Main menu

Background

Royal Thai Embassy Yangon မှ Minister Counsellor (Commercial) Asst. Prof.Thanawut Naigowit နှင့် တွေ့ဆုံမေးမြန်းခြင်း

Fri, 01/20/2023 - 15:49 -- journal_editor

မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးကုန်သွယ်မှု အခြေအနေလေး သိပါရစေ။

၂၀၂၂ ခုနှစ်ကုန်အထိ  မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုဟာဆိုလို့ရှိရင် အမေရိကန်ဒေါ်လာ သန်း ၈၀ဝ၀ လောက်ရှိပါတယ်။ အဲလိုမျိုးပဲ နှစ်နိုင်ငံကုန်သွယ်မှုဟာ ဆက်လက် တိုးတက်သွားမှာ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ကြားမှာဆိုလို့ရှိရင် ၂၀၂၂ မှာ ကုန်သွယ် မှုက ၁၀ ရာခိုင်နှုန်း ပိုမြင့်လာတာ တွေ့ရပါတယ်။ ထိုင်းဘက်ကနေ မြန်မာဘက်ကို နယ်စပ်ကနေပြီးတော့ ကုန်သွယ်ရာမှာ တိုးတက်လာခဲ့သလို မြန်မာဘက်ကနေပြီးတော့လည်း ထိုင်းဘက်ကို ကုန်တင်ပို့ရာမှာ တိုးတက်လာခဲ့ပါတယ်။ ထိုင်းကနေပြီးတော့ မြန်မာဆီကနေ ကုန်စည်တွေ တင်သွင်းတာဟာဆိုလို့ရှိရင်  မြင့်တက်လာပါ တယ်။

