Main menu

Background

ကုန်သွယ်ရေးသတင်း

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့စခန်းများမှ သကြား လျော့နည်းတင်ပို့ပြီး ထိုင်းနယ်စပ်မှ သကြားပိုမိုတင်သွင်း

Thu, 01/26/2017 - 15:31 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆၂၄ သန်း တန်ဖိုးရှိသကြား ၄၅၃၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှRe-export သကြား ၄၅၀၅၈ တန်ကျော်၊ ချင်းရွှေဟော်မှ သကြားဖြူ ၂၆၉ တန်နဲ့ ွRe-export သကြား ၆၉ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က အဆိုပါ စခန်းနှစ်ခုမှ ၄၆၃၉၀ တန် ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်တရုတ်နိုင်ငံသို့ သကြား ၉၉၃ တန်ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။

ပြည်ကုလားပဲဈေးလျော့ကျလာသော်လည်း ဈေးအကောင်းဆုံးဖြစ်နေ

Thu, 01/26/2017 - 15:07 -- journal_editor

နှစ်ဆန်းပိုင်းမှာ ပြည်ပဲဈေးကွက်သို့ ပဲသစ်အချို့ဝင်ရောက်မှုရှိသော်လည်း ကုလားပဲသီးနှံနှင့် ပဲကြီးသီးနှံများမှာ ဈေးကွက်သို့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ရက် အိတ် ၁၀၀ ကျော်သာ ပဲခွဲစက်သမားများ  အဓိကဝယ်ယူကြတယ်လို့လည်း သိရပါတယ်။ ပြည်ပဝယ်လက်ပဲများထက် ပြည်တွင်းပဲဈေးကွက်မှာ ဈေးအမြင့်ဆုံး ရနေခဲ့တဲ့ ကုလားပဲသီးနှံဟာ ယခုရက်ပိုင်းမှာတော့ ပဲဈေးတဖြည်း ဖြည်းပြန်လျော့ကျ လာပေမယ့် ဈေးနှုန်းနှိုင်းယှဉ်မှုအရ ပဲအားလုံးထက် ဈေးပိုနေခဲ့ တဲ့အတွက် ပဲတစ် တင်း ကျပ် ၄၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
ခင်ဆွေဝင်း

တရုတ်ဝယ်လက်ကြောင့်ဈေးမြင့်တက်လာတဲ့မုံရွာကွမ်းရွက် (ကွမ်းစိမ်း) ဈေးကွက်

Thu, 01/26/2017 - 15:04 -- journal_editor

တရုတ်(တိုင်ပေ)မှဝယ်လက်များကြောင့် ယခုနှစ် ကွမ်း ရွက်ဈေးမှာ ယခင်နှစ်ထက် မြင့်တက်ခဲ့ပြီး ကွမ်းစိုက်တောင် သူတို့ ဈေးကောင်းရနေကြောင်း  မုံရွာမြို့ရှိ ကွမ်းပွဲရုံများထံမှ သိရှိရပါတယ်။ ကွမ်းရွက်ဈေးမှာ  ကွမ်းစိမ်းတစ်ပိသာ ကျပ် ၁၀၀၀၀၊ကွမ်းနုဝါ တစ်ပိသာ ကျပ် ၈၀၀၀ ဈေးရှိပြီး ယခင်နှစ် ထက် ယခုနှစ်မှာ တစ်ပိဿသာကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာ ကြောင်းသိရပါတယ်။ကွမ်းနုဝါသည် အပူအပုပ်နိုင်နင်းသဖြင့် ကွမ်းရွက်ဖြင့် ထုပ်ပိုးထားသော ပုစွန်များမှာ အရောင်အဆင်း၊ အနံ့အရသာ မပျက်ဆီးဘဲ မူလအတိုင်း ပုစွန်များကို ရရှိစေတဲ့အတွက် ကွမ်းရွက်ကို ထုပ်ပိုးပစ္စည်းအဖြစ် တရုတ်(တိုင်ပေ)တွင် သုံးစွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။   

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ တင်ပို့

Mon, 01/23/2017 - 15:24 -- journal_editor

ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက် အထိ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၃ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ငါးစုံလေး ခြောက် ၂၄၈ တန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်ကထက် ငါးနီတူခြောက် ၁၄ တန် နဲ့ ငါးစုံလေးခြောက် ၂၃၈ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ ယင်းသို့ပိုမိုတင်ပို့ခဲ့ ခြင်းမှာ ယခုတစ်ပတ်မှာ မောင်တော ကုန်သွယ်ရေးစခန်းမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ ပြန်လည် တင်ပို့ လာခဲ့ခြင်းကြောင့် ဖြစ်တယ်လို့သိရပါ တယ်။

ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ ပိုမိုတင်သွင်း

Mon, 01/23/2017 - 15:16 -- journal_editor

      ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေး စခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် မျိုးစုံ ၂၁၃၄၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်က ၁၀၄၄၅ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၀၉၀၄ စီး ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ ပိုမိုတင်သွင်းခဲ့ခြင်းမှာ မူဆယ် ကုန်သွယ်ရေးဇုန်နဲ့ မြဝတီကုန်သွယ် ရေးဇုန်များမှ ဆိုင်ကယ်များ ပိုမို တင်သွင်း သောကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လဲမှို့ တင်ပို့ပြီး တရုတ်နိုင်ငံသို့ ပိုးအိမ်တင်ပို့

