ်သော်လည်း ကြို့ပင်ကောက် နွေစပါးထက် တောင်တွင်းဒေသမှ ထွက်ရှိသည့် နွေစပါး များကို လူ ကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။ကြို့ပင်ကောက် မှထွက်သော နွေစပါးများမှာ အစို ဓာတ်များခြင်း၊ အကျိုးအကျေများ၍ စပါးအရည်အသွေး ညံ့သဖြင့် အစိုဓာတ် ၂၅ ရာခိုင်နှုန်းရှိသဖြင့် ပေါင် ၅၀ စပါး တင်း ၁၀၀ လျှင် ကျပ် ၄၆၀၀၀၀ ရှိပြီး ဝယ်သူအကြိုက် နည်းကြောင်း သိရသည်။










