ကသာခရိုင်၏အဓိက ထုတ်ကုန်စက်မှုသီးနှံကြံရိတ်သိမ်းချိန် ဈေးကောင်းရ
ကသာခရိုင်ရဲ့ အဓိကထုတ်ကုန် တစ်မျိုးဖြစ်တဲ့ စက်မှုသီးနှံကြံစိုက်ပျိုး မှုမှာ ဧကနှစ်သိန်းကျော်ရှိပြီး ကသာ မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်များမှာ အများ အပြား စိုက်ပျိုးပါတယ်။ ကသာခရိုင် တွင် ကြံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများ ဆုံးဖြစ်တယ်လို့ သိရပြီး ယခုနှစ်မှာ ကြံတစ်တန်ကို ကျပ်ငါးသောင်းနဲ့ သကြားစက်များက ဝယ်ယူနေလို့ ဈေးကောင်းရနေတယ်လို့ ကြံတောင် သူများထံမှ သိရပါတယ်။''ကျွန်တော် ကေ တာ့ နဝဒေး-၄ ကြံမျိုးကို စိုက်ပျိုးပါတယ်။ တစ်ဧကကို မျိုး ခြောက်တန်ထည့်စိုက်ရပါတယ်။ ပထမမျိုးကို မရောင်းဘ စိုက်မယ်ဆို ပါက ၁၀ ဒသမ ၇၅ ဧက ထပ်စိုက်ပျိုး နိုင်ပါတယ်။ တစ်ဧကကို ကုန်ကျစရိတ် လေ