Mon, 01/23/2017 - 15:13 -- journal_editor

        မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၅၀၀ တန်ဖိုးရှိ လဲမှို့ ၁၀ တန် တင်ပို့ခဲ့သလို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၇၂ သန်း တန်ဖိုးရှိ ပိုးအိမ် ၁၆ တန် တင်ပို့ခဲ့ပါတယ်။မောင်တော မှ လဲမှို့ ၁၂ တန်ကို အောက်တိုဘာလ အတွင်းက တင်ပို့ခဲ့ပြီး လိုင်စင်ဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၅၀ ရှိတယ်လို့ သိရပါ တယ်။                       

  မော်မော်အောင်

 

ဒေါ်နယ်ထရမ့်၏ မူဝါဒများကြောင့် အိန္ဒိယဆေးဝါးလုပ်ငန်းကို မထိခိုက်

Thu, 01/19/2017 - 17:15 -- journal_editor

အမေရိကန်   ပြည်ထောင်စုတွင် အဆိုပြုထားသော   ကျန်းမာရေးစောင့် ရှောက်မှု မူဝါဒအပြောင်းအလဲများကြောင့် အိန္ဒိယကုမ္ပဏီများအပေါ်တွင် ဂယက်ရိုက် ခတ်မှုအနည်းငယ်သာ  ရှိလာနိုင်မည်ဟု အိန္ဒိယဆေးဝါးထုတ် လုပ်သူများနှင့် ဆေး ဝါးတင်ပို့သူများက   ဇန်နဝါရီ ၁၂ ရက်က ပြောကြားကြောင်း  ဘိဇနက်စတန်းဒတ် သတင်းတွင် ဖော်ပြသည်။အိုဘားမား   ကျန်းမာရေးေ စာင့် ရှောက်မှု အက်ဥပဒေ (Obamacare Act)  ကို ပြန်လည် ရုပ်သိမ်း၍ အစားထိုးပြဋ္ဌာန်း မည်ဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကို အမေရိကန်နိုင်ငံသို့ ပြန် လည်   ရွှေ့ပြောင်းမည်ဖြစ်ကြောင်းနှင့် ဆေးဝါးစောင့်ရှောက်မှုအတွက် အစိုးရက ကတိပြုထားသော  လူမှုအာမခံ အစီအစဉ် အတွက် လေလံခေါ

ဒေါ်နယ်ထရမ့်၏ မူဝါဒများကြောင့် အိန္ဒိယဆေးဝါးလုပ်ငန်းကို မထိခိုက်

Thu, 01/19/2017 - 16:02 -- journal_editor

အမေရိကန်   ပြည်ထောင်စုတွင် အဆိုပြုထားသော   ကျန်းမာရေးစောင့် ရှောက်မှု မူဝါဒအပြောင်းအလဲများကြောင့် အိန္ဒိယကုမ္ပဏီများအပေါ်တွင် ဂယက်ရိုက် ခတ်မှုအနည်းငယ်သာ  ရှိလာနိုင်မည်ဟု အိန္ဒိယဆေးဝါးထုတ် လုပ်သူများနှင့် ဆေး ဝါးတင်ပို့သူများက   ဇန်နဝါရီ ၁၂ ရက်က ပြောကြားကြောင်း  ဘိဇနက်စတန်းဒတ် သတင်းတွင် ဖော်ပြသည်။အိုဘားမား   ကျန်းမာရေးေ စာင့် ရှောက်မှု အက်ဥပဒေ (Obamacare Act)  ကို ပြန်လည် ရုပ်သိမ်း၍ အစားထိုးပြဋ္ဌာန်း မည်ဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကို အမေရိကန်နိုင်ငံသို့ ပြန် လည်   ရွှေ့ပြောင်းမည်ဖြစ်ကြောင်းနှင့် ဆေးဝါးစောင့်ရှောက်မှုအတွက် အစိုးရက ကတိပြုထားသော  လူမှုအာမခံ အစီအစဉ် အတွက် လေလံခေါ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်လိုင်းများအနက်မှ ကုန်စည်လိုင်း ၁၅၀အား သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သောကုန်စည်လိုင်း အဖြစ် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာ(

Mon, 12/26/2016 - 14:54 -- journal_editor

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်လိုင်းများအနက်မှ ကုန်စည်လိုင်း ၁၅၀အား သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သောကုန်စည်လိုင်း အဖြစ် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာ(၈၆/၂၀၁၆) ဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ WTO ၏ Agreement on Import Licensing Procedures အရ လိုက်လျောညီထွေဖြစ်စေရန်အတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် သွင်းကုန်အမယ်စာရင်းများကို မြန်မာနိုင်ငံ၏ HS Code 2012 Version အရ စုစုပေါင်းကုန်စည်လိုင်း

(၁၂)ကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေး ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

Thu, 12/01/2016 - 13:24 -- journal_editor

       မူဆယ်မြို့တွင်ကျင်းပမည့် (၁၂) ကြိမ်မြောက် မူဆယ်-ကျယ်ဂေါင်နယ် စပ်ကုန်စည်ပြပွဲတွင် ထည့်သွင်းပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိ နှိုင်းရေးကော်မတီ အစည်းအဝေး (Joint Border Trade Cooperating  and Coordinating Committee- JBTCC) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က နေပြည် တော်ရှိ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ သူမ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း