Main menu

Background

စီးပွားရေးသတင်း

မုံရွာကြက်သွန်နီဈေးကွက် ဈေးအနည်းငယ်မြင့်တက်

Mon, 01/09/2017 - 14:06 -- journal_editor

ဇန်နဝါရီလဆန်းရက်သတ္တပတ်အတွင်း  မုံရွာပွဲရုံစားဖိုဆောင်သီးနှံရောင်းဝယ် ရေးဈေးကွက်တွင် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းသွား၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။  ပွဲရုံသို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ တစ်ရက်လျှင် ပိသာချိန် ၅၀၀၀ ခန့်သာ အဝင်ရှိပြီး အရောင်းအဝယ် ဖြစ်မှုမှာလည်း  ရန်ကုန်၊ မန္တလေးဝယ်လက် အဆွဲများအတွက် မလုံလောက်၍ လက်လီ အနေနဲ့သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ် ကြက် သွန်နီတစ်ပိသာဈေးနှုန်းမှာ ပွဲရုံဈေး (ကြီး) ၁၀၀၀ ကျပ်၊ (လတ်) ၉၀၀ ကျပ်၊ (သေး) ၈၀၀ ကျပ်၊ လက်လီတစ်ပိသာဈေးနှုန်းမှာ (ကြီး)၁၂၀၀ကျပ်၊ (လတ်) ၁၁၀၀ကျပ်၊ (သေး) ၁၀၀၀ ကျပ်ဖြစ်ပြီး ယခင်တ

ရှမ်းချင်း အရောင်းအဝယ်အေး

Mon, 01/09/2017 - 14:01 -- journal_editor

အောင်ပန်းဈေးကွက်မှာ ရှမ်း^ချင်းအဝင်များပေမယ့် အရောင်းအဝယ်က တော့ အေးနေပါတယ်၊ အောင်ပန်းချင်းကို ပြည်တွင်းသုံးအတွက် ရန်ကုန်၊တပ်ကုန်း၊ ပြည်၊မုံရွာ စတဲ့မြို့တွေကသာ ချင်းထိုးဖို့အတွက်အဝယ်ရှိ သ လို၊ ဒေသ တွင်းသုံးဖို့ အတွက်လည်း ဝယ်ယူတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့တွေ မှာတော့ချင်းကို ဟင်းခတ်အမွှေးအကြိုင်အတွက်သာဝယ်ယူပြီး ချင်းသေးကိုပိုပြီး အသုံးများကြပါတယ်။ အတက်ကြီး^/လှတွေထက် ချင်းသေးကပိုပြီး အနံ့မွှေးလို့ အသုံးများတယ်လို့သိရပါတယ်။ ရှမ်းချင်းကိုတော့ပုံမှန်အဝယ်ရှိနေတာကြောင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း ပိသာချိန်ပေါင်း ၉ ဒသမ ၂ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ဟိုပုံးချင်းကတော့ အောင်ပ

ရှမ်းနနွင်းကိုမူဆယ်ဝယ်လက်ကသာဝယ်ယူ

Mon, 01/09/2017 - 14:00 -- journal_editor

ရှမ်းနနွင်းကတော့ ဈေးကွက်ကို အသစ်မဝင်လာသေးပါဘူး။ဟိုပုံးနနွင်း ရော၊ အောင်ပန်းနနွင်းပါ  ဖေဖော်ဝါရီ လမှာ အသစ်တွေဝင်လာနိုင်တယ်လို့သိရပါတယ်၊   ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဟိုပုံးနနွင်းတွေကို  တရုတ်နိုင်ငံပို့ဖို့ အတွက် မူဆယ်ဝယ်လက်တွေကဝယ်ယူမှုရှိနေပြီး၊  ပိဿာချိန်ပေါင်းတစ်သိန်း ကျော်ခန့် ဝယ်ယူသွားတယ်လို့ သိရပါ တယ်။အဟောင်းလက်ကျန်တွေလည်းနည်းသွားပါပြီ။ ဒီနှစ်မှာ နနွင်းက ချင်း လိုပဲ ခပ်မှန်မှန်သာအရောင်းအဝယ်ဖြစ် နေပါတယ်။တစ်နှစ်ပတ်လုံးဝယ်လက် တွေရှိနေပေမယ့် ပြည်ပဝယ်လက်တွေ ကတော့ ဝယ်လိုက်^နားလိုက်ကြောင့် ပုံမှန်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်နနွင်းကိုတော့ အစို အတိုင်းဝယ်ယူမှုများပြီး  ဒါးလှီးခြောက် အ

