Main menu

Background

စီးပွားရေးသတင်း

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေပြမှုကို ထိန်းချုပ်ရန် အိန္ဒိယနိုင်ငံစီစဉ်

Tue, 11/08/2016 - 13:59 -- journal_editor

             အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်သွယ်မှုလိုငွေပြမှုမြင့်တက်နေသည်ကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စ ည်းအပေါ် ပေးအပ်မည့် အကောက်ခွန်သက် သာခွင့် ဆိုင်ရာ အကျိုးခံစားခွင့်အား တတ်နိုင်သမျှ နောက်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက် (၆) နိုင်ငံများအကြား ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partner-ship, RCEP) အကောင်အ ထည်ဖော်ရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အကောက်ခွန်လျှော့ချမပေးမည့် ကုန်စည်များ စာရင်း (Negative Lists of items) အား

၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေသစ်ကို ပြဋ္ဌာန်းမည်

Tue, 11/08/2016 - 12:23 -- journal_editor

           ၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက်အရေးပါသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို ထုတ်ပြန်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန် ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါနည်းဥပဒေ ပထမ မူကြမ်းကို ယခုနှစ်နိုဝင်ဘာလကုန်ပိုင်း၌ အပြီး သတ်ရေးဆွဲမည်ဖြစ်ပြီး ဒုတိယမူကြမ်းကို ဒီဇင်ဘာလအတွင်း အပြီးသတ်ရေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။

Invoice တွင်ပါဝင်သော အချက်များအား ပြည့်စုံစွာ ဖော်ပြပေးခြင်းဖြင့် MACCS စနစ် အကောင်ထည်ဖော်မှုကို အထောက်အကူပြုနိုင်

Tue, 11/08/2016 - 11:44 -- journal_editor

         အကောက်ခွန်ဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှစ၍ ASEAN  SINGLE WINDOW (ASW) အထောက်အကူပြု အကောက်ခွန် ရှင်းလင်းရေး ကိစ္စ ရပ်များအား Myanmar Automate Cargo Clearance System (MACCS) စနစ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစနစ်တွင် ကုန်သွယ်ရေး ဦးစီး ဌာနမှ Electronic Data များဖြင့် ပေးပို့ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ပေးသွားရ မည် ဖြစ် ပါသည်။ လက်ရှိအခြေအနေတွင် CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များတွင် ကုန် ပစ္စည်း အမယ်(Item) များပြားမှုနှင့် ရေတွက်ပုံ (Unit Code) သုံးစွဲမှုများပြားခြင်းကြောင့် လိုင်စင်လျှောက်ထားမှုများကို လက်ခံဆောင်ရွ က်ပေးရာတွင် ပစ္စည်းစာရင်းအေ သးစိ

လက်မှတ်အတု၊ မှတ်ပုံတင်အတုဖြင့် မော်တော်ယာဉ်လိုင်စင် လျှောက်ထားမှုအား အရေးယူဆောင်ရွက်

Mon, 10/31/2016 - 12:53 -- journal_editor

         စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တွင် အောက်တိုဘာ ၂၁ ရက်နေ့က လက်မှတ်အတု၊ မှတ်ပုံတင်အတုဖြင့် မော်တော်ယာဉ်လိုင်စင်လျှောက်ထား လာသည့် အမျိုးသမီးနှစ်ဦးအား စစ်ဆေး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ထိုနေ့ နံနက် ၁ဝါ်၃၀ အချိန်က မော်တော်ကားပါမစ် လျှောက်ထားသူ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူတစ်ဦးမှ တင်ပြလာ ေ သာ စာရွက်စာတမ်းများကို စိစစ်ရာတွင် ယာဉ်တင်သွင်းသူအဖြစ် လက်မှတ်အတု ရေးထိုးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အသက်မပြည့်သေး သူမောင်ဇင်မျိုးအောင်၏ ဓာတ်ပုံအား အစားထိုးလဲလှယ်ကပ်၍ လာရောက်လိမ် လည်လျှောက်ထားခဲ့သည်ကို စစ်ဆ

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော တန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲစတင် ကျပ် ၉၅သိန်းမှ ကျပ် ၁၂၅ သိန်းအထိ တန်ဖိုးနည်းအိမ်ရာများအား ရောင်းချ

Thu, 10/27/2016 - 13:33 -- journal_editor

         House.com.mm ၊ မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောတန်ဖိုးနည်း အိမ်ရာ အရောင်းပြပွဲ (The Affordable Housing Expo 2016) ပြပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့သည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန် ယူဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာများအား အနည်းဆုံး ကျပ် ၉၅ သိန်းမှ ကျပ် ၁၂၅ သိန်းအထိ တန်ကြေးရှိသည့် တိုက်ခန်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော်ရှိ

Wed, 10/26/2016 - 12:52 -- journal_editor

         ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၇၃၂ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၉၈ ဒသမ ၂၉၆ သန်း ရရှိအောင်ဆောင်ရွက်နိုင်တဲ့အတွက် စုစုေ ပါင်း ကုန်သွယ်မှု ပမာဏမှာအမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ဝ၂၈ သန်းရှိခဲ့ပါတယ်။ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၅၆၄ သန်းဖြစ်ပြီး ထိုသို့လိုငွေပြရခြင်းမှာ ချုပ်ပြီးအဝတ်အထည်နဲ့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုလျော့နည်းခဲ့တာကြောင့် ဖြစ်ပါတယ်။ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀၇ ဒသမ ဝ၄၁ သန်းဖိုးတင်ပို့ပြီး သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၂၈ သန်း ဖိုး တင်သွင်းခဲ့တဲ့အတွက် ကုန်သွယ်

