မူဆယ်နဲ့ မြဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့ပြီး တာချီလိတ်မှ လျော့နည်း
စက်တင်ဘာ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၂၂၂၅၀ သန်း တန်ဖိုးရှိ ကြက်သွန်နီ တန်၇၅၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၃၆၅၁၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၆၅ တန်ကျော်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်မှာ မူဆယ်မှ ၆၂၈တန်နဲ့ မြဝတီမှ ၃၁၄တန် တင်ပို့ ခဲ့လို့ ယခုတစ်ပတ် မူဆယ်နဲ့ မြ ဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။