Main menu

Background

Sunday, 24 Jun 2012

        တရုတ်နိုင်ငံရဲ့ ကြက်သွန်ဖြူထုတ်လုပ်မှုက ယခင် ၂၀၁၁ ခုနှစ်ထက် လျော့ကျမယ့် သတင်းများအပြင် ယခင်နှစ်ထွက်ရှိတဲ့ ကြက်သွန်ဖြူလက်ကျန်လည်း လျော့ကျတဲ့အတွက် မကြာသေးခင်  သီတင်းပတ်များအတွင်း ကြက်သွန်ဖြူခြောက်ဈေး သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Sunday, 24 Jun 2012

        အိန္ဒိယနိုင်ငံ အီရော့ နနွင်းဈေးကွက်တစ်ခုမှာ နနွင်းဈေးများ ၃ လကြာ ကျဆင်းပြီးနောက် ဇွန် ၁၃ ရက်မှာ တစ်တန် ရူပီး ၄၀ဝဝဝ(ကန်ဒေါ်လာ ၇၁၈)ဈေးဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ မတ်လ ၆ ရက်နေ့မှာ နနွင်း တစ်တန် ရူပီး ၄၁၄၉၀ (ကန် ဒေါ်လာ ၇၄၅)နဲ့ အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် ရူပီး ၄၀ဝဝဝ အောက်ကို ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။

Sunday, 24 Jun 2012

        အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးမြေရဲ့ ၅၅ရာခိုင်နှုန်းဟာ မိုးရေအပေါ်လုံးဝအားထားနေရတာဖြစ်လို့ မုတ်သုံမိုးဟာ အိန္ဒိယအတွက် အလွန်ပဲ အရေးပါလှပါတယ်။ စိုက်ပျိုးရေးကဏ္ဍကနေ နိုင်ငံစီးပွားရေးရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ဝင်ငွေ တိုးစေတာမှန်ပေမယ့် ကျေးရွာနေ ပြည်သူသန်းပေါင်းများစွာကို စိုက်ပျိုးရေးကဏ္ဍက သက်ရောက်စေပြီး၊ မိုးရွာသွန်းမှုနည်းရင် စားသောက်ကုန် ဈေးနှုန်းမြင့်တက်စေကာ တစ်နိုင်ငံလုံးရဲ့ ငွေကြေးဖောင်းပွမှုကိုလည်း ကြီးမားစေတာကြောင့် မုတ်သုံမိုးက ကျယ်ကျယ် ပြန့်ပြန့်ကို ထိခိုက်စေတာဖြစ်ပါတယ်။

Sunday, 24 Jun 2012

        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်ပက တင်သွင်းတဲ့ ကုလားပဲဈေးအနည်းငယ်ပိုလာပေမဲ့ ပြည်တွင်း ကုလားပဲဈေး ကတော့ အနည်းငယ်လျော့ကျမှုရှိတာ တွေ့ရပါတယ်။ လတ်တလောမှာ ပြည်တွင်းစားသုံးသူများမှ ဝယ်ယူမှုလျော့တဲ့အပြင် မိုးပဲစိုက်ပျိုးမှု ပိုမိုမယ့် ခန့်မှန်းချက်များအရလည်း ပြည်တွင်းကုလားပဲဈေး အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

        အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ပြည်တွင်းပဲတီစိမ်းဈေးငြိမ်နေပေမဲ့ မွန်ဘိုင်း၊ ချန်နိုင်းဈေးကွက်မှာ တင်သွင်းပဲတီစိမ်းဈေးလျော့ကျတာ တွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲတီစိမ်းအဝင်ပုံမှန်ရှိနေတဲ့အပြင် အရောင်းအဝယ်ငြိမ်နေတဲ့ အတွက် ဈေးကွက်အများစုမှာ ဈေးငြိမ်နေပါတယ်။ ဒါပေမဲ့ဆိပ်ကမ်းမြို့ ဈေးကွက် တွေမှာတော့ တင်သွင်းပဲတွေ ဆက်တိုက်ရောက်ရှိနေတာကြောင့် ယခုရက်ပိုင်း တင်သွင်းဈေး ကျဆင်းနေပါတယ်။

Sunday, 24 Jun 2012

        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲစင်းငုံ ဝယ်လိုအား အသင့်အတင့်ရှိလို့ ယခု တစ်ပတ် ဈေးဆက်လက် မြင့်တက်နေပါတယ်။ အစိုးရက မိုးပဲအတွက် အနိမ့် ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တိုးမြင့်ပေးလို့ ပဲစိုက်ပျိုးမှု ပိုမိုမယ်လို့ ခန့်မှန်း ကြပေမဲ့ လတ်တလောမှာ ပြည်တွင်းပဲစင်းငုံလက်ကျန်နည်းနေကြောင်း သိရပါ တယ်။

