Main menu

Background

စီးပွားရေးသတင်း

ဝယ်လက်ပျောက်လို့ ပြည်နှမ်းဈေးကျ

Wed, 02/08/2017 - 14:07 -- journal_editor

         ယခုတစ်ပတ်ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ဝယ်လက်ပျောက်ပြီး အဝင်များလာသဖြင့် ဈေးဆက်တိုက်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ ပေါင်းတည်နှင့် နတ်တလင်းဘက်မှ တစ်နေ့ကို အိတ် ၅၀၀ ခန့်အဝင် ရှိနေတာ တွေ့ရပါ တယ်။လက်ရှိအချိန်တွင် ဝယ်လက်အဝယ်မရှိတဲ့အတွက် ဈေးကွက်တွင် နှမ်းလက်ကျန်များနေသဖြင့် ဈေးကျနေတာ တွေ့ရ ပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်ပါက ယခုနှစ်တွင် နှမ်းဈေးများ ကျလာရခြင်းမှာ ဝယ်လ က်ပျောက်နေသဖြင့် ဈေးကျနေတာ ဖြစ်တယ်လို့သိရပါတယ်။ ယခုတစ်ပတ်နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၂၀၀၀၀၊ နှမ်းနက် (ရိုးရိုး) တစ်တင်းလျှင်ကျပ် ၃၀၀၀၀နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ်၃၈၃၀၀ဖြင့် ယခင်တစ်ပတ် ထက် ဈေးကျလာတာ တွေ့ရပ

ဘိလပ်မြေဈေးကွက် အရောင်းသွက်

Wed, 02/08/2017 - 13:59 -- journal_editor

          ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ  တန်ချိန် ၅၀ သာဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၉၅၀ ကျော် အဝင်လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်  နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၁၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၅၉၉၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၁၂၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။

ပရဆေးကုန်ကြမ်းတန် ၁၂၀၀ ကျော် တရုတ်နိုင်ငံသို့တင်ပို့

Wed, 02/08/2017 - 13:42 -- journal_editor

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါ ရီလအတွင်း ပရဆေးကုန်ကြမ်းတန်ချိန် ၁၂၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်န ဝါရီ နောက်ဆုံးပတ်မှာတော့ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၂၅၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ကိုး မျိုး တန်ချိန် ၂၅၄ တန်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ ကွမ်းသီးခွံ၊ မုတ်ခါး၊ ဆီးဆန်၊ တောချင်း၊ မာလာဥခေါင်း နဲ့ ချဉ်ပေါင်ဖာလာ(အခွံပါ) တို့ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၃၇၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မူဆယ် မှ ပရဆေးတင်ပို့မှုတန် တစ်ရာကျော် လျော့နည်းခဲ့ပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပရ ဆေးကုန်ကြမ

တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးများကို ကန်ပိုက်တီကုန်သွယ်ရေးစခန်း OSS အဖွဲ့ မှ စစ်ဆေးတွေ့ရှိ

Wed, 02/08/2017 - 13:20 -- journal_editor

     မြစ်ကြီးနားမှ တရုတ်နိုင်ငံသို့ ထွက်ခွာလာသည့် Alphard ယာဉ်အမှတ် 1F xxxx ပေါ်တွင် ကျောက်စိမ်းတုံး အကြီးအသေးရောရာ ၂၃၆ တုံးကို တင်ဆောင်လာကြောင်း သတင်းပေးတိုင်ကြားချက်အရ ကန်ပိုက်တီကုန်သွ ယ်ရေးစခန်း OSS အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ း၀၀ ချိန်တွင် တားဆီးရှာဖွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကျောက်စိမ်းတုံးများကို ယာဉ်၏ဝမ်းဗိုက် အတွင်း အံဝှက်ပြုလုပ်သယ်ဆောင်လာခြင်းြ ဖစ်ပြီး မြစ်ကြီးနား အကောက်ခွန်ဦးစီးဌာန၌ ဖေဖော်ဝါရီလ ၂ ရက်က အသေး စိတ်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ စုစုပေါင်း အလေးချိန် ၆၅၅ ကီလိုရှိ ကျောက်စိမ်းတုံး ၂၈၉ တုံးကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ သိမ်းဆည်းရမိ ေ ကျာက်စိမ်းတုံးများရ

မြဝတီကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတင်ပို့

Wed, 02/08/2017 - 13:14 -- journal_editor

       မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီ နောက်ဆုံး ပတ်တွင် အမေရိကန်ဒေါ်လာ ၂၄၆၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန် နီးပါးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တာချီလိတ်မှ တန် ၁၀၀ နဲ့ မြ၀ တီမှ ၅၈ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်ကြက်သွန်နီ တင်ပို့မှု တန် ၈၀ ခန့် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဇန်နဝါရီ တစ်လလုံးမှာ မြဝတီမှ ကြက်သွန်နီ တန် ၂၅၀ ခန့်နဲ့ တာချီလိတ်မှ တန် ၂၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ မုံရွာတွင် ဆောင်းကြက်သွန်နီ တစ်ပိဿာကို ကျပ် ၅၀၀ ဖြင့် ပိဿာချိန် တစ်သောင်းကို ကြိုပွိုင့်ဝယ်ယူပြီး ဆောင်းကြက်သွန်နီကို တပေါင်းလဆန်းတွင် တူးဖော် မည်ဖြစ်ကြောင်း၊ လှောင်သမားတွေ ကြက်သွန်နီ ဝယ်လေ့ ရှ

ဒီလိုလေးပြောနေရုံနဲ့........ပြီးမှာလားမောင်ရေ...

