Main menu

Background

စီးပွားရေးသတင်း

မုံရွာ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တို့တွင် တရုတ်ဝယ်လက်ရှိတဲ့ ဂွေးငယ်နက်(ခေါ်) ခွေးလျားယား (အယဉ်) များ အများအပြားစိုက်ပျိုးလျက်ရှိ

Thu, 02/02/2017 - 12:51 -- journal_editor

      မုံရွာ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တို့မှာ တရုတ်ဝယ် လက်ရှိတဲ့ ဂွေးငယ်နက်(ခေါ်) ခွေးလျားယား(အယဉ်)များ ကို အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါတယ်။ တရုတ်ဝယ်လက်များဟာ ဂွေးငယ်နက်ကို ပရဆေးအဖြစ် အသုံးပြုရန်အတွက် တစ်ပြည်ကိုကျပ် ၈၀၀၀၊ တစ်တင်းကို ကျပ် ၁၂၀၀၀၀ နဲ့ ဝယ်ယူနေကြောင်းသိရပါတယ်။ ဂွေးငယ်နက်ကို အိမ်ခြံအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ ယာကွက်များမှာပါ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြောင်း ဒေသ ခံတောင်သူများက ပြောကြားခဲ့ပါတယ်။ ဂွေးငယ်နက်ကို မေ၊ ဇွန်လတို့မှာ စတင်စိုက်ပျိုးပြီး နိုဝင်ဘာ/ဒီဇင်ဘာလတို့မှာ အပွင့်/အသီးဖြစ်ပေါ်ကာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ အသီးရင့်မှည့်ပါတယ်။ ဂွေးငယ်နက

ကမ္ဘာ့နိုင်ငံအသီးသီးရှိအရောင်းဆိုင်ပေါင်း သန်း ၄၀ ကျော်တွင် ကမ္ဘောဇဘဏ်၏ KBZ Visa Credit Card ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ပြီ

Thu, 02/02/2017 - 12:46 -- journal_editor

        ကမ္ဘာ့နိုင်ငံအသီးသီးရှိ အရောင်းဆိုင်ပေါင်း သန်း ၄၀ ကျော်နှင့်မြန်မာ နိုင်ငံရှိ အရောင်းဆိုင်ပေါင်း ၇၀၀၀ ကျော်တို့တွင် ကမ္ဘောဇမှ အသစ်ထုတ် လုပ်လိုက်သည့် KBZ Visa Credit Card ကို သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကေ မ္ဘာဇ ဘဏ်က တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဇဘဏ်လီမိတက်သည် Visa နှင့်ပူးပေါင်း၍  အကြေးွဝယ်ကတ် ကို ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါအကြွေးဝယ်ကတ်တွင် Classic Card နှင့် Platinum ဟူ ၍ နှစ်မျိုးထုတ် လုပ်ထားပြီး  ကတ်နှစ်မျိုးစလုံးအား Visa ၏ဆန်းသစ်သော PayWave နည်းပညာဖြင့် ချိတ်ဆက်လုပ်ဆောင် သွားမည်ဖြစ်သည်။

ဒီတစ်ပတ် နို့ဆီအဝင်လျော့ပြီး နို့မှုန့် အဝင်ပို

Thu, 02/02/2017 - 11:54 -- journal_editor

      ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက် အထိ သီတင်းပတ်အတွင်းကန်ဒေါ်လာ ၃၀၄၄၄၀ တန်ဖိုးရှိ နို့ဆီ ၂၁၈ ဒသမ၈၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ် စင်ကာပူနိုင်ငံမှ ဒွန်းနို့ဆီတ စ်မျိုး သာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က  တင်သွင်းခဲ့တဲ့တန်ချိန် ၂၆၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန် ချိန် ၅၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နို့မှုန့်ကို အိုင်ယာလန် နိုင်ငံမှ တန်ချိန်၁၀၀၊ နယူးဇီ လန်နိုင်ငံမှ ၅၇၁ဒသမ ၃၅ တန်၊ ဖိလစ်ပိုင်နိုင်ငံမှ ၁၁ ဒသမ ၉၂၇ တန်၊ ပိုလန်နိုင်ငံမှ ၁၀၂ တန်နဲ့ စင်ကာပူနိုင်ငံမှ ၁၁ ဒသမ ၀၆၄ တန်၊စုစုပေါင်း ၇၉၆ ဒသမ ၃၄၁ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင

