Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း တန်ချိန် ၄၀၀ ကျော် တင်ပို့

Thu, 07/21/2016 - 12:57 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင် ၂ ရက်မှ ၇ ရက်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၁၉ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ ပရဆေးကုန်ကြမ်းတွေကတော့  ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တော ချင်း၊ မာလာဥခေါင်း၊ ကြောင်ပန်းစေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ရွေးစေ့၊ ရွေးရွက်၊ ချဉ်ပေါင်ဖာလာ၊စမုံနက်၊ ကွမ်းစာ၊ ဂမုန်း၊ ဝဥခြောက်၊ ဖန်ခါး သီးခြောက်၊ ဆီးဆန်နဲ့ မုတ်ခါးတို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ပရဆေးအမယ် ၉မျိုး စုစုပေါင်း၄၂၅တန် တင်ပို့ခဲ့လို့  ယခုတစ်ပတ် ပရဆေးတင်ပို့မှုမှာကုန်ကြမ်းအမယ်များသော်လည်း တင်ပို့တန်ချိန် ၅တန် ခန့် လျော့ နည်း သွားခ

စစ်တွေကုန်သွယ်ရေးစခန်းမှ သစ်ခေါက်၊ မန်ကျည်းစေ့ နှင့် ငါးနီတူခြောက်တို့ တင်ပို့

Thu, 07/21/2016 - 12:51 -- journal_editor

မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်ဖြစ်တဲ့ စစ်တွေကုန်သွယ်ရေး စခန်းမှ ဇူလိုင်လ ပထမပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၂သန်းတန်ဖိုးရှိ သစ်ခေါက် ၅တန်၊ အမေရိကန်ဒေါ်လ ာ သုည ဒသမ၀၀၄သန်းတန်ဖိုး ရှိ မန်ကျည်းစေ့ ၇၅ တန် တို့အပြင် အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၃သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂တန်၊ အမေရိကန် ဒေါ်လာ သုညဒသမ ၀၁၄သန်းတန်ဖိုးရှိ ဇီးယို ထုပ် ၄၃တန်နဲ့အမေရိ ကန် သုညဒသမ ၀၀၂သန်းတန်ဖိုးရှိ ပဲကြီး ၂တန်တို့ကို တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်ကထက် မန်ကျည်းစေ့၂၆တန်နဲ့ ဇီးယိုထုပ် ၃၈တန် ပိုမို တင်ပို့နိုင်သော်လည်း ဇီးဖတ်နဲ့ ဂျင်းစိုကို ယခု တစ်ပတ်မှာ တင်ပို့နိုင်ခြင်းမရှိဘူးလို့ စစ်တွေကုန်သွယ်ရေးစခန်းမှ သိရပါတယ်။    

ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်မျိုးစုံ ၁၅၀၀၀ နီးပါး ဝင်ရောက်

Thu, 07/21/2016 - 12:48 -- journal_editor

ဇူလိုင်လပထမပတ်အတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၆ဒသမ၉၉၉သန်းတန်ဖိုးရှိတဲ့ ဆိုင်ကယ်မျိုးစုံ ၁၄၈၉၅စီး တင်သွင်းခဲ့ ပါတယ်။ ယခင်တစ်ပတ်ကထက် အစီး ၈၀၀ကျော် ပိုမိုတင်သွင်းခဲ့ပါ  တယ်။

အင်ဒိုနီးရှားသို့ မြန်မာ့ဆေးရွက်ကြီး တန်ချိန် ၂၀၀ ကျော်တင်ပို့

Wed, 07/20/2016 - 14:56 -- journal_editor

မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးသီးနှံအဖြစ်  ပန်းဂျုံ၊ ပန်းနှမ်း၊ ရော်ဘာ၊ နှမ်းနက်၊ နှမ်းဖြူ၊ ကြိမ်သီး၊ မြေပဲဆန် ၊ ကော်ဖီစေ့ အပြင် ဆေးရွက် ကြီးကိုလည်း အစားထိုးသီးနှံ အဖြစ် စိုက်ပျိုး လျက်ရှိပြီး နိုင်ငံခြားသို့ တင်ပို့ လျက် ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာ့ဆေးရွက်ကြီးကို ၂၀၀၅ ခုနှစ်မှ ယနေ့ထိ အင်ဒို နီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ တောင် ကိုရီးယား၊ တရုတ်၊ ယူအေအီးနဲ့ အမေရိကန်ပြည်ထောင်စုသို့ တန်ချိန် ခုနစ်ထောင်ေ ကျာ် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ယခုလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘိန်း အစားထိုးသီးနှံအဖြစ် ဗာဂျီးနီး ယားနဲ့ဘာလီ ဆေးရွက်များကို ဒေသခံတော

