Main menu

Background

စီးပွားရေးသတင်း

၂၀၁၆-၁၇ဘဏ္ဍာနှစ်ပထမလေးလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ချုပ်ပြီးအဝတ်အထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးရရှိ

Thu, 11/17/2016 - 11:50 -- journal_editor

         ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ချုပ်ပြီးအဝတ်အထည်များ တင်ပို့ရောင်းချရမှုမြင့်တက်လာသဖြင့် လက်ရှိ ဘဏ္ဍာနှစ် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၁၇ ခုနှစ်ဇွန်လအထိ)၏ ပထ မလေးလအတွင်း စုစုပေါင်း အထည်ပို့ကုန်ပမာဏ သည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးဖြစ်၍ နှစ်စဉ် ၇ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း၊ ယခုနှစ် အောက်တိုဘာတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၁ ဘီလီယံ တင်ပို့နိုင်ခဲ့၍ ယခင်နှစ် အောက်တိုဘာလက တင်ပို့မှုထ က် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပို့ ကုန် မြှင့်တင်ရေးဌာန (The Export Promotion Bureau, EPB) က ပြောကြားခဲ့သည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့်ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်

Thu, 11/10/2016 - 14:12 -- journal_editor

         ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ ပါ လိုက်ပါမြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက် သတ္တပတ် အတွင်းကတည်းက မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က တစ်ေ အာင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့သည်။

ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်ကျဆင်းသော်လည်း ဗဟိုဘဏ်ဈေးနှုန်း ကျဆင်းခြင်းမရှိ

Thu, 11/10/2016 - 14:07 -- journal_editor

         ယခုတစ်ပတ်အတွင်းတွင် ပြည်တွင်း ငွေလဲနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်း ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းမှာ ကျဆင်းသွားခြင်းမရှိကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ ယခင်တစ်ပတ်ကဈေးကွက် အတွင်း အဝယ် လိုက်နေမှုများကြောင့် ဈေးများ ဆက်လက်မြင့်တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ အဝယ်နည်းသွား သဖြ င့် ဈေးကျဆင်းသွားခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

အလှူမင်္ဂလာပွဲများကြောင့် ရှမ်းချင်း အရောင်းအဝယ်ပုံမှန်ဖြစ်လာ

Thu, 11/10/2016 - 13:54 -- journal_editor

         ရှမ်းချင်းကတော့ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ အလှူမင်္ဂလာပွဲ တွေလည်းရှိလာတာကြောင့် ဧည့်ခံရန် အတွက် ထိုးချင်းသမား များက ဝယ်ယူ နေသဖြင့် အရောင်းအဝယ်ဖြစ် လာ ကြောင်းသိပါတယ်။ ချင်းသစ်များပေါ်လာတော့မှာဖြစ်တာကြောင့် အရောင်း အဝယ်အေးနေပါက ချင်းလက်ကျန် ပိုမို များပြား လာမှာဖြစ်၍ ပွဲရုံများ၊ခြံရှင်များမှလည်း အရောင်းအဝယ် ဖြစ်ချင်နေတယ်လို့ သိရပါတယ်။ ပြည် တွင်း ဝယ်လက်များသာ အဝယ်ရှိနေသေးလို့ များများစားစားဖြုန်းအား မရှိသေးသ လို ပြည်ပဝယ်လက်များအနေနဲ့လည်း မေးမြန်းမှုသာရှိပြီး လက်ငင်းဝယ်ယူမှု မရှိသေးဘူးလို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာရှိတဲ့ ချင်း(စို)က တစ်ပိဿာ ကျပ

ဖရဲသီးတင်ပို့မှု အနည်းငယ်ပိုမို

Wed, 11/09/2016 - 15:47 -- journal_editor

မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၈သန်း တန်ဖိုးရှိ ဖရဲသီး ၈၄၂၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၈၄၀၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၉တန် ပိုမို တင်ပို့ခဲ့တာ တွေ့ရပါတယ်။''ဖရဲသီးဈေးတွေ ကျနေရတဲ့ အကြောင်းရင်းမှာ ရောင်းလိုအားက ဝယ်လိုအားထက် ပိုများနေတာရယ်၊ အရည်အသွေး ပိုင်း လိုအပ်ချက်ရှိနေတာရယ်၊ တရုတ်ပြည်ဘက်မှာ ဖရဲတွေ လှိုင်လှိုင်ပေါ်နေတာရယ်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖရဲသီးစိုက်ဒေသတွေထဲက ငါးဆူတောင်၊ သာယာ ကုန်း၊ ချောင်းဦး၊ မုံရွာ၊ ကျောက်ဆည်ဘက်က အသီးတွေ ဝင်နေသလို ရှမ်းပြည်နယ်မှာစိုက်တဲ့ အသီးတွ

ဖျာပုံမြို့နယ်မှ အသင့်စားငါးနှပ်ခြောက်ကင် လုပ်ငန်းများ ပွင့်လင်းရာသီအချိန်တွင် မှာယူသူများ၍ ပိုမိုအရောင်းသွက်နေ

