Main menu

Background

စီးပွားရေးသတင်း

ဖေဖော်ဝါရီ ဒုတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဆောင်းပဲသစ်မျိုးစုံ ဝင်ရောက်လာပြီး ပြည်ပဝယ်လက် ပဲများ အရောင်းအဝယ်သွက်လျက်ရှိ

Wed, 02/15/2017 - 12:09 -- journal_editor

         ပဲခူးတိုင်းဒေသကြီးး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် ဆောင်း ပဲသစ်မျိုးစုံ  အဝင်များလာခဲ့တာကြောင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများအပြင် ကုလားပဲ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲကြီးသီးနှံများပါ ဝင်ရောက်လာခဲ့ကြပြီဖြစ်ပါ တယ်။ ပဲတီစိမ်း သီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနှင့်ယှဉ်လျှင်  ဝင်ရောက်မှု နည်းသွားပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်အိတ် ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး ပြည်အနီးတစ်ဝိုက် ဒေသများ မှဝင်ရောက်ခြင်းဖြစ်ကာ မန္တလေး ဝယ်လက်က အဝင်ရှိသမျှ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှစ၍ ပဲတီစိမ်းသီးနှံအသစ်များ ဈေးကွက်သို့ဝင်ရောက်ခဲ့ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလများအတွင်း ပဲအထွက်လှိုင်ခဲ့

တရုတ်နှင့် ထိုင်းဝယ်လက်များကြောင့် လျှော်ဖြူဈေးမြင့်တက်

Wed, 02/15/2017 - 11:00 -- journal_editor

         တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ဝယ်လက်များကြောင့် လျှော်ဖြူစေး (ဆေး ကုလားမ)ဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ ကုန်သည်ဦးသိန်းဇော်က ပြောကြားခဲ့ပါတယ်။ ဒေသ တွင်း လျှော်ဖြူတစ်ပိဿာပေါက်ဈေးမှာ (A) အဆင့် (အဖြူမှန် ကြည်) ကျပ် ၃၅၀၀၀၊ ကျပ် ၄၀၀၀၀၊ (B) အဆင့် ကြက်သွေးရောင်ကျပ် ၂၅၀၀၀၊ ကျပ် ၃၀၀၀၀၊ (C) အဆင့် (အနောက်) ကျပ် ၁၅၀၀၀၊ ကျပ် ၂၀၀၀၀ ဈေးအသီး သီးရှိပြီး ယခင်နှစ်ထက် တစ်ပိဿာ ကျပ် ၁၅၀၀၀ ခန့် ဈေးမြင့်တက်ခဲ့ပါတယ်။

တာချီလိတ်တံတားအမှတ် (၁)မှ ခြောက်လအတွင်း ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်ရရှိ

Wed, 02/15/2017 - 10:52 -- journal_editor

        နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအရ တရားမဝင်ကုန်သွယ်မှု လျော့ နည်းကျဆင်းရေး၊ ရသင့်သည့်အခွန် အပြည့်အ၀ ရရှိစေရေးတို့ အတွက် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)ရှိ နယ်စပ်ဝင် ပေါက်များကို ရှမ်းပြည်နယ် အစိုးရက ကြီးကြပ်ဆောင်ရွက်ခဲ့ရာ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁)မှ တစ်ပိုင်တစ်နိုင် ကုန်စည် တင်သွင်းမှုအပေါ် တံတားဖြတ်သန်းခအဖြစ် ကုန်ပစ္စည်းတန်ဖိုး၏ သုံးရာခိုင်နှုန်း ကောက်ခံရရှိငွေမှာ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ မှ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ လအထိ ခြောက်လအတွင်း ကျပ်သိန်း ပေါင်း ၁၈၀၀ ကျော်ရရှိကြောင်းသိရသည်။

DIEBOLD NIXDORF က မြန်မာနိုင်ငံတွင်ရုံးဖွင့်ပြီး နည်းပညာဝန်ဆောင်မှုများ တိုက်ရိုက်ပေးမည်

