Main menu

Background

စီးပွားရေးသတင်း

နိုဝင်ဘာလအတွင်းနို့ဆီ တန်ချိန် ၈၀၀ ကျော်နဲ့ နို့မှုန့်တန်ချိန် ၇၀၀ နီးပါးဝင်

Thu, 12/15/2016 - 15:47 -- journal_editor

      နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၉၄၃၉၄ တန်ဖိုးရှိ  နို့ဆီ ၈၃၆ဒသမ ၃၁၇ တန်ကို  ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း  ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများမှ နို့ဆီများ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  အောက်တိုဘာလမှာ တင်သွင်းခဲ့တဲ့  နို့ဆီတန် ချိန် ၁၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၆၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၉၅၉၄၀၆ တန်ဖိုးရှိ  နို့မှုန့်တန်ချိန် ၃၆၂ ဒသမ ၆၄၄ တန်ကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ ပိုလန်၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား နဲ့ ဂျာမနီ နိုင်ငံများမှတင်သွင်း

နိုဝင်ဘာလအတွင်း မြေသြဇာတန်ချိန်သုံးသောင်းနီးပါးတင်သွင်း

Thu, 12/15/2016 - 13:59 -- journal_editor

        နိုဝင်ဘာ ၁ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၇၂၅၁၃၁၀ တန်ဖိုးရှိ မြေသြဇာ တန်ချိန် ၂၇၇၆၉ ဒသမ ၄၈၂ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊  အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ဂျပန်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ မြေသြဇာများတင်သွင်းခဲ့တယ်လို့  သိရပါတယ်။ နိုဝင်ဘာလအတွင်း ပိုတက်၊ ရွှေန ဂါး၊ နိုက်တြိုဂျင်၊ အမိုးနီးယမ်း ဆာလဖိတ်၊ ပိုတက်ဆီယက် ဖော့စဖိတ်၊ ဖလော်ရာ၊ ရွှေမြေသီး၊ ကွန်ပေါင်း၊ သြဂဲနစ် စတဲ့ မြေသြဇာတံဆိပ်များ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အေ

ဘိလပ်မြေဈေးကွက်အရောင်းပုံမှန်ရှိ

Thu, 12/15/2016 - 13:53 -- journal_editor

       နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ၃ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် ၁၅၀၄၀ တန် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၂၃၀ ကျော် နဲ့နှိုင်းယှဉ်ရင်  တန်ချိန် ၁၄၈၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၅၁၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၈၄၃၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၆၀၈၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။

မုံရွာကြက်သွန်နီဈေး အနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိ

Thu, 12/15/2016 - 13:34 -- journal_editor

     ဒီဇင်ဘာပထမပတ်မှာ မုံရွာပဲရုံ စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ကြက် သွန်နီအရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုတစ်ပတ် ကြက်သွန်နီပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၆၀၀၊ (လတ်) ကျပ် ၅၀၀၊ (သေး)ကျပ်၄၀၀ရှိပြီး လက်လီဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ်၁၀၀၀၊(လတ်)၈၀၀၊(သေး) ကျပ် ၆၀၀ နှုန်းပေါက်ပြီး နိုဝင်ဘာလပွဲရုံဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ် ၁၀၀၀၊ (လတ်) ကျပ်၈၀၀၊ (သေး) ကျပ် ၆၀၀ ဖြစ်ပြီး လက်လီဈေးနှုန်း မှာ တစ်ပိဿာ(ကြီး) ကျပ်၁၃၀၀၊ (လတ်)ကျပ်၁၀၀၀၊ (သေး)ကျပ် ၈၀၀နဲ့အရောင်းအဝယ်ဖြစ်ပြီး ယခု တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်း၃၀၀ကျော်၄၀၀ခန့်ကျဆင်း သွားကြောင်း သိရပါတယ်။ မုံရွာပ

ချင်းရင့်ချိန်ဖြစ်လို့ ပြည်ချင်းဈေးကွက် လှောင်လက်တို့ အဝယ်သွက်

Thu, 12/15/2016 - 13:29 -- journal_editor

         ယခုအချိန်ဟာ အောင်ပန်းချင်းများ အရင့်ဆုံးအချိန်ဖြစ်ပြီး သို လှောင်အထားခံတဲ့အတွက် ပြည်ချင်းဈေးကွက်ရှိ  ချင်းရောင်းဝယ် သူများအနေနဲ့ ပိုမိုမှာယူခြင်းကြောင့်အဝင်လည်းများလာတာ တွေ့ရ ပါတယ်။ ယခင်က တစ်ေ န့ကိုပိဿာချိန်  ၃၀ ဝင် အိတ် ၁၅၀ ခန့် အထိသာဝင်ပြီး ယခုတစ်ပတ်မှာ အိတ် ၃၀၀ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ရခိုင် ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း  ပိဿာချိန် ၂၀၀ခန့် တင်ပို့ကြောင်းသိရပါတယ်။ ချင်းဈေးမှာ ယခင်တစ်ပတ်အတိုင်း လက်ကားဈေး ကျပ် ၄၀၀၊ ကျပ်၅၀၀၊ လက်လီဈေးတစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၉၀၀ ဖြင့် ပုံမှန် ဈေးရှိကြောင်းသိရပါတယ်။

