Background
စီးပွားရေးသတင်း
ထိုင်းနိုင်ငံတွင် ဆန်အရောင်းအဝယ်ပြုလုပ်နိုင်မည့် ဗဟိုဈေးကြီး Central Market ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံတွင်ဆန်ကုန်သည် များနှင့် ဆန်စပါးစိုက်ပျိုးသူတောင်သူများအတွက် ဆန်အရောင်းအဝယ် ပြုလုပ်နိုင်မည့်ဗဟိုဈေးကြီး (Central Market) တစ်ခု ဖွင့်လှစ်ရန် ထိုင်း နိုင်ငံအစိုးရက စဉ်းစားနေကြောင်း သိရှိရ သည်။ ထိုင်းနိုင်ငံအနေဖြင့် ဆန်ထုတ် လုပ်မှုနှင့် ပြည်ပသို့ဆန်တင်ပို့မှုများ အများဆုံးပြုလုပ်နေသည့် နိုင်ငံတစ် နိုင်ငံ ဖြစ်သော်လည်း ဆန်အရောင်း အဝယ်အတွက် ထိုင်းနိုင်ငံတွင် ဗဟို ဈေးကြီးမရှိသေးကြောင်း၊ တရုတ် နိုင် ငံ၊ Guangdong ပြည်နယ်တွင် ကောက်ပဲသီးနှံနှင့် ဆီများ အရောင်း အဝယ်ပြုရာ လက်ကားဈေးကြီးဖြစ် သည့် Sanyanqiao Grain and Oil Wholesale Marketသည် စတုရန်း မီတာ ၁ သိန်းကျယ်ဝန်းပြီး တစ်နှစ် လ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် မော်တော်ဆိုင်ကယ် သွင်းကုန်လိုင်စင်များအား နေ့ချင်းပြီးဆောင်ရွက်
နယ်စပ်ဒေသများရှိ ကုန်သွယ် ရေးစခန်းများတွင် လိုင်စင်ခွင့်ပြု ပေး နိုင်မည့် ပို့ကုန်သွင်းကုန်အမယ်များ တိုးမြှင့်ခွင့်ပြုနိုင်ရန်၊ လက်ရှိခွင့်ပြု အမယ်များအပြင် ထပ်မံတိုးမြှင့်ခွင့် ပြု ပေးနိုင်ရန်နှင့် ကုန်သွယ်ရေး စခန်းများ အနြေ ဖင့် နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်သွယ်မှုပမာဏ မြင့်မားတိုးတက်အောင် ဆောင်ရွက်ရန်တို့အပြင် ကုန်သွယ်မှုမှာပါဝင်နေသော ဆက်စပ်ဌာနများအနေဖြင့် တက်ညီလက်ညီဆောင်ရွက်နိုင်ရန်၊ ကုန်သွယ် မှု လျင်မြန်ချောမွေ့စေရန်အတွက် လက်ရှိခွင့်ပြုပေးနေသည့် ပစ္စည်းများ အပြင် သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီသော ပို့ကုန် သွင်းကုန် အမယ်များအား စိစစ်၍ စခန်းတာဝန်
ကားလောကနှင့် ကားလောဘ ပြဿ နာများ
မြန်မာနိုင်ငံမှာ အရင့်အရင် အစိုးရလက်ထက်တွေက ကားတင်သွင်းခွင့်တွေကို ပိတ်ပင်ထားခဲ့ရာကနေ တပ်မတော်အစိုးရလက်ထက်ကနေ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူခဲ့တဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်သူတိုင်းကားစီးနိုင်ရေးဆိုတဲ့ မူဝါဒကိုလက်ကိုင်ထားပြီး ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့ရာမှာ၂၀၁၁ ခုနှစ် စက်တင်ဘာလ၁၁ ရက်မှာ နှစ်ပေါင်း ၄၀ သက်တမ်းရှိတဲ့ ယာဉ် အိုယာဉ်ဟောင်းတွေကို ပြန်လည်အပ်နှံပြီး နိုင်ငံခြားကနေ ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ပေးခဲ့ပါတယ်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ စနစ်အရယာဉ်တင်သွင်းခွင့်ပြုရာမှာ ကားဟောင်းအပ်စလစ်နဲ့တင်သွင်း ခွင့် ပြုခဲ့တာ ပဲဖြစ်ပ
ရော်ဘာဈေးမြင့်တက်လာပြီး ဝယ်လိုအားများလာ
နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ် အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၄၂၃ တန် ခန့် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေး ဇုန် မှ RSS5 တန်၂၀၀ နဲ့ MSR 20 ၅၇ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS 3၂တန်နဲ့ RSS 5၁၇၄တန်ကျော် တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး တန် ၅၄၀ နဲ့ MSR ၁၀တန်၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၁၀၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ၁၀ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၇၆၈၆ တန်ကျော် တင်ပို့ထားပြီး အနီးစပ်ဆုံး အောက်တိုဘာက တန် ၄၃၅၀ ကျော်သာ တင်ပို့နို
တရုတ်သို့ သကြားတင်ပို့မှုလျော့နည်း ထိုင်းမှ သကြားပိုမိုတင်သွင်း