ပရဆေးကုန်ကြမ်း ပုံမှန်တင်ပို့

Tue, 10/25/2016 - 10:30 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ သီတင်းပတ်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၄ မျိုးကို တန်ချိန် ၉၀ဝ ကျော်အထိ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ တောချင်း၊ ချင်းခြောက်၊ ဆီးသီးခြောက်၊ ဆီးဆန်၊ ကွမ်းသီးခွံ၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ ဆေးမြင်းခွာ၊ စမုံနက်၊ နနွင်းတက်၊ ချဉ်ပေါင် ဖာလာ၊ မိေ ကျာင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့နဲ့ နေလဲစေ့ တို့ဖြစ်ပါတယ်။ ယခင်တစ်ပတ်က တန် ၉၀ဝ ကျော် တင်ပို့ခဲ့တာကြောင့် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပရဆေးတင်ပို့မှု ပုံမှန်ရှိတယ်လို့ ဆိုရပါမယ်။မြန်မာ-အိန္ဒိယနယ်စပ်

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ကုန်အမယ်စုံ တန်၅၀ကျော်တင်ပို့

Tue, 10/25/2016 - 10:27 -- journal_editor

      မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေး စခန်းမှ တစ်ဖက်နိုင်ငံသို့ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ် အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ဝ၁၉ သန်း တန်ဖိုးရှိ ပြည်ပပို့ကုန် အမယ်စုံ တန် ၅၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၂သန်း တန်ဖိုးရှိ မန်ကျည်းစေ့ တန်၃၀၊ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၄သန်းတန်ဖိုးရှိ ဆီးယိုထုတ် ၁၂တန်၊ အမေရိက န်ဒေါ်လာ သုည ဒသမ ဝ၁၃ သန်းတန်ဖိုးရှိ ပိတ်စ ၁၃ တန်တို့ ဖြစ်တယ်။ယခင်တစ်ပတ်က တန်၈၀ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၃၀ကျော် လျော့နည်းတင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ယင်းသို့ လျော့ နည်းရခြင်း မှာ ယခုတ

ပြည်ဈေးကွက်မှာပစ္စည်းအဝင်မရှိလို့ လက်ကျန်နှမ်းများဖြင့် အရောင်းအဝယ်ဖြစ်

Tue, 10/25/2016 - 10:21 -- journal_editor

    ပြည်ဈေးကွက်တွင် သီတင်းကျွတ်ပြီးကတည်းက နှမ်းအဝင်မရှိသဖြင့် လက်ကျန်နှမ်းများဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ပစ္စည်းအဝင်မရှိပေမယ့် အဝယ်ရှိသဖြင့် နှမ်းနီဈေးနဲ့ စမုံနက်နှမ်းဈေး အနည်းငယ်မြင့် လာကာ နှမ်းနက်ရိုးရိုးမှာ အဝယ်ရပ်လာပြီး ဈေးပြန်ကျလာတာတွေ့ရပါတယ်။ နှမ်းနီကို ဆီစက်များကအဝယ်ရှိသဖြင့် ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်လျှင် ကျပ် ၁၄၀ဝ ဈေးမြင့်လာတာတွေ့ရပါတယ်။ နှမ်းနီဈေးမြင့်ပေမယ့် ဆီေ ဈးမှာ တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးကျလာရခြင်းမှာ ယခင်ကြိတ်ပြီးသား ဆီလက်ကျန်များကိုထုတ်၍ ရောင်းချနေတာကြောင့် ဖြစ်ကြောင်းသိရပါတယ်။ ယခုအခါမှာတော့ ဈေးအမြင့်နဲ့ဝယ်ပြီး ကြိ တ်ရတဲ့နှမ်းဆီဈေ

နို့ဆီတန်ချိန်၂၅၀ နီးပါးနဲ့နို့မှုန့်တန်ချိန် ၄၀ ကျော်ဝင်

Tue, 10/25/2016 - 10:15 -- journal_editor

         အောက်တိုဘာ ၉ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၁၈၀ဝ၂ တန်ဖိုးရှိ နို့ဆီ ၂၄၈ ဒသမ ၃၄၆ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ Falcon တံဆိပ်  သု ည ဒသမ ဝ၃၆ တန်နဲ့ ဒွန်းနို့ဆီ ၂၄၈ ဒသမ ၄၀ တန်  တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝင်ရောက်ခဲ့တဲ့ ၁၄၆ တန်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၁၈၈၅၀ တန်ဖိုး ရှိ နို့မှုန့် ၂၂ ဒသမ ၄၄ တန်ကို ဩစတြေးလျမှ လည်းကောင်း၊ ကန်ဒေါ်လာ ၂၃၇၃၇ တန်ဖိုးရှိ နို့မှုန့် ၈ ဒသမ ၄၇၄ တန်ကို မွန်ဂိုလီးယားမှလည်းကောင်း၊ ကန်ဒေါ်လာ ၁၀၆၀ဝ၂ တန်ဖိုးရှိ နို့မှုန့် ၁၁ ဒသမ ၇၀ တန်ကို မလေး ရှားနိုင်ငံမှ လည

Pages

Subscribe to RSS - စီးပွားရေးသတင်း