ဒီတစ်ပတ်ဘိလပ်မြေအဝင်ပို

Wed, 02/01/2017 - 14:09 -- journal_editor

           ဇန်နဝါရီ ၁၅ ရက်မှ ၂၁ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၄၁၇၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၅၀၀၄ ဒသမ ၇၅တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဗီယက်နမ်နိုင်ငံမှ ၄ဒသမ ၇၅ တန်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀၀၀ နဲ့ထိုင်းနိုင်ငံမှ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၇၀၀၀  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။   ယခင်သီတင်းပတ်   တင်သွင်းတန်ချိန် ၈၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၆၇၀၀ကျော် တင်သွင်းမှုပိုခဲ့ တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

ပြည်တွင်းရွှေဈေးများ တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော် ကျဆင်း

Wed, 02/01/2017 - 14:01 -- journal_editor

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်း ကျပ်တစ် သောင်းကျော် ကျဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အ တွင်းမှ စုံစမ်းသိရှိ ရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်များကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ကျင်းပ လျက်ရှိသဖြင့် ကမ္ဘာ့ရွှေဈေးများပါ ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများလည်း ကျဆင်းလာကြောင်း၊ ထို့ပြင် ပြည်တွင်း၌ငွေ လဲနှုန်းများလည်း ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရခြင်းဖြစ်သည်ဟု ရွှေကုန်သည်များက သုံးသပ် လျက်ရှိသည်။

ရှမ်းချင်းအဝင်လှိုင်လာကာ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ရှိလာ

Wed, 02/01/2017 - 12:45 -- journal_editor

        ရှမ်းပြည်နယ်တောင်ပိုင်းမှာ  ရှမ်းချင်းတွေ ဒေသအစုံက ထွက်ရှိလာပါပြီ။ ကလောမြို့နယ်ရှိ အောင်ပန်း၊ ပင်းတယ၊ ပင်လောင်း၊ ဟဲဟိုး စတဲ့မြို့တွေအပြင် တောင်ကြီးမြို့နယ်ရှိ ဟိုပုံး၊ ဆီဆိုင်၊ နမ့်ခုတ်၊ ဘန်းယဉ်၊ လွိုင်လ င်မြို့နယ်ရှိ နမ့်စန်စတဲ့ မြို့တွေကထွက်ရှိလာတာကြောင့် ဈေးကွက်မှာ အဝင်လှိုင်လာပါတယ်။ ဟိုပုံး မြို့နယ်အတွင်းရှိ ဒေသတွေကထွက်ရှိတဲ့ ချင်းတွေက ဟိုပုံးနဲ့ အောင်ပန်းဈေးကွက်ကို ဝင်သလို နမ့်စန်မြို့တွေက ထွက်တဲ့ ချင်းတွေကလည်း အောင်ပန်းကို ဝင်ပါတယ်။ ဒါကြောင့် အောင်ပန်းပွဲရုံမှာ ချင်းအဝင်က တစ်ရက်ကို ပိဿာချိန် သောင်းချီပြီး အဝင်ရှိတယ်လို့ သိရပါတယ်။ ရှမ်းချင်းကို တပ်ကုန်းက အချပ်ပြားလုပ်ဖို့ ဝယ်ယူ

ရှမ်းကြက်သွန်ဖြူ ဈေးကွက်အဝင်စောပြီး ဈေးကောင်းရ

Wed, 02/01/2017 - 12:31 -- journal_editor

        ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့အဓိကသီးနှံတစ်ခုဖြစ်တဲ့  ကြက်သွန်ဖြူက ဒီနှစ်မှာ အရောင်းအဝယ်ကောင်းနေပါတယ်။ အရင်နှစ်တွေကတော့ ကြက်သွန်ဖြူအစား ပြောင်းသီးနှံကို အစားထိုးစိုက်ပျိုးခဲ့ကြတာကြောင့် အထွက်နှု န်းကလည်း နည်းသွားပါတယ်။ စိုက်ဧကနည်းသလို အထွက်နှုန်းကလည်း နည်းသွားလို့ ဈေးနှုန်းဈေးကွက် သဘောအရ အထွက်နည်းရင် ဈေးတက်လာလေ့ရှိပါတယ်။ ရှမ်းကြက်သွန်ဖြူကို ကျန်းမာရေးအတွက် ကောင်းမွန် တယ် ဆိုပြီး  စားသုံးမှုများလာလို့ဈေးကလည်း ကောင်းလာပါတယ်။ ခရမ်းစွဲလို့ခေါ်တဲ့ကြက်သွန်ဖြူက ထိုင်းနိုင်ငံဘက်ကိုအဓိက သွားပါတယ်။ ဒီနှစ်တော့ ခရမ်းစွဲကြက်သွန်ဖြူကအဝယ်လိုက်လို့အစောကြီးကုန် သွားတာကြောင့် ရှမ်းကြက်သွန်ဖြူကိုဝယ်ယူမှ