ပဲမျိုးစုံစိုက်ပျိုးမှု

Fri, 01/06/2017 - 11:44 -- journal_editor

 ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သော Agri Watch ပဲမျိုးစုံ အစီရင်ခံစာတွင် ဆောင်းရာသီပဲမျိုးစုံ စိုက်ပျိုးမှုအခြေနေ ပြည်ပမှ တင်သွင်းမှုအခြေနေနှင့် ပဲမျိုးစုံ ဈေးနှုန်းများကို သုံးသပ်ဖော်ပြထားသည်။ ယခု သီတင်းပတ်အတွင်းတွင် ပဲမျိုးစုံကုန်သေတ္တာဝင်ရောက်မှုရှိပြီး၊ ဝမ်းပုံ စနစ်ဖြင့် တင်သွင်းလာသည့် ပဲမျိုးစုံလည်း ရောက်ရှိလာမည်ဖြစ်သည်၊ ဆောင်းရာသီစိုက်ပျိုးမှုကိုကြည့်ပါက ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ် စိုက်ပျိုးမှု အခြေနေက ပိုမိုတိုတက်နေသည်ကို ကြည့်ပါက ယခင်နှစ်ကာတူနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ် စိုက်ပျိုးမှု အခြေနေက ပိုမိုတိုးတက်နေသည်ကိုတွေ့ရသည်။ ဈေးနှုန်းအခြေနေမှာလည်း အများ

ဟိုပုံးမြို့၊ ကျောက်တန်းရွာတွင် ထောပတ်သီး စိုက်ပျိုးသူများ ဝင်ငွေကောင်း

Fri, 01/06/2017 - 11:12 -- journal_editor

ဟိုပုံးမြို့နယ်အတွင်းရှိ ကျောက် တန်းရွာသည် ထောပတ်သီးပင်များကို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြ သော်လည်း ထောပတ်သီးများ အများ အပြားထွက်ရှိသည့် ရွာအဖြစ်နာမည် ကျော်ကြားသည့် ရွာတစ်ရွာဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရှမ်း ပြည်နယ်အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောက်တန်းကျေးရွာသို့ ထောပတ်ပျိုးပင် လေးသောင်းကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ထော ပတ်ပင်များအား ခြံစည်းရိုးတွင် ရိုးရာ ဓလေ့ထုံးစံအရ စိုက်ပျိုးခဲ့ရာမှ ခြံကျယ် များတွင်စိုက်ပျိုးသည့် အလေ့အထသို့ ကူးပြောင်းခဲ့ရာ ကျောက်တန်းရွာသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။

ကသာခရိုင်ထွက် ကျွဲကောသီးများ ဈေးကောင်းရလို့ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သင့်

Fri, 01/06/2017 - 11:07 -- journal_editor

ကသာခရိုင်အတွင်းရှိ မြို့နယ်များ မှာ ကျွဲကောသီးကို ဥယျာဉ်ခြံကြီးများနဲ့ အများအပြားစိုက်ပျိုးမှုမရှိဘဲ အိမ်ဝင်း ခြံဝင်းများမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြတာ တွေ့ရပါတယ်။ ကသာခရိုင်ရဲ့ ရေမြေသဘာဝအရ ကျွဲကောသီးစိုက် ပျိုးဖြစ်ထွန်းပြီး အလုံးလှ အရသာ ကောင်းမွန်ပါတယ်။ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလမှာ ကုန်သည်များ လာရောက် ဝယ်ယူကြပြီး မန္တလေး၊ ရွှေဘို၊ မုံရွာ ဈေးကွက်သို့ တင်ပို့နေကြောင်း ဈေး ကွက်မှ သိရပါတယ်။ကျွဲကောပင် မှာ နှစ်ရှည်သီးနှံဖြစ် ပြီး ပြည်ပပို့ကုန်ဖြစ်တဲ့အတွက် ရေ ရှည်အကျိုးဖြစ်ထွန်းတဲ့ သီးနှံဖြစ်ပါ တယ်။ ကျွဲကောပင်  သက်တမ်းမှာ ၁၅ နှစ် ဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှ ၁၀ နှစ်ဆို  အသီးစသီးပြီး ငါးနှစ်

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှု လျော့ကျသော်လည်း ကုန်သွယ်ရေးစခန်းများမှ ပိုမိုတင်ပို့