ငွေချည်-၆-ဝါ ပိုမိုတင်ပို့

Wed, 07/20/2016 - 14:55 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ပထမပတ်တွင် အမေရိကန်ဒေါ်လာ ၁၄၀၈၀၀ တန်ဖိုးရှိ ငွေချည်-၆-ဝါဂွမ်း ၆၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၂ တန်တင်ပို့ခဲ့ တာကြောင့် ယခု တစ်ပတ်မှာ ၃၂ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ရမည်းသင်းမြို့နယ်ရှိ ဝါပွဲရုံများ၊ အဝယ်ဒိုင်များအနေဖြင့် အနယ်နယ် အရပ်ရပ်မှ ထွက်ရှိလာတဲ့ဝါတွေကို ဝယ်ယူစုဆောင်းပြီး ဝါဂွမ်းနဲ့ ဝါစေ့အဖြစ် ကြိတ် ခွဲရာမှရရှိတဲ့ ဝါဂွမ်းကိုဖိစက်နဲ့ဖိပြီး စနစ်တကျထုပ်ပိုးကာ မန္တလေးရှိစက်ရုံများနဲ့ ပြည်ပဝယ်လက်များသို့ တင်ပို့ရောင်းချကြ တယ်လို့ ဝါကြိတ်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။                                

တရုတ်နိုင်ငံသို့ သစ်သီးများတင်ပို့ပြီး ထိုင်းနိုင်ငံမှ သစ်သီးများတင်သွင်း

Wed, 07/20/2016 - 14:54 -- journal_editor

ဇူလိုင်လ ပထမပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့အမေရိကန်ဒေါ်လာ 217462 တန်ဖိုးရှိ သရက်သီးတန် ၆၄၀၊နာနတ်သီး ၄၆၇ တန်ခွဲနှင့်အုန်းသီး ၁၈တန် ခွဲ တင် ပို့နိုင်ခဲ့ပြီး။မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၄၇၀၂တန်ဖိုးရှိ ပန်းသီး လိမ္မောသီး၊နာနတ်သီး၊မန်ကျည်းချိုသီးနဲ့ နဂါးမောက်သီး ၇၆တန်ခွဲ ထိုင်းနိုင်ငံမှတင်သွင်းလာခဲ့တယ် လို့သတင်းရရှိပါ တယ်၊
မော်မော်အောင်

ဖျာပုံမြို့နယ်တွင် ငါးရှဉ့်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေ

Wed, 07/20/2016 - 14:51 -- journal_editor

ဖျာပုံမြို့နယ် ငါးရှဉ့်အရောင်းအဝယ်ဒိုင်များမှာ ယခု ဇူလိုင်လဆန်း ပိုင်းအတွင်း ရန်ကုန်မြို့မှ ငါးရှဉ့်ဝယ်လက်များ အဝယ်လိုက်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ငါးရှဉ့်ဈေးကွက်မှ သိရပါတယ်။''အခု တလော ငါးရှဉ့် အဝယ်လိုက်တယ်ဆိုတာ ငါးရှဉ့်တွေမှာနာတဲ့ ရောဂါဖြစ်နေလို့ပါ။ အထားမခံဘူး။ သေကုန်တာများတယ်။ သေကုန်တဲ့ ငါးရှဉ့်က ဈေးကွက်ကို ပို့လု့ိမရဘူး။  ဒါကြောင့် ရန်ကုန်ဈေးကွက်မှာအဝယ်နည်းလာပြီး နယ်ဖက်တွေ မှာ အဝယ်လိုက်လာတဲ့ သဘောပါ။ ရန်ကုန်ဈေးကွက်က တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့ကြပါတယ်။ ကျွန်တော်ကတော့ လှိုင်သာယာအဝယ်ဒိုင်ကိုပဲ ပို့ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မနှစ်က တစ်ပိဿာကို အရွယ်အစားအလိုက် ၃၈၀၀ကျပ်ကနေ ၄၀၀၀ကျပ်

