ပြည်တွင်းရွှေဈေး ထပ်မံမြင့်တက်လာ
နှစ်သစ်ကူး ဇန်နဝါရီဒုတိယပတ်အတွင်း ပြည်တွင်းရွှေဈေးများ ထပ်မံမြင့် တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ် ၉၃၇၀၀၀ ကျော်အထိ မြင့် တက်ခဲ့သော ပြည်တွင်း ရွှေဈေးနှုန်းများသည် ယခုတစ်ပတ်အတွင်းကျပ် ၉၄၅၀၀၀ သို့ မြင့်တက်လာခဲ့ ကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးများ ပြန်လည်မြင့် တက်လာခြင်းဖြစ်ေ ကြာင်း ရွှေအရောင်းအဝယ် လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။''နှစ်ကုန်ခါနီးတုန်းကတော့ ဈေးငြိမ်နေခဲ့ပေမယ့် နှစ်ကူးပြီးကတည်းက ကမ္ဘာ့ရွှေဈေးရော မြန်မာ့ရွှေဈေးပါ ပြန်မြင့်လာပါတယ်။ တဖြည်းဖြည်း တရိပ်ရိပ်နဲ့ တက်လာတာပေါ့။