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၈၄၀၀၀ တန်ဖိုးရှိ သကြားဖြူ တန် ၁၄၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က Re-export သ ကြား ၃၈၇ တန်ခွဲ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် တရုတ်နိုင်ငံသို့ သကြားတန် ၂၀၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၆၃ သန်းတန်ဖိုး ရှိ Re - export သကြား ၁၀၈၄၁တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင် တစ်ပတ်က ၄၁၀၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံမှ သကြားတန်ချိန် ၆၇၄၀ လျော့နည်းတင်သွင်းခဲ့ကြောင်းသိရပါတယ်။ ပြည်ပက တင်သွင်းတယ်ဆို
ပြည်တွင်းသို့ ဆိုင်ကယ်တင်သွင်းမှု ဆက်လက်ကျဆင်း
နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၈၆၇၇ စီးတင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်က ၉၅၃၂ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၆၆ စီး လျော့နည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးစခန်းအလိုက် တင်သွင်းမှုကိုကြည့်ပါက မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅၄ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၉၅၈ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၆၄၅ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ဆိုင် ကယ် ၇၄ စီးကိ
မောင်တောကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာကုန်သွယ်မှုလျာထားချက်အပေါ် ၁၃ ရာခိုင်နှုန်းကျော်သာ ဆောင်ရွက်နိုင်
၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၅ သန်းဆောင်ရွက်နိုင်ခဲ့ပြီး၊ သွင်းကုန် ဆောင်ရွက်မှုမရှိခဲ့တဲ့အတွက် နိုဝင်ဘာ လကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာသုညဒသမ ၄၀၀ သန်းဖြစ်၍ လျာထားချက်အပေါ် ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန် ဒေါ် လာ သုညဒသမ ၃၈၈ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်း လျော့နည်းခဲ့ပါသည်။
ထိုင်းနိုင်ငံထုတ်လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံးပစ္စည်းနှင့်အလှဆင်ပစ္စည်းများတင်ပို့မှု ပြန်လည်မြင့်တက်
ထိုင်းနိုင်ငံ၏ လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေး သုံးပစ္စည်းနှင့် အလှဆင်ပစ္စည်းများ တင်ပို့မှုမှာ နှစ်နှစ်ကြာ ကျဆင်းလျက်ရှိနေရာမှ အာဆီယံဈေးကွက်သို့တင်ပို့မှု မြင့်တက်လာခြင်းနှင့် မူလက တရုတ်နိုင်ငံမှ လက်ေ ဆာင် ပစ္စည်းမှာယူသူများက ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့မှာယူလာမှု ကြောင့် ယခုနှစ်တွင် ဘတ် ၂၄ဒသမ ၅ ဘီလီယံ ဖိုး ပို့ကုန်တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင် ပို့ကုန်တင်ပို့မှု ပြန်လည်မြင့်တက်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင် ငံ လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံးပစ္စည်းနှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချသူများ၏ ပြောကြားချက်အရ သိရှိ ရသည်။
တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးအနည်းငယ်ကျ
ယခုတစ်ပတ်တောင်ကြီးဈေးကွက်ထဲသို့ ပတ်ဝန်းကျင် ဒေသများမှ ပြောင်းများအဝင်ပိုခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်ပိဿာကို ၁၀ကျပ်ကျပြီး ကျပ် ၂၉၀ (တစ်တန် ၁၇၇၅၉၃ ကျပ်) နဲ့ အရောင်းဈေးကွက်ဖွင့်ခဲ့ပါတ ယ်။ ဈေးကွက်ထဲမှ ပြောင်းများကို ရန်ကုန်၊ မန္တလေးအပြင် မော်လမြိုင်အထိပါ တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်ထက်ပိဿာချိန် ၆၀၀၀၀ ပိုပြီး ပိဿာ ၃၉၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။