ပြည်တွင်းငွေလဲနှုန်းကျဆင်းလာသဖြင့် ပြည်တွင်း ရွှေဈေး ကျပ်သုံးသောင်းကျော် ပြန်လည်ကျဆင်းလာ
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများလည်းပြန်လည်ကျဆင်းလာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အမြင့်ဆုံးဈေးအဖြစ် ကျပ် ၈၉၂၀၀၀ အထိ ေ ရာက်ရှိခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုတစ်ပတ်တွင် ကျပ်သုံးသောင်းကျော် ပြန်လည်ကျ ဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်း မှ သိရသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနှင့်အတူ ပြည်တွင်းငွေလဲနှုန်းများပါ ကျဆင်း လာ မှုကြောင့် ပြည်တွင်းရွှေဈေးများလိုက်ပါ ကျဆင်းလာခဲ့ခြင်းဖြစ်သည်ဟု ရွှေဈေး ကွက် ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။