မုံရွာပဲမျိုးစုံဈေးကွက်သို့ ပဲမျိုးစုံအသစ်များ ဝင်ရောက်မှုများ
ဖေဖော်ဝါရီလ ပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်သို့ ပဲမျိုးစုံအသစ်များ ဝင်ရောက်လျက်ရှိရာ ပြည်ပဝယ် လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများအဝင် ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်း သိရပါ တယ်။ ယခုတစ်ပတ် မတ်ပဲသီးနှံတစ်တင်းပေါက်ဈေးမှာ (အထွက်တိုး) ၂၈၃၀၀ ကျပ်၊ (ကုန်း) ကျပ် ၃၁၃၀၀ နှုန်းပေါက်ပြီး နေ့စဉ်အိတ် ၂၀၀၀ ခန့်၊ ပဲစင်းငုံသီးနှံတစ်တင်း (သစ်)ကျပ် ၂၄၇၀၀ နှုန်းပေါက်လျက် နေ့စဉ်အိတ် ၃၀၀၀ ခန့်၊ ပဲတီစိမ်းသီးနှံကတော့ အဝင်လျော့နည်းလာပြီး၊ တစ်တင်းပေါက်ဈေးမှာ (ကြီး) ကျပ် ၃၀၀၀၀၊ (သေး) ကျပ် ၂၃၇၀၀ နဲ့ နေ့စဉ်(ကြီး/သေး) အိတ် ၁၂၀၀ ခန့် ဝင် ရောက်လျက်ရှိပြီး အရောင်းအဝယ်အသွက်ဆုံး သီးနှံများ ဖြ