မြန်မာ-အိန္ဒိယနယ်စပ်မှ ကွမ်းသီး တန်ချိန်၁၀၀၀နီးပါး ပိုမိုတင်ပို့

Wed, 07/20/2016 - 14:44 -- journal_editor

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ တမူးနဲ့ ရိဒ်ကုန်သွယ်ရေး စခန်း တို့မှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ဇူလိုင်ပထမပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ဒသမ ၈၂၇သန်းတန်ဖိုးရှိ ကွမ်းသီး ၁၈၃၉ တန်ကို တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က အဆိုပါ ကုန်သွယ် ရေးစခန်းနှစ်ခုမှ ၈၄၇တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၉၂ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ကွမ်းသီးကို တမူးကုန်သွယ်ရေးစခန်းမှ ၁၃၉၅တန်နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ ၄၄၄တန် အသီးသီးတင်ပို့ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ တစ်လလုံးမှာလည်း တမူးကုန်သွယ်ရေးစခန်းမှ ၃၅၅၉တန်နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ ၁၈၄၅တန် တင်ပို့ ခဲ့တယ်လို့ ကုန်သွယ်ရေး စခန်းများမှ သိရပါတယ်။ယခင်သီတင်းပတ် မှာ တမူးကုန်သွယ်ရေးစခန်းမှ

မြဝတီနဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ရေထွက်ပိုမိုတင်ပို့

Fri, 07/15/2016 - 15:19 -- journal_editor

မြန်မာ- ထိုင်း နယ်စပ်ဖြစ်တဲ့ မြဝတီနဲ့ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ ဇွန် ၂၅ မှ ဇူလိုင် ၁ ရက်အတွင်း  အမေရိကန်ဒေါ်လာ  သုညဒသမ ၅၅၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်ကထက်  မြဝတီရော  ကော့သောင်း  ကုန်သွယ်ရေး စခန်းကပါ ရေထွက်ကုန်  တန် ၁၀၀ ကျော် ပိုမို  တင်ပို့ခဲ့ပါတယ်။   ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်မှ ငါးမျိုးစုံ တန် ၆၀ကျော်နဲ့  ကဏန်း တန် ၂၀ ကျော်၊  ကော့သောင်းကုန်သွယ်ရေးစခန်းမှ   ငါးမျိုးစုံ တန်၄၀၀ ကျော်၊ ကင်းမွန် ၁၅ တန်ကျော်၊  ပုစွန်နှစ်တန်ကျော်  ကဏန်း  တစ်တန်ကျော်နဲ့ အခြားရေထွက်ကုန် ၁၈ တန်ကျော်  အသီးသီး တင်ပို့ခဲ့တယ်လို့ ကုန်သွယ် ရေးစခန်းများမှ သိရပါတယ် ။

မောင်တောကုန်သွယ်ရေးစခန်းမှ ဇွန် ကုန်သွယ်မှု ဆောင်ရွက်ချက်

Fri, 07/15/2016 - 15:18 -- journal_editor

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ် ရေးစခန်းမှာ ၂၀၁၆ ခုနှစ်   ဇွန်တွင်  ပို့ကုန်ဒေါ်လာ သုည ဒသမ ၅၅၇ သန်း၊  သွင်းကုန် ဒေါ်လာ သုညဒသမ ၀၀၆ သန်း၊ ကုန်သွယ်မှု ပမာဏဒေါ်လာ သုညဒသမ ၅၆၃ သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊  ဇွန်အတွက်  ကုန်သွယ်မှု   လျာထားချက် စုစုပေါင်း ဒေါ်လာ သုညဒသမ ၇၀၀ သန်းဖြစ်၍လျာထား ချက်အပေါ်   ၈၀ ဒသမ ၄၃ ရာခိုင်နှုန်း   ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း