Main menu

Background

Monday, 26 Sep 2011

အိန္ဒိယနယ်စပ်စခန်းများမှ ကွမ်းသီးစို၊ ကွမ်းသီးခြောက်၊ ပန်းသီးနဲ့ အုန်းသီးများ အပို့ရှိ                     အိန္ဒိယနယ်စပ်စခန်းများဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂၆၂၀၀ တန်ဖိုးရှိ ကွမ်းသီးခြောက် ၁၁ တန်ခန့်၊ ကွမ်းသီးစို ၁၂ တန်၊ အုန်းသီး ၆၀၀၈ လုံးနဲ့ ပန်းသီး ၂၃ တန်ခန့်အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ရာသီချိန်ဖြစ်တာကြောင့် ရယ် ကုန်သွယ်မှု အခွင့်အရေးရှိတာကြောင့် ကွမ်းသီးများတင်ပို့နိုင်သလို ဘာသာ ရေး ပွဲတော်အတွက် အုန်းသီးများ တင်ပို့ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)

Monday, 26 Sep 2011

တရုတ်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ဗီယက်နမ်ရော်ဘာတင်ပို့မှု ရပ်ဆိုင်း                    တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ရော်ဘာတင်သွင်းရာမှာ တင်းကျပ်တဲ့ မူဝါဒတွေကြောင့် ဗီယက်နမ်ရဲ့ ရော်ဘာတင်ပို့မှု ရပ်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိပါတယ်။ တရုတ်ဖက်မှ ကုန်သည်တွေက ရံဖန်ရံခါသာ ရော်ဘာကို ဝယ်ယူကြပြီး ဇူလိုင်လနောက်ပိုင်းကတည်းက ဗီယက်နမ် ရဲ့ရော်ဘာတင်ပို့မှုရပ်ဆိုင်းခဲ့ကြောင်း Sai Gon Marketing သတင်းစာ အရ သိရှိရပါတယ်။ နယ်စပ်စခန်းရှိ တရုတ်အကောက်ခွန်စစ်ဆေးရေး အရာရှိ တွေနဲ့ ရဲတွေက ဗီယက်နမ် ရော်ဘာတင်ပို့သူတွေဆီမှ တရုတ် ကုန်သည်တွေ ရော်ဘာဝယ်ယူခြင်းမှ ကာကွယ်ဖို့အတွက် အကောက်ခွန်ရှင်းလင်းခွင့် လိုင်စင်တွေကို ခွင့်ပြုမပေးကြောင်း ဗီယက်နမ် Binh Long Rubber Company  ရဲ့ ခေါင်း ဆောင် Le Van Xuong ကပြောကြားခဲ့ပါတယ်။                  တရုတ်က ရော်ဘာတင်သွင်းမှုကို ထိန်းချုပ်ထားနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမှာ ၎င်းင်းမူဝါဒတွေ ရံဖန်ရံခါ ကျင့်သုံးလျက်ရှိရာ ဗီယက်နမ်ကုန်သည်တွေအနေနဲ့ ရိုးနေပြီဖြစ်ကြောင်း ဗီယက်နမ်ရော်ဘာအသင်း အထွေထွေအတွင်းရေးမှူး Tran Thi Thuy Hoa ကလဲ ပြောကြားပါတယ်။                     ၎င်းင်းမူဝါဒတွေက ရော်ဘာတင်ပို့မှုဈေးနှုန်းတွေလျှော့ချဖို့လည်း ရည်ရွယ်ကြောင်းနဲ့ ရော်ဘာဈေးနှုန်းတွေက ယခုနှစ် အစောပိုင်းကတည်းက အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ၎င်းင်းက ဆိုပါတယ်။ ဒါကြောင့် သြဂုတ်လလယ်မှာ တရုတ်ရဲ့ ရော်ဘာတင်ပို့တဲ့ဈေးနှုန်းတွေက တစ်တန်ကို ကန်ဒေါ်လာ ၄၉၂၁ ကို လျော့ကျသွားခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးခင်နှစ်တွေက ဗီယက်နမ်ရော်ဘာတင်ပို့သူတွေက တရုတ်ကို တရားဝင်တင်ပို့မှုလမ်းကြောင်းမှ တင်ပို့ဖို့ ကြိုးစား ခဲ့ကြရာ ၎င်းင်းလမ်းကြောင်းက အခွန်နှုန်းထားကြီးမြင့်မှုကြောင့် ပမာဏများစွာ မတင်ပို့နိုင်ကြောင်း Tran Thi Thuy Hoa ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။                    တရုတ်မှ ရော်ဘာတင်သွင်းသူတွေက တရားဝင်လမ်းကြောင်းမှ တင်သွင်းရင် အခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရ သော် လည်း နယ်စပ်မှဖြတ်ကျော်တင်သွင်းရာမှာ အခွန်ပေးဆောင်စရာမလိုကြောင်းနဲ့ တရုတ်က ဗီယက်နမ်ရော်ဘာ တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၆၅ ရာခိုင်နှုန်းကို နေရာရရှိထားပါတယ်။ယခုနှစ် သြဂုတ်လအထိ ဗီယက်နမ်က တရုတ်ကို ရော်ဘာတန်ချိန် ၄၄၉၀၀၀ ကိုတင်ပို့နိုင်ခဲ့ပြီး ကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်ရော်ဘာအသင်းရဲ့ စာရင်းအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:rubbermarketnews.net 