Wed, 02/08/2017 - 12:58 -- journal_editor

      နံနက်စောစာစားဖို့ ကိုယ့်မြို့မှာရှိတဲ့ မုန့်တီ ဆိုင်ကို ဝင်ထိုင်မိပါတယ်။ ကိုယ်နှစ်သက်ရာကို မှာပြီးစားနေတုန်းမှာ စားသုံးသူတစ်ယောက် ဝင်လာပါတယ်။ ဆိုင်ရဲ့ စားပွဲတွေမှာ လူပြည့်နေလေ တော့ နေရာလွတ်နေတဲ့ကိုယ့် စားပွဲကို ခွင့်တောင်း ပြီးလာထိုင်ပါတယ်။ တစ်ဆက်တည်း စားပွဲထိုးကို လှမ်းမှာပါတယ် "မုန့်တီတစ်ပွဲ အချိုမှုန့် လုံး၀ မထည့်ပါနဲ့ ဆီလျှော့ပါ" အလဲ့...ကိုယ်က စားသုံးသူရေးရာဦးစီးဌာနကဆိုတော့ စိတ်ဝင် စားသွားပါတယ်။ စား ပွဲကလည်းတစ်ဝိုင်းတည်းဆိုတော့ အလာပသလာပစကားပြောမိပါတယ်။ "နောင်တော်က ကျန်းမာရေးလိုက်စားပုံရ တယ်" "ဘာဖြစ်လို့လဲဗျ" "သြော်..ခုန မုန့်တီ လှမ်းမှာတုန်းက အချိုမှုန့်မထည့်နဲ့ ဆီလျှော့ထည့်ပါလို့

မူဆယ်ဈေးကွက်မှာ ပြောင်းဈေးဆက်လက်ငြိမ်နေ

Wed, 02/08/2017 - 12:41 -- journal_editor

       ယခုတစ်ပတ် မူဆယ်ဈေးကွက်မှာ ယခင်တစ်ပတ်အတိုင်း ပြောင်းဈေးဆက်လက်ငြိမ်နေကြောင်း သိရပါတယ်။ ပြောင်းဈေး အနေနဲ့ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ၅၀ ကီလို တစ်အိတ်ကို ၆၇ ယွမ်မှ ၇၁ ယွမ် (တစ်တန် ၁၃၄၀ ယွမ်မှ ၁၄၂၀ ယွမ်) နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တစ်ဖက်နိုင်ငံသို့ ယခင်တစ်ပတ်က တန်ချိန် ၃၅၀၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၃၅၉၉၇ တန် တင်ပို့နိုင်ခဲ့ကြော င်း သိရပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ် ကားခမှာ ပြောင်းတစ်ပိဿာကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်အထိ လားရှိုးမှ ၃၅ ကျပ်၊ ကျောက်မဲနဲ့ သီပေါမှ ကျပ် ၄၀၊ နောင်ချိုမှ ၅၅ ကျပ်ရှိကြောင်းလည်း သိရပါတယ်။

 

ပြည်တွင်းရွှေဈေးများ တစ်ပတ်အတွင်း ကျပ်တစ်သောင်း ပြန်လည်မြင့်တက်လာ

Tue, 02/07/2017 - 14:23 -- journal_editor

      ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ်တစ်သောင်းကျော် ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးကာ လအတွင်း နယ်စပ်၌ ရွှေအရောင်းအဝယ်များရပ်ဆိုင်းသွားခဲ့သဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းခဲ့ရခြင်းဖြစ်ပြီး တရုတ်နှစ်သစ်ကူး ကာလအပြီးတွင် ရွှေအရောင်းအဝယ်များ ပြန်လည်လုပ်ကိုင်လာကြသဖြင့် ပြည် တွင်းရွှေဈေး များ ပြန်လည်မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဆန်ပိုမိုတင်ပို့

Tue, 02/07/2017 - 14:18 -- journal_editor

      ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ စခန်းများမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၁၆ သန်းဖိုးရှိ ဆန်တန်ချိန် ၃၃၃၇၇တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် ဆန် တင်ပို့မှု ပိုမိုခဲ့ပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန် ၁၁၀၀၊ ဧည့်မထဆန် ၁၈၀၄၃ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၀၂ တန်ကျော်၊ ဧည့်မထ ဆန် ၃၈၁ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် တန် ချိန်၁၃၆၅၀ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။  ယခင်တစ်ပတ်က ဆန်၃၁၁၇၅တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ၂၂၀၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်သာမက ဆန်ကွဲလည်း ပိုမိုတင်ပို့ခဲ့ကြောင်းသိရှိ ရပါတယ

ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်သစ်ဦးဆောင်

Tue, 02/07/2017 - 13:32 -- journal_editor

      ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအသစ်သာ အဝင်ရှိပြီး  ဆန်ဟောင်းအဝင်မရှိသလို ဈေးကွက်လည်းမရှိတော့ကြောင်း ဆန်သစ်ကပဲ ဈေးကွက်ကို ဦးဆောင်နေပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့  ရန်ကုန် ဝါးတန်း ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခုတစ်ပတ်  ဆန်ချောအသစ်ရဲ့လက်ကားဈေးနှုန်းများမှာ   ဖျာပုံပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ်ကျပ် ၃၀၀၀၀၊ လတ်စတစ်အိတ်ကျပ် ၂၉၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ် အိတ် ကျပ်  ၃၂၀၀၀၊  လတ်စတစ်အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံ ကျိုက်လတ် ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၂၈၀၀၀၊ လတ်စတစ် အိတ် ကျပ် ၂၇၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၃၄၀၀၀ မှ ကျပ် ၃၆၅၀၀ ဈေးရှိပါတယ်။ ဆန်အဝင်က တော့ ပုံမှန်ပဲရှိနေပြီး အရောင်းအဝယ်လ

Pages

Subscribe to RSS - စီးပွားရေးသတင်း