Fri, 02/10/2017 - 12:54 -- journal_editor

       ကမ္ဘာ့ထိပ်တန်း ငွေကြေးဆိုင်ရာ ကော်ပိုရေးရှင်း ၁၀၀ နှင့် ထိပ်တန်း လက်လီစီးပွားရေး ကုမ္ပဏီကြီး ၂၅ခု တို့၏ တီထွင်ဆန်းသစ်သော မိတ်ဖက် ကုမ္ပဏီအဖြစ် လက်တွဲလုပ်ကိုင်နေသည့် Diebold Nixdorf သည် မြန် မာ နိုင်ငံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ ၎င်း၏ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများကို ပြည်တွင်းဈေးကွက်သို့ တိုက်ရိုက်ဝန်ဆောင်မှု  ပေးသွားမည်ဖြစ် သည်။ Diebold Nixdorf  သည် ယခင်က  ပြည်တွင်း မိတ် ဖက် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး ပြည်တွင်းဘဏ်များ၏ self-serviceအခြေပြုနည်းပညာ လိုအပ်ချက်များကို နှစ်ပေါင်းများစွာ ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၏ အသားနှင့် နို့ထွက်ပစ္စည်းများ တင်ပို့မှုကျဆင်

Fri, 02/10/2017 - 11:43 -- journal_editor

        ၂၀၁၆ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၏ အဓိကထိပ်တန်းပို့ကုန်နှစ်မျိုး ဖြစ်သည့် အသားနှင့် နို့ထွက်ပစ္စည်း တို့၏ ပို့ကုန်တန်ဖိုးများ ကျဆင်းခဲ့ ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် အစိုးရ စာရင်းအင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိ ရသည်။ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ပို့ကုန် တင်ပို့မှုတန်ဖိုးသည်  အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၂၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် အမေရိကန်ဒေါ်လာ ၃၉၅ ဒသမ ၈၇ သန်းလျော့နည်းခဲ့ ကြောင်း အဆိုပါဌာန၏စာရင်းများ တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့ကျဆင်းမှုသည် ဒုတိယအကြိမ်မြောက် ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Fri, 02/10/2017 - 11:26 -- journal_editor

       မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၅၈၀၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၉၂ တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီ လဆန်းပိုင်း က ၃၉ တန် တင်ပို့ ခဲ့တဲ့အတွက် တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဇန်နဝါရီလတွင် လက်ဖက်ခြောက် တန် ၁၃၀ ကျော် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် မြို့နယ်တွင် လက်ဖက်စိုက်ခင်းများ ေ အာင်မြင်ဖြစ်ထွန်းလျက်ရှိပြီး "လက်ဖက်ခင်းမှ ရရှိတဲ့ လက်ဖက်ရွက်များကို တချို့က စက်နဲ့ပေါင်း၊ စက်နဲ့လိပ်သူ တွေလည်း ရှိတယ်။ ပြီးရင်အခြောက် လှန်းရတယ်။ လက်ဖက်ရွက်အစို ငါးပိဿာလောက်မှ လက်ဖက်ခြောက် တစ်ပိဿာ

အိန္ဒိယနိုင်ငံမှ ကွမ်းသီးများ ပိုမိုတင်ပို့

Thu, 02/09/2017 - 12:00 -- journal_editor

        အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ရက်မှ ၂၇ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၆၄၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၇၉၂ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ် ပတ်က ၆၁၈တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၄ တန်ပိုမို တင်ပို့နိုင်တယ်လို့သိရပါတယ်။ ပိုမိုရခြင်းမှာ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းပါ ကွမ်း သီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက်ေ ကြာင့်ဖြစ်တယ်လို့  သိရ ပါတယ်။

