Main menu

Background

စားနပ်ရိက္ခာဖူလုံဖို့ အလှူရှင်ကို မျှော်မှာလား ကိုယ့်အားကိုယ်ကိုးမှာလား

Wed, 01/20/2010 - 04:19 -- Anonymous (not verified)

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာထိပ် သီးအစည်းအဝေးကို ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ၂၀၀၉ ခုနှစ် နိုဝင်ဘာ တတိယရက် သတ္တပတ်အတွင်းက  ကျင်းပခဲ့ပါတယ်။ ဒီအချိန်က ကမ္ဘာကြီးဟာ ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းကနေ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကနေပေါ် ထွက်လာမဲ့အကျပ်အတည်းကို အာရုံ ပြောင်းလဲလာခဲ့ပါတယ်။ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဖရင့်ကျင်းပချိန်ဟာ မုန် တိုင်းနှစ်ခုကြားကာလမျိုးဖြစ်နေပါတယ်။ ပထမမုန်တိုင်းကတော့ ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်းကဖြစ်ခဲ့ပြီး ကမ္ဘာ့စားနပ် ရိက္ခာဈေးနှုန်းတွေဟာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးမြင့်တက်ခဲ့တဲ့ အချိန် ဖြစ်ပါတယ်။ ဟေတီနဲ့မဒတ်ဂတ်စကာ နိုင်ငံတို့မှာ အစိုးရအပြောင်းအလဲပေါ် ပေါက်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒုတိယ မုန်တိုင်းကတော့  ကမ္ဘာ့စားနပ်ရိက္ခာကွင်းဆက်မှာ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ ချိန်ခွင်လျှာ မညီမျှမှုတွေပဲဖြစ်ပါတယ်။  ဒီမညီမျှမှု တွေက ပျောက်ကွယ်မသွားသေးပါဘူး။ ဘဏ္ဍာရေးအကျပ်အတည်း ကြောင့် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်းမှာ စားနပ်ရိက္ခာအကျပ်အတည်းက ငုံ့လျှိုး သွားသယောင်တွေ့ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ် ပထမ ၁၀ လအတွင်းမှာ စားနပ် ရိက္ခာဈေးနှုန်းတွေက ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၇ ခုနှစ်က အဖြစ်မျိုးပြန် ရောက်သွားမှာကို စိုးရိမ်စရာဖြစ် ခဲ့ရပါ တယ်။ အဆိုးဆုံးကတော့ အဆင်းရဲဆုံး လူတွေ ပိုမိုထိခိုက်ခံရတာဖြစ်ပါတယ်။ အာဟာရချို့တဲ့သူဦးရေဟာ ၂၀၀၈ ခုနှစ်က ရှိခဲ့တဲ့ဦး ရေထက် ၂၀၀၉ ခုနှစ် မှာ ၁ ဘီလီယံ ပိုမိုမြင့်တက်လာတာကို အက်ဖ်အေအိုစာရင်းများမှာတွေ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၃၀ ဥပေက္ခာ ပြု ထားတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အတွက် ငွေကြေးတွေရင်းနှီး မြှုပ်နှံမှုပြု လာကြရပါတယ်။ ကတိကဝတ်များ ၂၀၀၉ ခုနှစ် ဇူလိုင်လက အီတလီ နိုင်ငံ အာကွီလာမြို့မှာကျင်းပခဲ့တဲ့ ဂျီ-၈ နိုင်ငံများရဲ့ အစည်းအဝေးက လာမဲ့ သုံးနှစ်အတွင်း လယ်ယာစိုက်ပျိုးရေးဖွံ့ ဖြိုးမှုအတွက် ဒေါ်လာဘီလီယံ ၂၀ သုံး ဖို့ ကတိပြုခဲ့ပါတယ်။ ဒီငွေကြေးဟာ အားလုံးအခုမှထပ်တိုးလိုက်တဲ့ ငွေကြေး မဟုတ်ပါဘူး။ နောက်ထပ်တိုးပြီး ကတိ ပြုတဲ့ငွေကြေးဟာ ဒေါ်လာ ၃ ဘီလီယံ ကနေ ၅ ဘီလီယံလောက်ပဲရှိပါတယ်။ ဒီလိုကတိပြုထားတဲ့ထဲက ဘယ် လောက်ပေးပြီးပြီဆိုတာ မသိရသေးပါ ဘူး။ ပေးမယ်လို့ ကတိပြုထားတဲ့ငွေ ကြေးက အက်ဖ်အေအိုက အာဟာရ ချို့တဲ့မှု တိုက်ဖျက်ဖို့လိုမယ်လို့ ခန့်မှန်း ထားတဲ့ ဒေါ်လာ ၄၄ ဘီလီယံနဲ့ နှိုင်း ယှဉ်ကြည့်ရင် အများကြီးနည်းနေပါ သေးတယ်။  ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ဘဏ်က လယ်ယာစိုက်ပျိုးရေးအတွက် သုံးစွဲငွေ ကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်ပြီး ဒေါ်လာ ၆ ဘီလီယံအထိ သတ်မှတ်ခဲ့ပါတယ်။ အစ္စလမ်မစ်ဖွံ့ဖြိုးရေးဘဏ်က လယ် ယာစိုက်ပျိုးရေးဌာနကို ပထမဆုံး အကြိမ်အဖြစ် ထူထောင်ခဲ့ပါတယ်။ အမျိုးသားအဆင့်ကြိုးပမ်းမှုများ အရေးပါးဆုံးလှုပ်ရှားမှုကတော့ အမျိုးသားအဆင့်ဆောင်ရွက်မှုတွေ အဖြစ် တွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေဟာ လယ်သမားတွေကို အကူ အညီပေးဖို့အတွက် ဆောင်ရွက်လာ တာတွေ့ရပါတယ်။ အာဖရိက ဒေသရှိ အစိုးရတွေက ၂၀၀၃ ခုနှစ်က ကတိပြု ထားတဲ့အတိုင်း လယ်ယာစိုက်ပျိုးရေး အတွက် သုံးငွေကို နိုင်ငံ့ဘတ်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲခဲ့ပါ တယ်။ ကျေးလက်ဒေသတွေမှာ လမ်းဖောက်ခြင်း၊ မျိုးစေ့နဲ့ဓာတ်မြေသြ ဇာအတွက် ထောက်ပံ့ငွေပေးခြင်း စတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရက မျိုးစေ့ဘဏ် ကိုထူ ထောင်ပေးခဲ့တဲ့ အပြင် လေမုန် တိုင်း ဒဏ်ခံရတဲ့အခါမျိုးမှာ သုံးစွဲနိုင် အောင် အရန်သိုလှောင်မှုတွေ ဆောင် ရွက်ပေးခဲ့ပါတယ်။ အလားတူပဲ လီဆို သိုနဲ့ ယူဂန္ဓာနိုင်ငံတွေက ]]မျိုးစေ့ပြပွဲ}} တွေ ကျင်းပခဲ့ပါတယ်။ တန်ဇန်နီးယား၊ မာလီ၊ မာလာဝီစတဲ့ နိုင်ငံတွေကလည်း ကိုယ်ထူကိုယ်ထ ကြိုးပမ်းမှုတွေပြုလုပ် ခဲ့ပြီး တောင်သူလယ်သမားတွေကို အကူ အညီပေးတဲ့နည်းနဲ့ ဆင်းရဲမှုတိုက် ဖျက် ရေးအစီအမံတွေကို ဆောင်ရွက် ခဲ့ကြပါတယ်။အလှည့်အပြောင်း ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်က ဆန်တင်ပို့ မှုကို ပိတ်ပင်လိုက်တဲ့ အခါ အများဆုံး တင်သွင်းနေရတဲ့ ဖိလစ်ပိုင်နိုင်ငံအဖို့ အပြည်ပြည်ဆိုင်ရာ ဆန်ဖြန့်ဖြူးရောင်း ချမှုကို မယုံစားနိုင်အောင်ဖြစ်ခဲ့ရပါ တယ်။ ဒါကြောင့် အိန္ဒိယက သီးနှံ အထွက်နှုန်းမကောင်းဘူးလို့ သိရတဲ့ အချိန်မှာ ဖိလစ်ပိုင်က ဆန်မက်ထရစ် တန် ၁ ဒသမ ၅ သန်းကို ဝယ်ထား လိုက်ပါတယ်။  ကမ္ဘာ့နိုင်ငံတွေမှာ "အစားအစာ လုံခြုံရေး"  ဆိုတဲ့ဦးတည်ချက်ကနေ "အစားအစာြ ပည်တွင်းဖူလုံမှု"  ဆိုတဲ့ ဦး တည်ချက်ကို အမျိုးသားရေး ရည်မှန်း ချက်အဖြစ် ဆောင်ရွက်လျက် ရှိနေပါ တယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဖိလစ်ပိုင်နိုင်ငံက ဆန်လိုအပ်ချက်ရဲ့ ၉၈ ရာခိုင် နှုန်းကို ရရှိအောင် စိုက်ပျိုးဖို့ ရည်မှန်း ထားပါတယ်။ အင်ဒိုနီးရှားကလည်း စားနပ်ရိက္ခာကို ပြည်တွင်း ဖူလုံမှုရ အောင် ဆောင်ရွက်မယ်လို့ ဖိလစ်ပိုင် သမ္မတကပြောကြားပါတယ်။ အလား တူဆီနီဂေါ၊ တရုတ်၊ မလေးရှား၊ ကိုလံ ဘီယာနဲ့ ဟွန်ဒူးရပ်တွေကလည်း ရည် မှန်းချက်တွေထားရှိနေကြပြီ ဖြစ်ပါ တယ်။ ဒီပြောင်းလဲမှုကြောင့် အက်အေအို အဖွဲ့ကပင်လျှင် လယ်ယာစိုက်ပျိုး ရေးမှာ "ပါရာဒိုင်း အပြောင်းအလဲ"  ဖြစ်နိုင်တယ်လို့ ပြောဆိုလာတာကို တွေ့နေရပါတယ်။ The Economist