ယခု ဘဏ္ဍာနှစ် ကိုးလအတွင်း ITC ကတ်ဖြင့် ကျပ်သိန်းလေးသောင်းခုနစ်ထောင်ကျော် ကုန်သွယ်ထား
ယခု ဘဏ္ဍာနှစ်ကိုးလအတွင်း တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်လက်မှတ် (ITC) ကတ်ဖြင့်ကျပ်သိန်း လေးသောင်း ခုနစ်ထောင်ကျော် ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။ ကုန်သွယ်ထားမှုပြုထားသည့်စာရင်းအရ ပို့ကုန်တန်ဖိုး ကျပ်သိန်းခုနစ်ထောင်ကျော်၊ သွင်းကုန်တန်ဖိုး ကျပ်သိန်းလေး သောင်းခန့်ရှိကြောင်း ယင်းဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။