မောင်းသူမဲ့ကား ရှေ့ပြေးပုံစံများတွင် လူသားအကူအညီ အနည်းငယ်သာလိုအပ်

Thu, 02/09/2017 - 11:59 -- journal_editor

        မောင်းသူမဲ့မော်တော်ကား ရှေ့ ပြေးပုံစံများကို ကယ်လီဖိုးနီးယားလမ်း များနှင့် အဝေးပြေးလမ်းမများပေါ်တွင် လူ့ အကူအညီမပါဘဲ စမ်းသပ်မောင်း နှင်ရာတွင်   အခြေအနေ  တိုးတက် ကောင်းမွန်သည်ဟု  ကယ်လီဖိုးနီး ယားသယ်ယူပို့ဆောင်ရေး ကြီးကြပ် ရေးအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်တွင် အများပြည်သူသို့ ထုတ်ပြန်ချက်အရ သိရကြောင်း အေပီသတင်းတွင် ဖော်ပြသည်။ ယခုထုတ်ပြန်ချက်သည် အများ ပြည်သူလမ်းမများပေါ်တွင် မော်တော် ကား ၁၀၀ ကျော်ကို  စမ်းသပ်မောင်းနှင်ပြီး ကုမ္ပဏီ ၁၁ ခုကထုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာများနှင့်လည်း ကိုက်ညီမှုရှိသည် ကိုတွေ့ရသည်။ ကုမ္ပဏီ ၁၁ ခု၏ စမ်း သပ်မောင်းနှင်မှုမှာ နည်းပညာဖွံ့ဖြိုး တိုးတက်ရာနေရာဖြစ်သော စီလီကွန်ဗ

မလေးရှားနိုင်ငံတွင် ရော်ဘာခင်း မော်တော်ကားလမ်းများ ဖောက်လုပ်မည်

Thu, 02/09/2017 - 11:58 -- journal_editor

           မလေးရှားနိုင်ငံ၏ ရော်ဘာဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး တိုင်းပြည်စီးပွားရေးတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ တွေ့ကြုံနေရ သော အခက်အခဲများ လျော့ပါးသက်သာစေရန်အတွက် အစိုးရက မလေးရှားနို င်ငံအတွင်းတွင် ရော်ဘာကိုခင်းထားသော မော်တော်ကားလမ်းများ ဖောက်လုပ်ရေးစီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း Speedlux သတင်းတွင်ဖော်ပြသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရော်ဘာ ထုတ်လုပ် သူများကို ကယ်တင်နိုင်ရုံသာမက နိုင်ငံအတွင်းရှိ မော်တော်ကား မောင်းနှင်သူများအတွက် ပိုမိုကောင်းမွန်သော အဝေးပြေးလမ်းမကြီးများကို အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

ရော်ဘာပြည်တွင်းဈေးရော ပြည်ပဈေးပါ မြင့်တက်လာ

Thu, 02/09/2017 - 10:33 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးရှိ ရော်ဘာ အဆင့်စုံ ၂၃၉၇ တန်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၁ ၄၁ တန်ကျော်၊ RSS 3  ၁၂၂၄ တန်ကျော်၊ RSS 5 တန် ၁၆၀ ၊ MSR 20 ၁၀၃ တန်ကျော်၊ MSR 50 ၉၅ တန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ျွှ၃ ၇၇၃ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ် တင် ပို့မှုထက် ၅၆၁ တန်ေ လျာ့နည်းခဲ့ပါတယ်။ ရော်ဘာအပို့လျော့ သော်လည်း မူဆယ်ကုန်စည်ဒိုင်မှ ထုတ်ပြန်တဲ့ ရော်ဘာ ဈေးအရ တစ်တန်ကို ကျပ် ၄၈၅၀၀၀ ဈေးတက်ကြောင်း သိရှိရပါတယ်။ RSS 3 တစ်တန်ကို ကျပ် ၂၆ ဒသမ ၁၉ သိန်းနဲ့ RSS 5  တစ်တန်က

Pages

Subscribe to RSS - စီးပွားရေးသတင်း