ဆန်ချောရောဆန်ကြမ်းပါ အဝင်နည်းပြီးအရောင်းအဝယ်အေးနေ
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းပါ အဝင်နည်းပြီး အရောင်းအဝယ်လည်း ငြိမ်နေကြောင်း ဝါးတန်းဆန် ကုန်စည်ဒိုင်မှ သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့လက်ကား ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၈၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၅၅၀၀၊ ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၄၆၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၄၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စ တစ်အိတ်ကျပ် ၃၆၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၅၃၀၀၀ မှ ကျပ် ၅၅၀၀၀ ၊ နယ်စုံကျားပျံ ရှယ်တစ်အိတ် ကျပ် ၄၀၀၀၀ မှကျပ် ၄၂၀၀၀ရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ ပါတယ်။ ပေါ်ဆန်း အသစ်ရှယ် တစ်အိတ်ကျပ် ၃၇၀၀၀ မှ ကျပ် ၃၈၅၀၀၊ ဒေးဒရဲကျားပ