ထိုင်းနိုင်ငံအနေနဲ့  မြန်မာနိုင်ငံဘက်မှ အဓိကတင်သွင်းတဲ့ကုန်ပစ္စည်းအကြောင်းတွေလည်း ရှင်းပြပေးပါဦး။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်း အများဆုံးဆိုလို့ရှိရင် စိုက်ပျိုးရေးပစ္စည်းတွေ  ပိုပြီးတော့ တင်သွင်းတယ်။ ဒီနှစ်မှာဆိုလို့ရှိရင် မြန်မာ့ပြောင်းဖူးကို ထိုင်းဘက်က တင်သွင်းတာဆိုလို့ရှိရင် တန်ချိန် နှစ်သန်း ရှိပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်းတွေကို မှီခိုနေရတာမြင်တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာဆိုလို့ရှိရင် နှစ်နိုင်ငံ ဆက် ပြီးတော့ လက်တွဲသွားနိုင်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို ဝယ်ယူရုံတင်မကဘူး။ ထိုင်းကကုန်သည်တွေကလည်း မြန်မာနိုင်ငံမှာလာပြီးတော့ ရင်းနှီးမြှုပ်နှံကြတယ်။ ဒီလိုမျိုး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးမြင့်တက် လာတဲ့အတွက်ကြောင့် နောက်ပိုင်းမှာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ တောင်သူတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ထိုင်းဘက်က ဝယ်ယူပြီးတော့ ထုတ်လုပ်နိုင်တဲ့အတွက် ထိုင်းလူမျိုးတွေအနေနဲ့ ဝယ်ယူစားသုံးနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့်မို့  မြန်မာဘက်ကရော ထိုင်းဘက်ကပါ လယ်ယာစိုက်ပျိုးရေးက နှစ်နိုင်ငံစလုံး အတူတူ တိုးတက်သွားမယ်ဆိုပြီး မြင်နိုင်ပါတယ်။ ထိုင်းဘက်က ပစ္စည်းတွေကို မြန်မာဘက်ကနေပြီးတော့ တင်သွင်းမှုကလည်း မြင့်တက်လာမှာပါ။ မြန်မာနိုင်ငံကနေပြီးတော့လည်း ထိုင်းနိုင်ငံဆီကနေ တင်သွင်းတဲ့ပစ္စည်းတွေဟာဆိုလို့ရှိရင် လူသုံးကုန်၊ စားသုံးကုန်တွေ တင်မကဘူး။ ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေတွေကိုလည်း ထိုင်းကနေ တင်သွင်းတာ များပါတယ်။ ထိုင်းနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံဘက်ကို အဲလိုပစ္စည်းတွေ တင်ပို့တဲ့ နေရာမှာ ကောင်းတဲ့ အရည်အသွေးမြင့် ပစ္စည်းတွေကိုပဲ တင်သွင်းပေးတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကောင်းကောင်းသုံးရအောင်လို့ပါ။ အဲလိုမျိုး နှစ်နိုင်ငံ ကုန်သွယ်တဲ့နေရာမှာ ထိုင်းဘက်ကနေပြီးတော့ မြန်မာဘက်ကို ကုန်ပစ္စည်းတင်သွင်းမယ်ဆိုလို့ရှိရင် မြန်မာဘက်က ကုန်ပစ္စည်းတင်သွင်းတဲ့သူရယ်၊ ဖြန့်ချိတဲ့သူရယ်၊ ဆိုင်တွေကို အများကြီးမှီခိုရပါတယ်။ ဒါကြောင့်မို့ ထိုင်းနဲ့ မြန်မာ လက်တွဲညီညီ ဆောင်ရွက်တဲ့အတွက် ပိုမိုပြီးတော့ ရင်းနှီးလာတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဝန်ကြီးဌာနရော ထိုင်းနိုင်ငံရဲ့ စီးပွားရေးဝန်ကြီးဌာနကပါ ဝန်ကြီးဌာနနှစ်ခုစလုံးက ရင်းရင်းနှီးနှီးနဲ့ ပူးပေါင်း အလုပ်လုပ်ဆောင်လာကြတဲ့အတွက်ကြောင့်မို့ နှစ်နိုင်ငံကုန်သွယ်ရေးက အဆင်ပြေချောမွေ့လာပါတယ်။ ထိုင်းလူမျိုးတွေအနေနဲ့  မြန်မာနိုင်ငံထဲကို လာပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ဆိုလို့ရှိရင် စက်ရုံဆောက်တာတွေလည်းရှိတယ်။ ကုန်သွယ်မှုလုပ်တာတွေလည်းရှိတယ်။  လက်လီဆိုင် အကြီးစားတွေ လာဖွင့်တာအပြင် စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာလည်း လာပြီးတော့ ရင်းနှီးမြှုပ်နှံတာရှိတယ်။ စက်မှုလုပ်ငန်းနဲ့ ကုန်သွယ်ရေးအပိုင်းမှာဆိုလို့ရှိရင် နှစ်နိုင်ငံ အမြဲတမ်း လုပ်ဆောင်သွားတာဖြစ်ပြီးတော့ စက်မှုလုပ်ငန်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံကနေ မြန်မာဘက်ကို ကူညီပေးနိုင်တာ အများကြီးရှိပါတယ်။ အခုလိုမျိုးလုပ်နိုင်တာဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေလည်း ခွင့်ပြုချက်ရတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေလည်း ပေးတဲ့အကူအညီတွေလည်း အများကြီးပါပါတယ်။ အဲလိုမျိုး ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ထိုင်းကုန်သည်တွေကို မြန်မာနိုင်ငံရဲ့ အစိုးရရုံးပိုင်းဆိုင်ရာမှာ ပံ့ပိုးပေးတဲ့အတွက်ကြောင့်လည်း ဝမ်းမြောက်မိပါတယ်။ ထိုင်းလူမျိုးတွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံကို ပထမဦးဆုံး စဉ်းစားမိကြပါတယ်။ အခု မြန်မာ့စီးပွားရေးဟာလည်း အဆင်မပြေတာတွေလည်းရှိတယ်။ ကိုဗစ်(၁၉)လည်းဖြစ်ပေါ်ခဲ့တဲ့ကြားထဲမှပဲ ထိုင်းနိုင်ငံကနေ ပြီးတော့ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံတာတွေရှိပါတယ်။  ဒါကလည်း ထိုင်းနဲ့မြန်မာ စီးပွားကူးသန်းဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အကျိုးဆက်ကောင်းတွေလည်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အခုလိုမျိုး လက်တွဲဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအပြင် Franchise လုပ်ငန်းတွေလည်း လုပ်ကိုင်တာတွေ တွေ့လာရပါတယ်။ တကယ်လို့ မြန်မာဘက်က Franchise လုပ်မယ်ဆိုရင် ဘယ်လိုတွေ ဆောင်ရွက်ရပါမလဲ။

မြန်မာလုပ်ငန်းရှင်က ထိုင်းစီပွားရေးသံရုံးကို ဆက်သွယ်လာမည်ဆိုပါက အဆင့်ဆင့် ချိတ်ဆက်ပြီး  ပူးပေါင်းကူညီဆောင်ရွက်ပေးပါ တယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ ရှည်ကြာလှပါပြီ။ ကုန်သွယ်ရေးရော လူမှုဆက်ဆံရေးရောပေါ့။  စီးပွားရေးဘက်ပိုင်းမှာ ဆိုလို့ရှိရင် ထိုင်းနဲ့  မြန်မာဟာဆိုလို့ရှိရင် မောင်နှမတွေလိုမျိုးပဲပေါ့။  ပူးပေါင်းဆောင်ရွက်လာတာဆိုလို့ရှိရင် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းတွေအပြင် စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ပိုင်းရော ပါဝင်ပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်းမှာ ဆိုလို့ရှိရင် ထိုင်းနိုင်ငံရော မြန်မာနိုင်ငံပါ အခုလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ပြီးတော့ ရှိနေမှာဖြစ်ပါတယ်။

တိဗ္ဗ