Wed, 11/09/2016 - 15:31 -- journal_editor

ဖျာပုံမြို့မှာ ဆန်စပါးလုပ်ငန်းနဲ့ ရေထွက်ကုန်  လုပ်ငန်းများကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ်  အသက်မွေး ရပ်တည်ကြပြီး ရေထွက်ကုန်ပစ္စည်းများ အနက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်တဲ့   အသင့် စားငါး နှပ်ခြောက်ကင် လုပ်ငန်းဟာ အခုလိုပွင့် လင်းရာသီချိန်တွင် မှာယူသူများပြား လာသဖြင့်   လုပ်ငန်းလုပ်ကိုင်သူများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာခဲ့ကြရ ကြောင်း သိရပါတယ်။

အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုအထိရှိလာခဲ့

Wed, 11/09/2016 - 15:13 -- journal_editor

ယခုနှစ်နှစ်စမှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုတို့ကိုခွင့်ပြုပေး ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏သတင်း ထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ ပမာဏစုစုပေါင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၄၃ ဒသမ ၂၈၉ဖြစ်ပြီး မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၅ ဒသမ ၈၉၅ နှင့် ကျပ်သန်းပေါင်း ၂၈၂၇၂၄ ဒသမ ၂၇၉ ဖြစ်ကြောင်း သိရသည်။အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု

အခြားနယ်များမှ အဆွဲသန်လို့ ပြည်ပွဲရုံသို့ ဝင်ရောက်တဲ့ ကြက်သွန်ဖြူ ဈေးမြင့်

Tue, 11/08/2016 - 14:47 -- journal_editor

         ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်မှာ ကြက်သွန်ဖြူအိတ်တွေ ပုံမှန်အဝင်ရှိပြီး ဈေးအနည်းငယ်ကျလာခဲ့ပေမယ့် ယခုနိုဝင်ဘာပထမပတ်ထဲမှာတော့ ကြက်သွန်ဖြူဈေးမြင့် တက်ကာ  အရောင်းအဝယ်ပြန်အေးသွား တာတွေ့ရပါ တယ်။ ယခုနှစ်အတွင်း စားဖိုဆောင်သီးနှံတွေ ဈေးနှုန်းတည်ငြိမ်မှုမရှိသလို ဈေးကစားတာ တွေလည်းဖြစ်ပေါ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စုံတို့မှ ဝယ်လိုအား အလျော့၊အတင်းပေါ်မူတည်ပြီးမှ ဝင်ေ ရာက်မှုရှိတာကြောင့် ဈေးကွက်မငြိမ်တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း တရုတ်ငွေေ ကြးဈေး မကိုက်မှုနှင့် ကျိုင်းတုံ၊ တာချီလိတ်၊ ထိုင်းနိုင်ငံတို့ဘက်မှ အဆွဲများနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ (ပြည်ပွဲရုံဈေး) တစ်ပိဿာလျှင် (ကြူကု

အောက်တိုဘာလအတွင်း ကုန်သွယ်ရေးဇုန်များနဲ့ စခန်းများမှ ကြက်သွန်နီ တန်ချိန်သုံးထောင်ကျော် တင်ပို့

Tue, 11/08/2016 - 14:35 -- journal_editor

         အောက်တိုဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတန် ၁၈၀ဝ ကျော်၊  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ  တန် ၈၀ဝ ခန့်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တန် ၄၂၀ နီးပါးနဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။

မုံရွာကုန်စည်ဒိုင်နိုဝင်ဘာလဆန်း ပဲဈေးကွက်ကုလားပဲ ဈေးဆက်လက်မာ

Tue, 11/08/2016 - 14:30 -- journal_editor

       မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလဆန်းပဲမျိုးစုံဈေးကွက် မှာ ကုလားပဲဈေးကွက်အနေနဲ့  ဒေသတွင်းပဲခွဲစက်၊ အမှုန့် ကြိတ်စက် လုပ်ငန်းသမားအဝယ်အပြင် ကြာဆန်နဲ့ မျိုးအ ဝယ် အနည်းငယ်ရှိခဲ့လို့  ဆက်လက်ဈေးမာနေရာ V2 တစ်တင်း ၄၅၅၀ဝကျပ်မှ ကျပ် ၄၆၀ဝ၀ ၊ ထိုင်ဝမ်တစ်တင်း ကျပ်၄၃၅၀ဝ မှ ကျပ် ၄၄၀ဝ၀ နဲ့ ၉၂၉ တစ်တင်း ကျပ် ၄၃၅၀ဝ ဝန်းကျင်နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ အောက်တိုဘာလကုန်ပတ်အတွင်း မုန်တိုင်းမိုးမကြာခဏရွာနေ လို့ ဒေသတချို့မိုးကြီးရာ စိုက်ပျိုးပြီးစ ကုလားပဲခင်းအနည်းငယ် အပင်ပေါက်တွေ ထိခိုက်ပျက်စီးမှုဖြစ်နိုင်တယ်လို့ တောင်သူတချို့ကဆိုပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း