Tue, 01/03/2017 - 11:48 -- journal_editor

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း  မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၁၁ဒသမ ၇၀၁သန်းဖိုးရှိ ဆန်တန်ချိန် ၃၄၁၂၆ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာယခင် တစ်ပတ်တင် ပို့မှု ထက် ၈၈၂၆ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှငစိန် ဆန်တန် ၂၀၅၀ ဧည့်မထဆန် ၂၀၁၄၁တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ  ဧည့်မထဆန်၁၇၈၇ တန်ကျော်နဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှငစိန်ဆန် ၁၀၁၄၇တန်ကျော်တင်ပို့ခဲ့ပြီးယခု တစ်ပတ်မှာ ကုန်သွယ်ရေးစခန်းသုံးခုစလုံးမှ  ဆန်ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ယခုတစ်ပတ်မှာ မူဆယ်(၁၀၅)မိုင် နဲ့ လွယ်ဂျယ်မှ  ဆန် ပိုမိုတ

မြန်နှုန်းမြင့်အင်တာနက် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံက စတုတ္ထစက်မှုတော်လှန်ရေးကို ဆောင်ရွက်မည်

Fri, 12/30/2016 - 12:48 -- journal_editor

        ကျေးရွာများအားလုံးအတွက် မြန်နှုန်းမြင့်အင်တာနက် ဆယ်သွယ်မှုအပါအဝင် စီမံကိန်းအမျိုးမျိုးကို ဆောင်ရွက်ပေးခြင်းဖြင့် စတုတ္ထစက်မှုတော်လှန်ရေးဖြစ်သည့် Thailand 4.0 ကို အကောင်အထည်ဖော်ရန်၊ ပြင်ပကမ္ဘာနှ င့် ဆက်သွယ် နိုင်ရန်အတွက် ဒစ်ဂျစ်တယ်လမ်းကြောင်းကို ဖော်ဆောင်ရန် နှင့်လာမည့်နှစ်အလယ်ပိုင်းတွင်"Thailand Digital Big Bang" ဟုခေါ်သော စီမံကိန်းကိုအကောင်အထည်ဖော်ရန် ထိုင်းဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန် ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း နေးရှင်းသတင်းတွင် ဖော်ပြသည်။ လုပ်ငန်းများလုပ်ဆောင်ရာတွင် ရှုပ်ထွေးမှုများကို လျှော့ချနိုင်ရန်အတွက် ဝန်ကြီးဌာနလက်အောက်ရှိ အေဂျင်စီအားလုံးကို အဖွဲ့တစ် ခု

နိုင်ငံတကာ ရော်ဘာဈေး တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၅၀ ကျော် ထပ်မံမြင့်တက်

Fri, 12/30/2016 - 12:36 -- journal_editor

         ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှအမေရိကန်ဒေါ်လာ ၈ ဒသမ ၇၀၆ သန်းဖိုးရှိ ရော်ဘာ တန် ၆၃၃၀ ကျော် တင်ပို့ခဲ့ပါတယ်။ မြန် မာ -တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ RSS-3 ၂၇၃၉ တန်ကျော်၊ RSS-5 ၄၇၇ တန်ကျော်၊ MSR 20 တန် ၃၅၀၊ MSR 50 ၂၇၅ တန်ကျော်နဲ့ ရော်ဘာဖြတ်စ ၄၈ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS 1 ၁၈ တန်ခန့်၊ RSS 3 တန် ၁၂၈၁ တန်၊ RSS 5 ၆၅၄ တန် ၊MSR 20 ၉၇ တန် ကျော်နဲ့ MSR 50 ၁၂၂ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစိမ်း ၂၆၈ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၆၇၆ တန်ခန့်သာ တင်

ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန် ၆၀၀ ကျော်ဝင်

Fri, 12/30/2016 - 11:26 -- journal_editor

      ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ၈၉၆၄၀ တန်ဖိုးရှိ ဘိလပ်မြေ၆၁၂ ဒသမ ၇၁၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ သုည ဒသမ၃၁၁တန်၊ အိန္ဒိယ နိုင်ငံမှ တန်ချိန်၂၈၀၊ အီရန်နိုင်ငံမှ ၁၆၀ဒသမ ၂၀ တန်၊ စင်ကာပူနိုင်ငံမှ ၂၀ ဒသမ ၂၀၄ တန်၊ ထိုင်းနိုင်ငံမှ ၁၂၅ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၂၇တန်အသီးသီး တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ် ဘိလပ်မြေအဝင် တန်ချိန်၂၀၀၀၀ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန်  ၁၉၀၀၀  ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။

 

သီတာဝင်း (DOT)

Pages

Subscribe to RSS - စီးပွားရေးသတင်း