ရှမ်းပြောင်းအဝင်မရှိလို့ ဈေးမြင့်တက်လာ
ရှမ်းပြည်နယ်(တောင်ပိုင်း)မှာအခုထိ မိုးမပြတ်သေးပါဘူး။ မုန်တိုင်းအရှိန် ကြောင့် မိုးကောင်းနေပါတယ်။ မိုးမပြတ်သေးတာကြောင့် ပြောင်းတွေကိုလည်း ရိတ်သိမ်းလို့ မရသေးဘူးလို့သိရပါတယ်။ ဈေးကွက်မှာလည်း ပစ္စည်းအဝင်နည်း နေတော့ အရင်လကထက်ပိုပြီးဈေးတက်လာပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ပြောင်းကို မြို့နယ်အနှံ့စိုက်ပျိုးကြပြီး အဓိကရောင်းကုန်အဖြစ် ထုတ်လုပ်ကြ တာဖြစ်ပါတယ်။ နှစ်စဉ်သီတင်းကျွတ်ပြီးရင် ပစ္စည်းတွေအဝင်များလာပေမယ့် ဒီနှစ်တော့ မိုးကြောင့် မရိတ်သိမ်းနိုင်လို့ တန်ဆောင်မုန်းလမှ ဝင်လာနိုင်မယ်လို့ ဈေးကွက်က သိရပါတယ်။အခုလောလောဆယ်မှာ အစိုဓာတ်တွေရှိနေသေးတာ ကြောင့် ဈေးကွက်မှာ အနည်း အကျဉ်းသာ ဝင်ရောက