ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ပူးတွဲကုန်အမှတ်တံဆိပ်ကို အသုံးပြုလာ
ပူးတွဲကုန်အမှတ်တံဆိပ်အသုံး ပြုမှုသည် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် အသုံးတွင်ကျယ်လာသော နည်းလမ်းတစ်ခု ဖြစ်လာသည့်အတွက် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများက ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် ဝင် ရော က်ရာတွင် အလွယ်ကူဆုံးနည်းလမ်းတစ်ခု အဖြစ်အသုံးပြုလာကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ဤနည်းလမ်းကို အသုံးပြုသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းများတွင် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်း Biti နှင့် လ က်ဝတ်ရတနာ ထုတ်လုပ်ရေးလုပ် ငန်း PNJ တို့မှာ ပထမဆုံး ပြည်တွင်း စီးပွားရေးလုပ်ငန်းများဖြစ်ကြသည်။