Main menu

Background

စီးပွားရေးသတင်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပင်မစီမံချက်အပြီးသတ်အစီရင်ခံစာတင်ပြခြင်းနှင့် အသိပညာမျှဝေခြင်းအစီအစဉ် စတင်ခြင်း ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

Tue, 10/18/2016 - 13:22 -- journal_editor

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့(Myanmar Trade Promotion Organization - MYANTRADE)ဖွဲ့စည်းတည်ထောင်ရေးအတွက် ကိုရီးယားအပြည်ပြည် ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ( Korea International Coo- peration Agency - KOICA) ၏ အထောက်အပံ့၊ ကိုရီးယားနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ (Korea Trade-Investment Promotion Agency - KOTRA)  ၏ နည်းပညာအကူအညီဖြင့် ၁၈ လကြာ ရေရှည်စီမံကိန်း  (Masterplan)ချမှတ် ဆောင်ရွက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စီမံ ကိန်း ကာလပြီးစီးခဲ့ပြီဖြစ်ပါသည်။

ရှင်စောပုယာဉ်ရပ်နားစခန်း ပြောင်းရွှေ့ရမည့်ကိစ္စ အဆုံးအဖြတ်ကို အောက်တိုဘာ ၁၅ ရက်တွင် သိရမည်

Fri, 10/14/2016 - 13:22 -- journal_editor

      ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းပေါ်ရှိ ရှင်စောပု ကားရပ်နားစခန်း၏ ကန်ထရိုက်ယူထားသော သက်တမ်းပြည့်သွားခဲ့ သဖြင့် အခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရမည်ဟု သတင်းများပေါ် ထွက်လာခဲ့သည်။  ကန်ထရိုက်သက်တမ်းမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလခန့်ကတည်းက ပြည့်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိကန်ထရိုက်ယူထားသူမှ နောက်ထပ် သက် တမ်းတိုးရန် အခက်အခဲရှိနေကြောင်းနှင့် လက်ရှိအချိန်တွင်အရေအတွက် များပြား လှသောကားများကို ပြောင်းရွှေ့ရန် အခက်အခဲရှိသဖြင့် စခန်း ဝင်းအတွင်းရှိ ယာဉ်ရောင်းဝယ်သူများ စုပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသနားခံစာတင်ထားကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ထွက်ကုန်များသည် ကမ္ဘာ့မည်သည့်ဈေးကွက်တွင်မဆို ယှဉ်ပြိုင်နိုင်သည်ဟုဆို

Fri, 10/14/2016 - 13:10 -- journal_editor

       မြန်မာ့ကျောက်မျက်ရတနာထွက်ကုန်များသည် ကမ္ဘာပေါ်ရှိမည်သည့် ကျောက်မျက်ရတနာဈေးကွက်တွင်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးရှိကြောင်း အမေရိကန်ကျောက်မျက်ကုန်သွယ်ရေးကဏ္ဍမှ ကိုယ်စား လှယ်များက မှတ်ချက်ပြုခဲ့ကြသည်ဟုဆိုသည်။ အမေရိကန်ကျောက်မျက်ကုန် သွယ်ရေးအသင်း (AGTA)  ဥက္ကဋ္ဌဖြစ်သူ Mr Jeffrey Bilgore က "ကျွန်တော်တို့ ဒီကိုလာတွေ့တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ကျောက်မျက်ရတ နာ ကဏ္ဍဟာ ကမ္ဘာ့ဘယ်နိုင်ငံနဲ့ မဆိုတန်ဖိုးချင်းယှဉ်နိုင်ဆိုတဲ့အကြောင်းနဲ့ကုန်စည်ကူးသန်းမှုကပဲ ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူ ပြုမှာဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမိုရင့်သန်လာစေမှာဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြ သဖို့ပါပဲ။ မြန်မာ

မူဆယ်မြို့ တွင် (၁၆) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ ကျင်းပမည်

Fri, 10/14/2016 - 12:55 -- journal_editor

         ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ရေးထိုးခဲ့သော မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်အရ (၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ  (မူဆယ်) နှင့် (၁၂) ကြိမ်မြောက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေးအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ New St

ကမ္ဘာ့ကော်ဖီတင်ပို့မှုတွင် အင်ဒိုနီးရှားနိုင်ငံက အဓိကနေရာ ရောက်လာမည်

Wed, 10/12/2016 - 14:24 -- journal_editor

      လောလောဆယ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကော်ဖီဈေးကွက်၌ စတုတ္ထအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို အခြေခံစဉ်းစားခြင်းအားဖြင့် အင်ဒို နီးရှားနိုင်ငံ၏  စွမ်းဆော င် ရည်သည် အာရှဈေးကွက်၌လှော်ပြီး ကော်ဖီစေ့တင်ပို့မှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာမည့် အလားအလာရှိကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို အန်တာရာ သတင်းတွင် ဖော်ပြသည်။

တရုတ်ယွမ်ငွေကြေး ကမ္ဘာ့ဈေးကွက်ဝင်လာမှုကြောင့် ဗီယက်နမ်စီးပွားရေးကို ဂယက်ရိုက်ခတ်နိုင်