အာဖရိကမှ ဆန်ပိုမိုဝယ်ယူမှုကြောင့် အိန္ဒိယ ဆန်ဈေးမြင့်တက်

Wed, 02/01/2017 - 12:26 -- journal_editor

        တရုတ်နှစ်သစ်ကူးရာသီကြောင့် ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများရှိ ဆန်ပို့ကုန်ဈေးကွက်များတွင် ဝယ်လက်မရှိ သဖြင့် ဈေးကွက်အေးနေသော်လည်း အိန္ဒိယနိုင်ငံတွင်မူ  အစိုးရကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ဆန်ကို သူ့ထက်ငါ အပြိုင်အဆိုင်ဝယ်ယူလျက်ရှိခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လ တတိယပတ်အတွင်း ဈေးတက်ခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာတွင် ဆန်အများဆုံးတင်ပို့သည့် အိန္ဒိယနို င်ငံ တွင် အစိုးရကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ က ပြည်တွင်းဈေးကွက်ရှိ မကြိတ်ခွဲရသေးသည့် ဆန်များကို ဈေးမြှင့်၍ ဝယ်ယူမှုကြောင့် ဆန်ကွဲငါးမှတ်ပါ ပေါင်းဆန် ဈေးနှုန်းသည် တစ်တ

ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်

Thu, 01/26/2017 - 15:22 -- journal_editor

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေ ဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ပြီးခဲ့ သည့်ရက်သတ္တ ပတ်ကတည်းကပင် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ပတ်တွင် ဆက်လက်မြင့် တက်လာခဲ့ကာ ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်မြင့်တက်မှုနှင့် အတူ ပြည်တွင်း ရွှေဈေးများ ပါ ပြန်လည်မြင့် တက်ခဲ့ခြင်းဖြစ်သည်။ ''ကမ္ဘာ့ရွှေဈေးရော၊ ပြည်တွင်းက ငွေလဲနှုန်းပါ မြင့်တက်လာတဲ့အတွက် ပြည် တွင်းရွှေဈေးတွေ မြင့်တက်လာရတာဖြစ်ပါတယ်။ ရွှေဈေး မြင့်တက်လာမယ်ဆို တာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက  ရွှေကုန်သည်တွေက ခန့်မှန်း ထားပြီးသား။ ခန့် မှန်းထ

ရန်ကုန်ဆန်ဈေးကွက်ဈေးငြိမ်ပြီး မူဆယ်ဆန်ဈေးကွက် ဈေးအနည်းငယ်ကျ

Thu, 01/26/2017 - 14:53 -- journal_editor

 ဆန်ချောနဲ့ဆန်ကြမ်းအသစ်ရော အဟောင်းပါဈေးငြိမ် နေတယ်လို့ ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်ရဲ့ဈေးနှုန်းထုတ် ပြန်ချက်များအရ  သိရှိရပါတယ်။  ကုန်စည်ဒိုင်ရဲ့လက်ကား ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်ထိပ်စတစ်အိတ် ကျပ် ၃၈၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၄၀၀၀၊ ပုသိမ်/ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၄၀၀၀၀၊ လတ်စ တစ် အိတ် ကျပ် ၃၄၀၀၀၊ ကျိုက်လတ်ပေါ်ဆန်း ထိပ်စတစ်အိတ် ကျပ်၃၂၀၀၀၊ လတ်စ တစ်အိတ် ကျပ် ၂၉၀၀၀၊ ရွှေဘိုပေါ် ဆန်း ဆန်ထိပ်စတစ်အိပ်ကျပ် ၄၃၀၀၀ မှ ကျပ်  ၄၄၅၀၀နဲ့ ပေါ်ဆန်းအသစ်(ရှယ်)တစ်အိတ်ကျပ်၂၅၀၀၀မှကျပ်၂၉၀၀၀ နဲ့ဈေးအတက်အကျမရှိဘဲ  ငြိမ်နေပါတယ်။ ဆန်ဈေးလည်း ငြိမ်၊ အရောင်းအဝယ်လည်း ခပ်ပါးပါးသာရှိပြီး ဆန်အဝင် လည်း ပုံမှန

Pages

Subscribe to RSS - စီးပွားရေးသတင်း