Monday, 26 Sep 2011

ဥရောပကြွေးမြီ အကျပ်အတည်းက ရေနံစိမ်းအပါအဝင် ရော်ဘာဝယ်လိုအားအပေါ် ဖိအားဖြစ်စေ                     စက်တင်ဘာလ ၁၉ ရက်နေ့ အာရှရော်ဘာဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်နေပါတယ်။ ယခင် အပတ် စက်တင်ဘာလ ၁၂ ရက်နေ့က တစ်တန်ကို ၄၆၈၉ ဒသမ ၅၀ ဒေါ်လာရှိခဲ့တဲ့ ထိုင်း RSS-5 က စက်တင်ဘာ ၁၉ ရက်မှာ ၄၇၁၆ ဒေါ်လာ အထိသာ ရောက်ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၆ ဒသမ ၅၀ ဒေါ်လာသာ ဈေးမြင့်လာခဲ့တယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများကျဆင်းခြင်း ၊ ဥရောပဒေသကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှု ပိုမို ဆိုးဝါးလာခြင်း ၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေခြင်းတို့က ကားထုတ်လုပ်မှုမှာ အဓိကကုန်ကြမ်း အဖြစ် အသုံးပြုတဲ့ ရော်ဘာ ဝယ်လိုအားလျော့မယ်ခန့်မှန်းကြရာ ဈေးနှုန်းကို ဖိအားဖြစ်စေတယ်လိ့ု သိရတယ်။ ဒါ့အပြင် ဂျပန်မှာ ရော်ဘာစိမ်းသိုလှောင် ထားရှိမှု ပမာဏမြင့်မားနေတဲ့သတင်းကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။                                ဒါပေမဲ့ စက်တင်ဘာလလယ်ပိုင်းက ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံး ထိုင်းနိုင်ငံမှာ ရေလျှံခြင်းက ရော်ဘာရောင်းလို အားအတွက် စိုးရိမ်မှုကိုဖြစ်စေပြီး ရော်ဘာဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ်ထားကြောင်း သိရတယ်။ ပပ၊Source:rubberboard.org.in, Bloomberg.com 

Sunday, 25 Sep 2011

၂၀၁၁-၁၂ အတွက် ကမ္ဘာ့သကြားပိုလျှံမှု တန်ချိန် ၉ ဒသမ ၁၆ သန်းကို လျော့ကျဖွယ်ရှိ                      ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာကြောင့် အစောပိုင်းက ကမ္ဘာ့သကြားပိုလျှံမှုကို တန်ချိန် ၁၀ ဒသမ ၅၈ သန်းရှိမယ်လို့ ခန့်မှန်းထားရာမှ ၂၀၁၁-၁၂ အတွင်း တန်ချိန် ၉ ဒသမ ၁၆ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ဆွစ်ဇာလန်အခြေစိုက် သုတေသနပညာရှင်Kingsman SA  က ပြောကြားပါတယ်။ အောက်တိုဘာလ ၁ ရက်မှာစတင်မယ့် ၂၀၁၁-၁၂ ရာသီအတွက် ကမ္ဘာ့ထုတ်လုပ်မှုရော စားသုံးမှုပါ လျော့ကျမယ်လို့လည်း ဆိုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ သီးနှံထွက်ရှိမှု ပမာဏပေါ် မူတည်ပြီး ကမ္ဘာ့သကြားပိုလျှံမှုလည်းလျော့ကျနိုင်တယ်လို့ ဆိုပါတယ်။                        အဓိက ကြံစိုက်ပျိုးရာ နိုင်ငံများထဲမှ အထူးသဖြင့် ဘရာဇီးတောင်ပိုင်းမှာ အထွက်နှုန်း ကျဆင်းဖွယ် ရှိခြင်းကြောင့် ကမ္ဘာ့ထုတ်လုပ်မှုကျဆင်းမယ်လို့ ခန့်မှန်း ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်း၊ တရုတ်နဲ့ အရှေ့အာဖရိက တစ်ခုလုံးမှ ထုတ်လုပ်မှုကျော်လွန်ဖွယ်ရှိတဲ့ အခြေအနေ မသေချာခြင်းအပေါ်လည်းထည့်သွင်း စဉ်းစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။                     ၂၀၁၁-၁၂ အတွက်တတိယအကြိမ် ခန့်မှန်းချက်အရ ကမ္ဘာ့သကြား ထုတ်လုပ်မှုကို အစောပိုင်းက တန်ချိန် ၁၇၆ ဒသမ ၃၃ သန်းခန့်မှန်းရာမှတန်ချိန် ၁၇၃ သန်းကို လျော့ကျခန့်မှန်းထားပါတယ်။ အလားတူ ၂၀၁၁-၁၂ အတွက် ကမ္ဘာ့ သကြားစားသုံးမှုမှာလည်း အစောပိုင်းက တန်ချိန် ၁၆၅ ဒသမ ၇၆ သန်း ခန့်မှန်း ထားရာမှ ကမ္ဘာ့သကြားဈေး ကြီးမြင့်ခြင်းနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းတို့ကြောင့် တန်ချိန် ၁၆၄ သန်းကိုလျော့ကျခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ၂၀၁၀-၁၁ စားသုံးမှုတန်ချိန် ၁၆၂ ဒသမ ၄၂ သန်းထက်ပိုမိုမယ်လို့တော့ ဆိုပါတယ်။ ယမင်းခင်၊Source: P T I 

Friday, 23 Sep 2011

အိန္ဒိယတွင် ကြက်သွန်နီဈေးနှုန်း ၃၃ ရာခိုင်နှုန်းကျော် ကျဆင်း      အိန္ဒိယမှာ ကြက်သွန်နီတင်ပို့မှု ပိတ်ပင်လိုက်ခြင်း ကြောင့် ပြည်တွင်းဈေးကွက်တွေအတွင်း ကြက်သွန်နီလက်လီနဲ့လက်ကားဈေးနှုန်း၃၃ ရာခိုင်နှုန်းကျော်ကျဆင်းသွား ကြောင်းသိရတယ်။ တင်ပို့မှု မပိတ်ပင်မီက လက်ကား ဈေးနှုန်းက တစ်ကီလိုကို ၁၅ ရူပီး ရှိခဲ့ရာမှာ ယခုအခါ ၁၀ ရူပီး အထိကျဆင်းသွားကြောင်း ၊ လက်လီဈေးနှုန်းမှာလည်း တစ်ကီလိုကို ၁၈ ရူပီးမှ ၁၃ ရူပီးအထိ ကျဆင်းသွားကြောင်း သိရတယ်။                          ကြက်သွန်နီ ထုတ်လုပ်ကုန်ကျစရိတ်မှာ တစ်ကီလိုကို ၆ ရူပီး- ၇ ရူပီး ကျသင့်ကြောင်း၊ ကြက်သွန်နီတွေကို သြဂုတ်စက်တင်ဘာကာလတွေမှ ရောင်းချဖို့ရည်ရွယ်ကာ သိုလှောင် ထားပြီး သိုလှောင်ခပါရင် တစ်ကီလိုအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ၉ ရူပီး - ၁၀ ရူပီးဖြစ်ကြောင်း၊ ဒါပေမဲ့ လက်ရှိလက်ကား ပေါက်ဈေးနှုန်းနဲ့ ရောင်းချရပါက စိုက်ပျိုး သူတွေ အကျိုးအမြတ်မရရှိတော့ကြောင်း သိရပါတယ်။ ပပ၊Source:www.hindustantimes.com

