Background
ထိုင်းနိုင်ငံအနေနဲ့ တိုကျိုနဲ့ ရှန်ဟိုင်းကုန်စည်ဒိုင်တွေကနေ ရော်ဘာမက်ထရစ် တန်ချိန် ၁ သောင်းခန့် ဝယ်ယူမယ်ဆိုတဲ့ စီမံကိန်းက ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေကို အထောက်အပံ့အနည်းငယ်ပြုစေကြောင်း ဒေသ ဆိုင်ရာမီဒီယာများရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ နိုင်ငံပိုင်ရော်ဘာစိုက်ပျိုးရေးအဖွဲ့အစည်း REO က မိုးရွာ သွန်းမှုကြောင့် ရောင်းလိုအားထိခိုက်စေပြီး ပင်လယ်ရပ်ခြား ကုန်သွယ်ရေးစာချုပ်တွေ ပြည့်မီအောင်ဆောင်ရွက်ဖို့အတွက် ရော်ဘာတင်သွင်းပြီး ပြန်လည်တင်ပို့ခြင်း ကို ဆောင် ရွက်မယ်လု့ိ REO ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောကြားခဲ့ပါတယ်။
မေ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၈၄၀ တန်၊တန်ဖိုးဒေါ်လာ သုညဒသမ ၅၀၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ထက် တန် ၁၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့စင်ကာပူကို တန် ၁၆၀၀ နဲ့ ဗီယက်နမ်ကို တန် ၂၄၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကတော့ ပြောင်းအပို့ကျပြီး တန် ၁၀၀၀၀ နီးပါးသာ တင်ပို့နိုင်ခဲ့ တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာကြား ဈေးရလျက်ရှိပါတယ်။ K.Z.W
ပို့ကုန်ဈေးကွက်မှာ စီးပွားရေးအကျပ်အတည်းတွေရှိတာကြောင့် ယခုနှစ် ဒုတိယသုံးလပတ်မှာ အမှာစာတွေ လျော့ကျခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောပါတယ်။ ပြည်တွင်းပို့ကုန်တင်ပို့သူတွေက သာမန်အားဖြင့် ပို့ကုန်စာချုပ်တွေကို ယခင်နှစ်ကုန်ချိန်မှ ယခုနှစ် တတိယသုံးလပတ်တိုင်အောင် လက်မှတ်ရေးထိုးကြကြောင်း ဟိုချီမင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဗဟိုဌာနရဲ့ညွှန်မှူးက ပြောကြားခဲ့ပါ တယ်။
ဗီယက်နမ်နိုင်ငံရဲ့ငရုတ်ကောင်းတင်ပို့မှုက ၂၀၁၂ ခုနှစ် နှစ်ကုန်မှာဝင်ငွေဒေါ်လာ (၈၅၀ -၉၀၀ ) သန်း အထိရှိနိုင်မယ်လို့ ခန့်မှန်းကြောင်း ဗီယက်နမ်ငရုတ်ကောင်းအသင်း (VPA) ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ခန့်ကတော့ ဗီယက်နမ်ရဲ့ ငရုတ်ကောင်းတင်ပို့မှုတန်ချိန် ငါးသောင်းခန့်သာရှိပြီး တန်ဖိုးဒေါ်လာသန်း ၉၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၁၁ မှာတော့ တင်ပို့မှုတန်ချိန် ၁၂၀၀၀၀ နဲ့ တန်ဖိုး ဒေါ်လာ ၆၉၃ သန်း ရရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်ထက်တန်ချိန် ၁၂၀ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၆၆၅ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များ အဝယ်နည်းတာကြောင့် ယခင်တစ်ပတ်ထက် ဈေးဆက်လက် ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်ဈေးကွက်ကို နွေပဲတီစိမ်းဝင်ရောက်မှု တိုးလာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဒ္ဒရာပရာဒေ့ရှ် မှာ ရေသွင်းဖို့ အခက်အခဲရှိလို့ ယခုနှစ်အထွက်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။