Wed, 10/12/2016 - 14:12 -- journal_editor

        တရုတ်ယွမ်ငွေကြေးသည် အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏ အရန်ငွေကြေး အုပ်စုတွင် ပါဝင်လာမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဘဏ္ဍာရေးဈေးကွက်ကို ဂယက်ရိုက်ခတ်မှုရှိခဲ့ရာ ဗီယက်နမ် နိုင် ငံ လည်း ထိုအခြေအနေမှ လွတ် ကင်းမှုမရှိဘဲ ပါဝင်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ အိုင်အမ်အက်ဖ်မှ ထုတ်ပေးသော ချေးငွေကို လက်ခံရယူရာတွင် အိုင်အမ် အက်ဖ်၏ အထူးထုတ်ယူခွင့် (အက်စ် ဒီအာ) စာရင်းဝင် ငွေကြေးများအဖြစ် အမေရိကန်ဒေါ်လာ၊ ယူရို၊  ယန်းနှင့် ဗြိတိသျှ  စတာလင်ပေါင်တို့နှင့်အတူ ယွမ်ငွေကြေးသည်လည်း အောက်တိုဘာ ၁ ရက်မှ စတင်ပါဝင်လာခဲ့သည်။

လုပ်ငန်းဆက်ခံသူ ရရှိရန် အခက်ကြုံနေရသဖြင့် ဂျပန်အသေးစားလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်

Wed, 10/12/2016 - 13:37 -- journal_editor

    အသက်အရွယ် ကြီးရင့်လာသော လုပ်ငန်းပိုင်ရှင်များက လုပ်ငန်းကို ဆက်ခံနိုင်သူရရှိရန် အလူးအလဲ ရုန်းကန်နေရသည့်အတွက် ဂျပန်နိုင်ရှိ အသေးစားစီးပွားရေး လုပ်ငန်းကလေးများမှာ ဆိတ်သုဉ်းပျောက်ကွယ်ရတော့ မည့် အခြေအနေကိုရောက်ရှိနေကြောင်းနှင့် အသက်အရွယ်ကြီးရင့် သူဦးရေ လျင်မြန်စွာ တိုးတက်လာခြင်းက ဂျပန်နိုင်ငံအတွက် အခက်အခဲတစ်ခုဖြစ်လာတော့မည့် လက္ခဏာတစ်ရပ်အဖြစ် ပြသလာကြောင်း ရိုက်တာ သတင်း တွင် ဖော်ပြသည်။

အိန္ဒိယအရှေ့ မြောက်ဒေသအား နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ချိတ်ဆက်ရန် အိန္ဒိယမီးရထားဝန်ကြီးဌာနစီစဉ်

Tue, 10/11/2016 - 14:12 -- journal_editor

        အိန္ဒိယ မီးရထားဝန်ကြီးဌာနသည် အိန္ဒိယအရှေ့ မြောက်ဒေသအား နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ချိတ်ဆက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည်။ အိန္ဒိယ နိုင်ငံအနေဖြင့် နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့ကဲ့ သို့ေ သာ အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မှု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ နိုင်ငံများသို့ ရထားလမ်းသစ်များ ဖောက်လုပ်နိုင်ရေး တိုင်းတာမှုလုပ်ငန်းများကို အိန္ဒိယရထားလမ်းဖောက်လုပ်ရေး အဖွဲ့မှ ဆောင် ရွက်ခဲ့ပြီး ဖြစ်သည်။Northeast Frontier Railway (NFR) သည် ဆင်ဟာဘတ်မြို့၌ ဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့် ဆက်သွယ်သည့် ရထားလမ်းကို ဖောက်လုပ်ခဲ့ပြီးဖြစ်ရာ Radhikapur မြို့နှင့်

နို့ဆီ တန်ချိန်၁၀၀ကျော်နဲ့ နို့မှုန့်တန်ချိန် ၁၅၀နီးပါးဝင်

Tue, 10/11/2016 - 13:40 -- journal_editor

       စက်တင်ဘာ၂၅ရက်မှ အောက်တိုဘာ ၁ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၅၈၉၆၀တန်ဖိုးရှိ နို့ဆီ၁၂၄ ဒသမ ၂၀တန်ကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဒွန်းနို့ဆီတစ်မျိုး တည်း သာ ဝင်လာခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်မှာ တန်ချိန်၂၇၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုကတန်ချိန်  ၁၄၀ကျော် လျော့ နည်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားမှ နို့မှုန့် ၅၂ ဒသမ၈၅၃တန်၊ နယူး ဇီလန်မှ ၅၀ဒသမ ၄၀တန်၊ ဗီယက်နမ်မှ ၁၁ ဒသမ ၇၀ တန်၊ စင်ကာပူမှ  ၂၉ ဒသမ၆၄၈တန် စုစုပေါင်း ၁၄၄ ဒသမ ၅၈၃တန် တင်သွင်းခဲ့တယ်လို့  သိရပါတယ်။ ယခင်သီတင်းပတ်က နို့မှုန့်တစ်တန်ကျော်သာ တင်သွင်းခဲ့တာကြော င့် ဒီတစ်ပတ် တင်သွင်းမ

ဘိလပ်မြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်

Tue, 10/11/2016 - 13:29 -- journal_editor

          စက်တင်ဘာလ၂၅ ရက်မှ အောက်တိုဘာ ၁ရက် သီတင်းပတ်မှာ ပြည်တွင်း ကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၉၀ရှိခဲ့တယ်လို့ သိရပါတယ်။ယခင် တစ်ပတ် ဘိလပ်မြေအဝင်မှာတန်ချိန် ၁၀၅၅၀ကျော် ရှိခဲ့တာေ ကြာင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၀၀၀၀ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နယ်စပ် လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၇၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၁၂၉၆၀ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန်၄၁၆၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်း မှ အဝင်ပိုခဲ့ပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း