Friday, 23 Sep 2011

လက်ကျန်များပြီး ဝယ်လိုအားနည်းခြင်းကြောင့် အိန္ဒိယနနွင်းဈေးထပ်မံကျဆင်းနိုင်                 အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်များခြင်း၊ ဝယ်လိုအားနည်းခြင်းအပြင် နနွင်းထုတ်လုပ်ရာဒေသတွေမှာ နနွင်းပိုမို ထွက်ရှိမယ့် မျှော်လင့်ချက်များအရ နနွင်းကြိုပွိုင့်များ ဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးနှုန်းက အရမ်းနိမ့်ကျနေပြီဖြစ်လို့ အကျဘက်ကိုဆင်းနေတာ ကန့်သတ်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်။နနွင်းဈေးနှုန်းက ဝယ်လိုအားပေါ်မူတည်ပြီး လာမယ့်ရက်တွေမှာ ကျဆင်းမှုရပ်တန့်နိုင်ဖွယ်ရှိတယ် လို့လည်း ခန့်မှန်းထားပါတယ်။                လက်ရှိလက်ကျန်နနွင်းအိတ်ပေါင်း ၄၂ သိန်း ဝန်းကျင်ရှိပြီး လှောင်လက်တွေက ဈေးအမြင့်မှာရောင်းချဖို့ မျှော်လင့်နေပါ တယ်။ လက်ရှိလက်ကျန်ဟာ ယခင်နှစ်ကာလတူထက် ၂၀ ရာခိုင်နှုန်း ပိုမိုနေပါတယ်။ ဒါ့အပြင် အင်ဒရာပရာဒေ့ရှ်နဲ့ အခြား နီးစပ်ရာပြည်နယ်တွေမှာ နနွင်းစိုက်ပျိုးမှုတိုးတက်နေခြင်းတို့ကလည်း ဈေးနှုန်းကို ကျဆင်းစေပါတယ်။ အတ္တရာအရာဒေ့ရှ်ကို နနွင်းဝင်ရောက်မှု တိုးတက်နေတယ်လို့သိရပါတယ်။   နနွင်းစိုက်ပျိုးမှုဟာ လက်ရှိဈေးနှုန်းပေါ်မူတည်နေပြီး အကယ်လို့ ဈေးဆက်လက်ကျဆင်းဦး မယ်ဆိုရင် တောင်သူများ  ငွေပိုရတဲ့ဝါ၊ ပဲပုပ်တို့လိုသီးနှံတွေ ပြောင်းလဲစိုက်ပျိုးနိုင်တဲ့အတွက် စိုက်ဧကလျော့ကျနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်း ထားပါတယ်။ နနွင်းစိုက်ပျိုးတဲ့ကာလဟာ ဇွန်လမှသြဂုတ်လဖြစ်ပြီး၊ ရိတ်သိမ်းမှုကို ဇန်နဝါရီမှာစတင်ပါ တယ်။                  ပြည်ပတင်ပို့မှုနည်းနေဆဲဖြစ်ပြီး၊ လာမယ့်သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်တို့က အဝယ်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂၀၁၁ ခုနှစ် ဧပြီလမှ ဇွန်လအထိ နနွင်းတင်ပို့မှုတန်ချိန် ၂၁၇၇၅ ရှိပြီး၊၂၀၁၀ ကာလတူမှာ တန်ချိန် ၁၅၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် ၊Source: commodityonline 