 

၂၀၁၆ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ ဒသမ ၄၈သိန်းအထိ အိန္ဒိယနိုင်ငံ တင်သွင်း

Thu, 12/15/2016 - 13:04 -- journal_editor

        အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ဒသမ ၄၈သိန်း အထိ တင်သွင်းခဲ့ရပါတယ်။ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအေဂျင်စီတွေ ဘက်က ပဲမျိုးစုံ  စုစုပေါင်းတန်ချိန် ၂၇၄၈၄၇၃ အထိ  တင်သွင်းခဲ့ရတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ကတော့ ပဲမျိုးစုံ တန်ချိန် ၅၇ဒသမ ၉၇ သိန်း အထိ တင်သွင်းခဲ့ရတယ်လို့ အစားအသောက်နှင့် စားသုံးသူ ရေးရာ ပြည်နယ် ဝန်ကြီး CR  Chaudharyu က ထုတ်ပြန်တဲ့စာရင်း ဇယားများအရ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ နယ်စုံမှ မိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရောက်

Thu, 12/15/2016 - 12:52 -- journal_editor

        ဧရာဝတီတိုင်းဒေသကြီးအတွင်း  ဆန်စပါးအဟောင်း ဈေးကွက်မှာ သြဂုတ်နှင့်စက်တင်ဘာတို့တွင် အရောင်းအဝယ် အေးလျက်ရှိရာမှ အောက်တိုဘာ တတိယပတ်မှစတင်၍ ဧည့်မထမိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရာက် လာခဲ့ရာပုသိမ် ဈေးကွက်မှာ ၄၆ပေါင်တင်း ၁၀၀ ကို ကျပ် ၃၅၀၀၀၀ ဝန်းကျင် ဈေးနှင့် သီတင်းနှစ်ပတ်လောက်သာ အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။မိုးလေဝသကင်းလွတ်၍ မြို့နယ်စုံ ရိတ်သိမ်းချိန်စပါး အထွက်လှိုင်လာသော နို ဝင်ဘာလဆန်းရောက်မှသာကောက် စောစပါးများ အရောင်းအဝယ် သွက်ခဲ့ပါတယ်။ စပါးသစ် ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်ဈေးကွက်တွင် နိုဝင်ဘာက လေး သိန်းဝန်းကျင်ဈေးမှ ယခုလက်ရှိ ကျပ်၄၈၈၀၀၀ဈေး၊ ကျုံပျော် မြို့နယ် မှနိုဝင်ဘာလက ကျပ် ၃၈၀၀၀၀ မှ ယခု ကျပ်

ရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက်

Wed, 12/14/2016 - 12:26 -- journal_editor

            ယခုတစ်ပတ်အတွင်း အစုရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက် လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းကငြိမ်သက်ခဲ့သည့် ပြည်တွင်း အစုရှယ်ယာေ ဈးများ သည် ယခုတစ်ပတ်တွင်လည်း အတက်အကျ မဆို သလောက်သာရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းရွှေဈေးနှုန်းများ ဈေးအတက်အကျ အနည်းငယ်သာရှိ

Wed, 12/14/2016 - 12:16 -- journal_editor

       ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းနေသော်လည်း ပြည်တွင်း ေ ငွလဲနှုန်းများ မြင့်တက်နေ သဖြင့် ပြည်တွင်းရွှေဈေးနှုန်းများ အတက်အကျ အနည်းငယ်သာရှိနေခြင်းဖြစ်သည် ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ပြည်ဘိုကိတ်ပဲသစ်များ အဝင်ဆက်ရှိနေပေမယ့် ဈေးငြိမ်

Wed, 12/14/2016 - 11:29 -- journal_editor

             ဒီဇင်ဘာလဆန်းရက်မှာ ပြည်ဈေးကွက်သို့ ဘိုကိတ် ပဲသစ်များ ပန်းတောင်း၊ ကံမမြို့နယ်များမှ အဝင်ဆက်ရှိခဲ့လို့ တစ်ရက်အိတ် ၅၀ ဝန်းကျင် ဝင်ရောက်ခဲ့ပြီး ဝယ်လက်အနေ ဖြင့် ရန်ကုန်-ပြည် ရထားလမ်းတစ်လျှောက် မြို့နယ်အချို့မှ ဝယ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်လီရော လက်ကားပါ အရောင်းအဝယ် ဖြစ်နေပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၂၅၀၀၀ ဖြင့် ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဘိုကိတ် ပဲသစ်ဈေးဟာ တစ်တင်းကျပ် သုံးသောင်း ကျော် ရရှိခဲ့လို့ ဈေးကောင်းခဲ့သော်လည်း ယခုနှစ်မှာတော့ ယခင်နှစ်ပဲသစ်ဈေးကို မမီဘဲ ဈေးလျော့နေခဲ့ကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း

Pages

Subscribe to RSS - စီးပွားရေးသတင်း