Main menu

Background

ပြောင်းလဲရမှာက ကျွန်တော်တို့အားလုံးပါ

Tue, 04/05/2016 - 13:26 -- journal_editor

              တစ်ချိန်က အိန္ဒိယနိုင်ငံ၏  ကြီးကျယ်မြင့်မြတ်သော  ခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီ ဆိုခဲ့တဲ့စကားတစ်ခုရှိသည်။ You must be the change. You wish to see in the world ကမ္ဘာကြီးကို ပြောင်းလဲ ဖို့မြ င်တွေ့လိုလျှင် သင်သာပြောင်းလဲရမှာပါတဲ့။ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေ၊ တွေးခေါ်မျှော်မြင်မှုတွေ၊ ပူးပေါင်းပါဝင် ဆောင်ရွက်လိုစိတ်တွေ၊ စည်းကမ်းလိုက်နာမှုတွေ၊ ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားတတ်မှုတွေ၊ အများ အကျိုးကို  ရှေးရှုနိုင်မှုတွေ ၊ တာဝန်ယူလိုစိတ်၊ တာဝန်ခံလိုစိတ် စတာတွေကို လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲရမှာသည် ကျွန်တော်တို့ကိုယ်တိုင်သာဖြစ် ကြောင်း ပြောဆိုခဲ့တဲ့  စကားတစ်ခွန်းဖြစ်ပါသည်။  နေစကြဝဠာ အတွင်းရှိ ကမ္ဘာကြီးက ဒီအတိုင်းသွားနေတာဖြစ်သည်။လူသားများ၏ တွေးခေါ်မှုများသာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်ဖြစ် ပေါ်လာခဲ့ပြီး နည်းပညာအသစ်များဖြင့် ဖန်တီးခဲ့ခြင်းကြောင့်သာ ကျွန်တော်တို့ရဲ့ကမ္ဘာကြီး ဖွံ့ဖြိုး  စည်ပင်သာယာလာနေခြင်းဖြစ်သည်။ ထိုသို့ဖြင့် လူသားများ၏  နေထိုင်မှု ခေတ်စနစ်များသည်လည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။  အခုဆိုရင် အများက ပြောဆိုနေကြသည်။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ တဲ့။ ဆက်သွယ်မှုကွန်ရက်များက စက္ကန့်နှင့်အမျှ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေခြင်းကို   ပြောဆိုနေခြင်းဖြစ်သည်။ စဉ်းစားစရာရှိသေးသည်။
              ကမ္ဘာကြီးအတွင်း   မှီတင်းနေထိုင်နေကြသည့်  နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများဖြစ်တည်လာသလို တချို့နိုင်ငံများသည် ဖွံ့ဖြိုးဆဲအဆင့်မျှသာ ဖြစ်နေကြသေးသည်။တချို့နိုင်ငံများဆိုရင်  ဆင်းရဲနေကြဆဲဖြစ် သည်။  နိုင်ငံအများ  ဒီလိုဖြစ်တည်နေကြရခြင်း သည် နိုင်ငံများ၏ စီမံအုပ်ချုပ်ပုံစနစ်၊ သယံဇာတ၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှုအင်အား၊ တက်ညီလက်ညီ ပူးပေါင်း ပါဝင်နိုင်မှု၊ ခေါင်းဆောင်နိုင်မှု၊ ကောင်းမွန်သည့် အစိုးရ ၊ နိုင်ငံသား များ၏ လိုက် ပါပြောင်းလဲနိုင်မှု  စသည့်အချက်များကြောင့်ဟု  ပညာ ရှင်များက ပြောဆိုနေကြခြင်းဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးသော၊ စီးပွား ရေးကောင်းမွန်သော၊ ငြိမ်းချမ်းသာယာသော  နိုင်ငံတစ်နိုင်ငံဖြစ်ဖို့  ကျွ န်တော်တို့အားလုံး  ပြောင်းလဲဖို့လိုလာပြီဟု ဆိုချင်ပါသည်။ ခေတ် နဲ့မလျော်ညီသည့် စနစ်များ၊ စီမံခန့်ခွဲမှုအစီအမံများ၊ စီးပွား ရေး၊ လူမှုရေး အစီအမံများကိုတော့ တက်လာတဲ့အစိုးရသစ်မှ  အခင်းအကျင်း သစ်များဖြင့် ပြောင်းလဲ စီမံဆောင်ရွက်တော့မည်။ ကျွန်တော်တို့အနေ ဖြင့် ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကိုသာ ပြောင်းလဲကြရမှာ ဖြစ်သည်။ တကယ်လည်း ပြောင်းလဲချိန်တန်ပါပြီ။
              ရှေးရိုးဆိုစကားများရှိသည်။ လှေနံဓားထစ်တဲ့။ အမေမှာတဲ့ဖွဲ ဆန်ကွဲနဲ့မလဲ။ သေချင်တဲ့ကျား  တောပြောင်း  ဆိုတဲ့  စကားများဖြစ် သည်။ ပြောင်းလဲဖို့ကို ဝန်လေးနေခြင်းဖြစ်သည်။  ပြုပြင်ပြောင်း လဲဖို့  ရှေးရိုးအစွဲများ က ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ရှိနေသေးသည်။ ကမ္ဘာ့ပညာရှင်ကြီးများက  ဆိုသည်။  အပြောင်းအလဲလုပ်ရမှာကို မကြောက်ပါနဲ့တဲ့။ တိုးတက်လိုစိတ် ရှိဖို့သာလိုသည်တဲ့။ ကျွန်တော်တု့ိ လူမျိုးများသည် စွန့်စားရမှာကို ကြော က် သည်။ အားနာတတ်သည်။ အမှန်စဉ်းစားကြည့်တော့ ကျွနု်ပ်တို့ကမှ  ကမ္ဘာကြီးကို မပြောင်းလဲ နိုင်တာ။ ဒီတော့ကိုယ့်ကိုယ်ကိုသာ ပြောင်းလဲရမှာဖြစ်သည်။ ထို့အတူ အားလုံးလိုက်ပါပြောင်းလဲဖို့လည်းလိုသည်။  ကျွန်တော် တို့ သွားနေခဲ့တာက ပါရဒိုင်းအဟောင်းနဲ့သာလည် ပတ်နေခဲ့ကြသည်။ ပြောင်းလဲဖို့စိတ်မကူး။ စာအုပ်ကြီးတိုင်း  ဖြစ်နေကြသေးသည်။  ပါရာဒိုင်းဆို တာကို အဓိပ္ပာယ်ဖွင့်ရရင် စည်းမျဉ်းစနစ် တစ်ခုကို လက်ကိုင်ထားပြီး လုပ်ေ ဆာင်နေ သည့်  သဘောကို  ပါရာဒိုင်းဟုခေါ်သည်။  ပါရာဒိုင်းသည်  သတ်မှတ်ထားသော စည်းမျဉ်း တစ်ခုဖြစ်သည်။ ပါရာဒိုင်းစည်းမျဉ်း စနစ်တစ်ခုသည် ဖွံ့ဖြိုးတိုးတက် မှုရေစီးကြောင်းနဲ့  လိုက်လျောညီထွေမှုမရှိပါက  ပါရာ ဒိုင်းအသစ်  တစ်ခုသို့ ပြောင်းလဲဆောင်ရွက်ကြသည်။  ထိုသို့  ပြောင်းလဲတော့မည် ဆိုရင် ကိုယ့်နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေး ပါရာဒိုင်း၊ စီးပွားရေး ပါရာဒိုင်း၊  လူမှုရေးပါရာဒိုင်း စတဲ့အခင်းအကျင်းသစ်များ ဖော်ထုတ် ကြစြ မဲဖြစ် သည်။ ဖွံ့ဖြိုးတိုးတက်လိုသည့်နိုင်ငံတိုင်း ပြောင်းလဲဆောင် ရွက်ကြသည်။ ထိုပါရာဒိုင်းအခင်းအကျင်းသစ်များနဲ့အတူ  ကျွန်တော် တို့အားလုံး  လိုက်ပါပြောင်းလဲကြရမည်ဖြစ်သလို ကျွန်တော်တို့ရဲ့ မှားယွင်းနေတဲ့  အကျင့်စာရိတ္တများကို ပြောင်းလဲကြရမည်ဖြစ်သည်။
