အိုပက်အဖွဲ့အစည်းအဝေးမှာ ရေနံထုတ်လုပ်မှုထိန်းချုပ်ဖို့ သဘောတူညီမှုမရ
အီရန်နိုင်ငံက ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် တိုက်တွန်းလျက်ရှိတဲ့အတွက် ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (အိုပက်) အစည်းအဝေးမှာ ထုတ်လုပ် မှုဆိုင်ရာမူဝါဒကို ချမှတ်နိုင်ခြင်း မရှိပေမယ့် ဈေးကွက်အတွင်းသို့ ရေနံ များ ကို အလျှံပယ်တင် ပို့မှာ မဟုတ်ကြောင်း ဆော်ဒီအာရေးဘီးယားနိုင်ငံ က ဇွန် ၂ ရက်က ကတိပြုခဲ့ကြောင်း ဒိုမိန်း ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်ဒီဇင်ဘာကကျင်းပတဲ့ အစည်း အဝေးမှာ ရေနံထုတ်လုပ်မှု ရည်မှန်းချက်ချမှတ် ဖို့ကြိုးပမ်းချက်က နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် အစည်းအဝေးနောက်ပိုင်း ကျင်းပတဲ့ အစည်းအဝေးအများအပြားမှာလည်း ဆ






