မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလကုန်ပတ်ပဲဈေးကွက်၊ ဈေးအတက်အကျနဲ့ ပဲဟောင်းပဲသစ်အရောင်းအဝယ်ဖြစ်နေ
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလကုန်ပတ် ပဲဈေးကွက်မှာ ပဲဟောင်းအချို့ ဈေးအနည်းငယ်မြောက်ခဲ့ပြီး ပဲသစ်ပေါ်စ၊ ပဲတီစိမ်း၊ မတ်ပဲနဲ့ပဲလွန်းပြာတွေ ဈေးတက်ခဲ့ကာ ပဲဟောင်း ဈေးကွက်မှာတော့ ပဲလက်လီအဝယ်သာရှိခဲ့ တယ်လို့ ဒိုင် ရပ် ကွက်က သိရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲမျိုးစုံ ဈေးကွက်အနေနဲ့ ဒေသတွင်းလုပ်ငန်းသုံးနဲ့ မျိုးအတွက် အဝယ်ရှိခဲ့လို့ ဆက်လက်ဈေးမာခဲ့ရာ V2 တစ်တင်း ကျပ် ၄၆၅၀ဝ၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၅၅၀ဝ နဲ့ 929 တစ်တင်းကျပ် ၄၄၀ဝ၀ အသီးသီး အမြင့်ဈေးရခဲ့ကာ တစ်ရက်အိတ် ၂၀ဝခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။