ကျွန်းသစ်ခွဲသားများ တာချီလိတ်နယ်စပ်မှ စတင် တင်ပို့ပြီ
တာချီလိတ်မြို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တည်ရှိ ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် နိုင်ငံများအနက်မှ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို မယ်ဆိုင်ချောင်းအား ဖြတ်၍ အမှတ် (၁) ချစ်ကြည်ရေးတံတား မှ လူဝင်/ထွက်များ စိစစ်ခွင့်ပြုပေးနေ သလို အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပို့ကုန်သွင်းကုန် ပစ္စည်းတင်ယာဉ်များ ဝင်/ထွက်ကုန်သွယ်မှုပြုလျက်ရှိသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ် မှုတွင် တာချီလိတ်နယ်စပ်ကုန်သွယ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပို့ကုန် ၂၀ ဒသမ ၁၀၉ ဒေါ်လာ သန်းနှင့် သွင်းကုန် ၆၉ ဒသမ ၂၇၅ ဒေါ်လာ သန်းဖြစ်သဖြင့် စုစုပေါင်းကုန် သွယ်မှုပမာဏအနေဖြင့် ၈၉ ဒသမ ၄၀