ပရဆေးကုန်ကြမ်း အမယ်စုံတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၇၂ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၁၃ တန် ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဆေး မြင်းခွာ၊ မာလာဥ၊ မာလာဥခေါင်း၊ စမုံ နက်၊ တောဂျင်း၊ ဂျင်းခြောက်၊ ဝဥ ခြောက်၊ ဖန်ခါးသီးခြောက်၊ ချဉ်ပေါင် ဖာလာ၊ ကြောင်လျာစေ့၊ နေလဲစေ့၊ မိကျောင်း ကွမ်းဖတ်စေ့၊ နနွင်းခေါင်း၊ ေ တာင်လုံးကျော်၊ ဆီးဆန်၊ ကွမ်းစား ဂမုန်းနဲ့ ဒရင်ကောက်မြစ်တို့ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က ၅၅၆ တန်သာ တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ပရဆေး ၅၇ တန်ခွဲ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှ









