Background
လက်ရှိပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်ဖြင့် ဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ဈေးကွက်အတွင်း လက်ရှိတွင် ဒေါ်လာဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ရွှေအရောင်းအဝယ်မှာလည်း အေးနေကာ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၆၆၇၀ဝ၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကမ္ဘာ့ရွှေဈေးမှာတော့ တစ်အောင်စ ၁၇၅၃ ဒေါ်လာ ဖြစ်ကြောင်းသိရသည်။ထို့ပြင် လက်ရှိတွင် ၂၀၂၃ ခုနှစ်အတွက် ရွှေလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်သက်တမ်းတိုးသည့် လုပ်ငန်းရှင်ဦးရေ ၁၀ဝ ကျော် ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရသည်။ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို သက်တမ်းတစ်နှစ်သာ ပေးထားခ
နိုဝင်ဘာ ၉ ရက်မှ စတင်ကာ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက် လျက်ရှိသော်လည်း ပြည်တွင်းရွှေဈေး ကွက်တွင် ဈေးနှုန်းတည်ငြိမ်ပြီး အရောင်း အဝယ် အေးနေကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းမှာ နိုဝင်ဘာ ၉ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၁၀၊ ၁၀ ရက်တွင် ၁၇၀၉ ဒေါ်လာ၊ ၁၁ ရက်တွင် ၁၇၅၂ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၇၇၀ ဒေါ်လာ၊ ၁၃ ရက် တွင် ၁၇၇၁ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၇၆၅ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၇၇၀ ဒေါ်လာ၊ ၁၆ ရက်တွင် ၁၇၇၄ ဒေါ်လာ စသည်ဖြင့် ဆက်တိုက်မြင့်တက်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများကြောင့် ပြည်တွင်းရွှေဈေးကွက်တွင်လည်း အပြောင်းအလဲ များစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် ၁၉၅၂ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၁၉၁၁ ဒေါ်လာ မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၈၆၃ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၃၂၀၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ
ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံတကာရွှေဈေးမှာ ယခုတစ်ပတ်အတွင်း ဈေး ထပ်မံမြင့်တက်ခဲ့သည်။ ယခင်ရက်သတ္တပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၄၇၀၀၀ရှိခဲ့ရာမှ ယခုရက်သတ္တပတ်မှာတော့ ကျပ် ၁၁၅၁၀၀၀ သို့ မြင့်တက် ခဲ့ခြင်းဖြစ်သည်။ "အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၀၀ဘီလျံဖိုးအပေါ် ထပ်တိုးခွန် ၁၀ရာခိုင်နှုန်းချမှတ်မယ်လို့ ကြေညာ ချိန်မှာပဲ ရွှေက တစ် ရှိန်ထိုးပြန်တက်သွားတယ်။ နောက်ပြီး ဗြိတိန်ကလည်းဝန်ကြီးချုပ် သစ်တက်လာသလို သုံးလအတွင်း အီးယူကထွက်ကိုထွက်မယ်လို့ ကြေညာတာ လည်းရှိတော့ ရွှေကို ပင့်တင်လိုက်သလိုဖြစ်သွားတယ်။ ကမ္ဘာ့စီးပွားရေးလော က မှာလည်း အကျပ်အတည်းဖြစ်နေချ