ရာသီဥတုအခြေအနေမကောင်းတာကြောင့် ကုလားပဲအထွက် သိသိသာသာ ကျဆင်းခြင်းနဲ့ ဈေးနှုန်းထပ်မံမြင့်တက်မယ်မျှော် မှန်းပြီး၊ တောင်သူများ သိုလှောင် ထိန်းသိမ်းခြင်းတို့ကြောင့် လက်ရှိရာသီအတွင်း ကုလားပဲဈေးအမြင့်ဘက် ဆက် တက်ဖွယ်ရှိနေပါတယ်။ အခြား လယ်ယာထွက်ကုန်များနည်းတူ ရိတ်သိမ်းကာလ ဖေဖော်ဝါရီမှာ ဈေးနှုန်းကျဆင်းခဲ့ပြီး၊ ရိတ်သိမ်းထွက်ရှိမှု အမြင့်ဆုံးကာလ ဧပြီလ မေလကုန်တွေထိ ဈေးနှုန်းကျဆင်း လေ့ရှိပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်ဖြစ်မှုနည်းတာကြောင့် ယခင်တစ်ပတ်က ကုလားပဲ ဈေးအေးခဲ့ရာမှ ယခု တစ်ပတ်နှောင်းပိုင်းမှာ ဈေးပြန်မာ လာတာ တွေ့ရပါတယ်။ ရူပီးတန်ဖိုးဆက်လက် ကျဆင်းနေခြင်းကြောင့် ပြည်ပက တင်သွင်းပဲဈေးများ ကြီးမြင့်တဲ့အပြင် ပြည်တွင်းပဲဝင်ရောက်မှု ပုံမှန်ရှိနေတဲ့အတွက် ကုလားပဲဈေးလက်ရှိဝန်းကျင်မှာ အပြောင်းအလဲဖြစ်နေကြောင်း သိရပါတယ်။ မေ ၂၂ ရက်မှာ မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာကုလားပဲဖြူလုံးကြီး ကွန်တိန်နာ ၁၀ လုံး ဝင်ရောက်ကြောင်းသိရပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်း ယှဉ် ဖော်ပြလိုက်ပါတယ်-
ကနေဒါပြီးရင် ကမ္ဘာမှာ ပဲအများဆုံး တင်ပို့သူဖြစ်တဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယ ကို ပဲတင်ပို့ရာမှာ အာဖရိက နိုင်ငံတွေဖြစ်တဲ့ မိုးဇမ်းဘစ်၊ မာလာဝီ၊ တန်ဇန်းနီးယား တို့ရဲ့ပဲများကို ခက်ခဲစွာယှဉ်ပြိုင်နေရပါတယ်။ အာဖရိက တောင်သူများဟာ အိန္ဒိယ ကို ရောင်းချနိုင်ဖို့ ပဲမျိုးစုံ စတင်စိုက်ပျိုးလာနေပြီဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းမှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ အဝယ်အော်ဒါများ ခေါ်ယူလျက်ရှိတာကြောင့် ယခုတစ်ပတ် ပဲစင်းငုံဈေးမြင့်တက်ခဲ့ပါတယ်။ ခွဲစက်များနဲ့ ပဲဖြန့်ဖြူးသူတွေဆီမှာ ပဲစင်းငုံလက်ကျန် နည်းတဲ့ အတွက် ဝယ်လိုအား ရှိလာတယ် လို့ သိရပါတယ်။ ပြည်ပက တင်သွင်းပဲများကို နဗားရှီးယားဆိပ်ကမ်းမှာ မေ- ဇွန် ၆၃၅ နဲ့ အာဖရိက ပဲစင်းငုံဈေးများ ထက်ပိုမိုတာတွေ့ရပါတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယဈေးကွက်တော်တော်များများမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ ရောင်းဝယ်မှု နည်းတာကြောင့် မတ်ပဲဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ယခုရက်ပိုင်းအတွင်း ဈေးကွက်အသီးသီးကို မတ်ပဲဝင်ရောက်မှုလျော့ပါတယ်။ ယခုတစ်ပတ် အတွင်း ပြည်ပမှ တင်သွင်းမတ်ပဲ ဝင်ရောက်မှု လျော့နည်းလာရာ မေလ ၂ ရက်မှာ မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၂၃ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-