Sunday, 24 Jun 2012

        အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပြည်တွင်းမတ်ပဲဈေးငြိမ်နေပေမဲ့ မြန်မာ မတ်ပဲဈေးကတော့ ယခုတစ်ပတ် အနည်းငယ်လျော့လာတာတွေ့ရပါတယ်။ သရက် သီးလှိုင်လှိုင်ပေါ်ချိန် ပဲစားသုံးသူများမှ ဝယ်လိုအား ကျဆင်းတဲ့အတွက် ကုန်သည် များနဲ့ ပဲခွဲစက်များမှလည်း အဝယ်ပါးတာကြောင့် ဈေးကျဆင်းကြောင်း သိရပါ တယ်။

Sunday, 24 Jun 2012

     ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုအများဆုံးဒေသတွေမှာ အထွက် နှုန်းကျဆင်းခြင်းနဲ့ ကမ္ဘာတစ်ဝန်းလုံး  စီးပွားရေးကျနေ တာ ကြောင့် ကော်ဖီဝယ်လိုအားကျဆင်းခြင်းကြောင့် ကမ္ဘာ့ကော်ဖီ တင်ပို့မှုက ယခုနှစ် ဧပြီလမှာ ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါ တယ်။ ၆၀ ကီလိုဝင်အိတ် ၈ ဒသမ ၇၇ သန်းသာတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလက အိတ်ပေါင်း ၉ ဒသမ ၉၃ သန်းတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘာ့ကော်ဖီအသင်း (ICO) ရဲ့ အစီရင် ခံစာအရ သိရပါတယ်။

Sunday, 24 Jun 2012

        သဘာဝရော်ဘာ ထုတ်လုပ်မှုက ယခုနှစ်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိပြီး ယခင်နှစ်ကတော့ ၈ ဒသမ ၆ ရာခိုင်နှုန်း ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။  ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာ့ စီးပွားရေးတိုးတက်နှုန်းနှေးကွေးကာ ဝယ်လိုအား ကျဆင်းတာကြောင့်ဖြစ်ကြောင်း သဘာဝရော်ဘာ ထုတ်လုပ်သောနိုင်ငံများအသင်း ANRPC  ကပြောကြား ခဲ့ပါတယ်။ ယခုနှစ်မှာထုတ်လုပ်မှုတန်ချိန် ၁၀ ဒသမ ၄၇သန်းခန့် ရှိနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁၀ ဒသမ ၃၂ သန်းသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ANRPC  ကပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်ကထုတ်လုပ်မှုတိုးတက်တဲ့အဓိကနိုင်ငံ တွေ ဖြစ်လာနိုင်ပြီး တရုတ်ရဲ့ထုတ်လုပ်မှုက ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး ဗီယက်နမ်ကတော့ ၆ ရာခိုင်နှုန်းတိုးတက် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ ထုတ်လုပ်မှုကလည်း ယခင်နှစ်ထက် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၉ ဒသမ ၁၉ သိန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

Sunday, 24 Jun 2012

        ကမ္ဘာမှာ သကြားတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ သကြား ထုတ်လုပ်မှုဟာ နိုဝင်ဘာလမှာစမယ့် ယခုရာသီမှာ တတိယမြောက်နှစ်အဖြစ် စံချိန်တင်ဦးမယ်လို့ သိရပါတယ်။ သကြားစက်များက မြင့်တက်နေတဲ့ဒေသတွင်း ဝယ်လိုအားဖြည့်ဆည်းဖို့ ၎င်းတို့ရဲ့ စက်စွမ်းအားများ မြှင့်တင်ခဲ့တာကြောင့်လို့ ထိုင်းသကြားလုပ်ငန်းရှင်များ ကော်ပိုရေးရှင်း အမှုဆောင်ဥက္ကဋ္ဌ Vibul Panitvong ကဆိုပါတယ်။ ကြံရိတ်သိမ်းမှုက စုစု ပေါင်း တန်ချိန် ၁၀၃ သန်းမှ ၁၀၅ သန်းရှိနိုင်လို့ သကြားထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၀ ဒသမ ၅ သန်းမှ ၁၀ ဒသမ ၇ သန်းခန့် အထိ ရှိနိုင်တယ်လို့ဆိုပါတယ်။

Pages