           ကျွန်တော်တို့ရဲ့လူ့ဘောင်  ဖွံ့ဖြိုးတိုးတက်လာနေခြင်းသည် တကယ်တော့   ပြောင်းလဲမှုတွေကြောင့်သာ  ဖြစ်သည်။  ကျွန်တော်တို့ တိုးတက်ကြီးပွားဖို့အတွက်  ကျွန်တော်တို့၏  မှားယွင်းနေသော အတွေးအခါ်၊  အမူအ ကျင့်  စိတ်ဓာတ်များကိုပြုပြင်ရန်  အားထုတ် ကြိုးပမ်းကြရမည်ဖြစ်သည်။  ထိုသို့ ကျင့်ကြံကြရာတွင် စိတ်ဝင်တစား လေးစားလိုက်နာဖို့လည်းလိုသည်။ ကျွန်တော်တို့လူမျိုးသည်  အစု အဖွဲ့ဖြင့်ဆောင်ရွက်မှုအားနည်းပြီး  ညီညွတ်မှု မရှိကြတာများသည်။ ပြောရရင် မနာလိုစိတ်ကများသည်။ အခြားသူတစ်ဦးတစ်ယောက်အား ချီးမွမ်းလျှင်မကြိုက် မိမိကိုသာ  ချီးကျူးစေလိုသည်။  မုဒိတာ မပွားနိုင် ခြင်းဖြစ်သည်။ ဝန်ထမ်းများကို ကြည့်ရင်သိနိုင်သည်။  ထိထိ ေ ရာက် ရောက် ကြိုးစားချင်စိတ်နည်းသည်။  အခြား  သူတစ်ပါးမလုပ်လျှင် မိမိလည်းမလုပ်ချင်  နေသာသလို အချောင်ခိုတာများသည်။  အတွေး အခေါ်နဲ့  တီထွင်ဖန်တီးခြင်း၊  ကြံဆခြင်းများ  အားနည်းသည်။   မိရိုး ဖလာ  ရှေးရိုးစွဲ များက  များသည်။ ပြုပြင်ပြောင်းလဲမှုလုပ်ရန်  လိုအပ် သည့်အသိပညာ  အတွေ့အကြုံရှာဖွေဖို့  အားနည်းသည်။ ကံကိုပုံချ တတ်သည့် သဘောသဘာဝရှိသည်။  အောင်မြင်ရင်လည်းကံ။ရှုံးနိမ့် ရင်လည်း  ကံကိုပဲပြောကြသည်။ အ ရာရာကို တစ်ဖက်သတ်အမြင်ဖြင့် သုံးသပ်ကြသည်။ မိမိရဲ့အမြင်နှင့် မတူပါက  အားမပေးဘဲ  အပြစ် ရှာကြံပြောဆိုကြတာလည်းရှိသည်။အာဏာပါဝါပြချင်သည်။ သူများ တွေရဲ့အကြောင်းကို  စိတ်ဝင်တစားရှာကြံ၍  အပိုစကား များဖြင့် အချိန်ဖြုန်းနေကြတာများသည်။ တတ်သိသူများကလည်း  ပညာကို မျှဝေဖို့  အားနည်းသည်။  တလွဲမာန်မာနက  များသည်။  လူတော် လူကောင်းများ  ပေါ်ထွန်းလာအောင် အားပေးမှုနည်းသည်။စေ့ဆော် တိုက်တွန်းမှု နည်းသည်။  မိမိကိုယ်တိုင်သာ ဆရာကြီး လုပ်နေချင်ကြ သည်။ ငါတကော  ကောနေတာက  အဆိုးဆုံးဖြစ်သည်။  ချစ်ခင်ရို သေမှုမျိုးကို မလိုလား။   မိမိကိုရိုသေဖို့   အကြောက်တရားဖြင့်သာ ဦးတည်စီမံကြသည်။ ဒါတွေ ပြုပြင် ကြရမည်ဟုထင်ပါသည်။ ပြုပြင် ပြောင်းလဲဖို့  အချိန်တန်နေပြီ မဟုတ်ပါလား။  မကြာမီ  နှစ်သစ်ကို ရောက်တော့မည်။  ကျွန်တော်တို့  ပြောဆိုနေကြတာရှိသည်။  နှစ်သစ်မှာ  စိတ်သစ်လူသစ်နဲ့တဲ့ ။  နှစ်ဟောင်းက  အညစ်အေ ကြးတွေ ထားခဲ့ကြတော့တဲ့။  အခု လာမည့်နှစ်သစ်က ထူးသည်။ နှစ်သစ်နဲ့ အတူ အစိုးရအဖွဲ့အစည်းအသစ်ကလည်း နိုင်ငံတာဝန်ကို စတင်တာ ဝန်ယူတော့မည်။  ကျွန်တော်တို့အားလုံး  အစိုးရအသစ်၏  ပြုပြင် ပြောင်းလဲမှု  အ ခင်းအကျင်းသစ်များဖြင့်  ချီတက်ကြရတော့မည်။ ကျွန်တော်တို့အားလုံး  လိုက်ပါဆောင်ရွက်ကြရတော့မည်။ဒီတော့ ကျွန်တော်တို့အားလုံး လိုက်ပါပြောင်း လဲနိုင်အောင် ပြင်ဆင်ထားမှ တော်ကာကြမည်။  အတွေးအခေါ်   ဆရာ ကြီး တစ်ဆူဖြစ်သည့် အရစ္စ တိုတယ်က ပြောဖူးသည်။  နိုင်ငံကို  ကျောက်များ၊  သစ်များဖြင့် တည်ဆောက်၍  မရနိုင်ပါဘူးတဲ့။  နိုင်ငံသားတို့၏  အကျင့်စာရိတ္တတို့ ဖြင့်သာ နိုင်ငံကို တည်ဆောက်နိုင်ပါသည်တဲ့။

 

နေကျော်ဆန်း၊ TPD