မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းနက် အဝယ်သွက်လာ
ဇွန်လ တတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေး ကွက်မှာ မြေပဲဆန် ဈေးအနည်းငယ် အေးသွားပြီး၊ နှမ်းဈေး ကွက်မှာတော့ နှမ်းညိုနဲ့ နှမ်းဖြူဈေးအေးခဲ့ပေမယ့် နှမ်းနက် အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ် မြေပဲဆန်ဈေးကွက်မှာ တရုတ်အဝယ် ပါးသွားလို့ ဈေးအေးသွားခဲ့ရာ မြေပဲဆန်နီ တစ်ပိဿာ ကျပ် ၂၇၅၀-၂၈၀၀၊ မြေပဲဆန်ဖြူ တစ်ပိဿာ ကျပ် ၂၇၀၀ - ၂၇၅၀ နဲ့ မြေပဲ(ဆီဆန်) တစ်ပိဿာ ကျပ် ၂၁၀၀ - ၂၂၅၀ အသီးသီး ကျေ ဈးဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းဝယ်လက်ပုံမှန်ရှိလို့ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာတော့ နှမ်းဖြူက တစ်တင်း ကျပ် ၃၁၀၀၀ အထိသာ အမြင့်ဈေးရခဲ့ပြီး၊ နှမ်းညို(အ သစ်)