Friday, 23 Sep 2011

မလေးရှားသို့ နနွင်း ၁၅ တန် တင်ပို့              စက်တင်ဘာ ၄ ရက်မှာ ၁၀ ရက်တာကာလအတွင်း နနွင်း ၁၅ တန်ကို ပင် လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံမှာ မလေးရှားနိုင်ငံ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၂၂ တန်တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ၁၅ တန်သာ တင်ပို့နိုင်ခဲ့လို့ ၇ တန်လောက် အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ် အက်ဖ်အိုဘီဈေး တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၈၈၀ ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အက်ဖ်အိုဘီဈေး တစ်တန်ကို ကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင် ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၂၅၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Friday, 23 Sep 2011

ဗီယက်နမ် ငရုတ်ကောင်းဈေးနှုန်းစံချိန်တင် မြင့်တက်                   ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်းတင်ပို့ဈေးဟာ ယခင်လက တစ်ကီလိုဒေါင် ၄၀၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၉၂) ရှိခဲ့ရာမှ လက်ရှိကာလမှ ဒေါင် ၁၄၀၀၀၀ (ကန်ဒေါ်လာ ၆ ဒသမ ၇၂)ထိ စံချိန်တင်မြင့်တက်တယ်လို့ ဗီယက်နမ် ငရုတ် ကောင်း အသင်း VPA က ပြောကြားပါတယ်။ ယခုအချိန်ကနေ နှစ်ကုန်ပိုင်းအထိ ဆက်လက် မြင့်တက်ဦးမယ်လို့လည်း လုပ်ငန်းရှင်များက ပြောကြားပါတယ်။                      ကမ္ဘာ့ငရုတ်ကောင်းသုံးစွဲမှုဟာ ယခင်နှစ်သုံးစွဲတန်ချိန် ၃၂၀၀၀၀ ထက် ယခုနှစ်မှာ ၅ ရာခိုင်နှုန်းပိုမိုနိုင်ပြီး ကမ္ဘာ့ထုတ်လုပ်မှုမှာ တန်ချိန် ၂၅၇၀၀၀ သာရှိမယ်လို့ VPA  မှ ခန့်မှန်းထားပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ငရုတ်ကောင်း ထုတ်လုပ်မှုကို ဆက်ထိန်းထားသလို တိုးတက်အောင်လည်း ဆောင်ရွက်နေ တာဖြစ် လို့ ဝယ်လိုအား တိုးတက်မှုကို ဖြည့်ဆည်းဖို့ ကမ္ဘာ့ဈေးကွက်က ဗီယက်နမ်ကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊Source: VOV 

Friday, 23 Sep 2011

အိန္ဒိယကုလားပဲ လက်ငင်းဈေးမြင့်တက်၊ မိုးပဲအထွက် ၁၀ ရာခိုင်နှုန်း နီးပါးကျဆင်း                      အိန္ဒိယဒေလီဈေးကွက်ကို ပဲကားအစီး ၄၀ နဲ့ ပုံမှန်ဝင်ရောက်မှုရှိပြီး၊ အဝယ် ပုံမှန် ဆက်လက်ရှိနေတာကြောင့် စက်တင်ဘာလ ၁၅ ရက် ကုလားပဲဈေး ရူပီး ၇၅၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၇၃)မြင့်တက်ပြီး၊ ရူပီး ၃၅၅၀၀ (ကန်ဒေါ်လာ ၇၄၅)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပွဲတော်များအတွက် ဝယ်လို အားကောင်းနေပြီး၊ ပဲကားဝင် ရောက်မှု ကျဆင်းတာကြောင့် ကုလားပဲလက်ငင်း ဈေးဟာ တစ်နှစ်အတွင်း ၄၈ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့ သိရပါတယ်။                         မိုးပဲစုစုပေါင်းထွက်ရှိမှုဟာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုအနေနဲ့ အဓိက တင်ပို့နိုင်ငံများဖြစ်တဲ့ သြစတြေးလျနဲ့ ကနေဒါတို့က ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာ ကြောင့်လည်း ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကုလားပဲထုတ်လုပ်မှုကလည်း ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၁-၁၂ အတွင်း ကမ္ဘာ့ကုလားပဲတင်ပို့မှုဟာ ၂၀ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၃ ဒသမ ၄၈သိန်း သာရှိမယ် လို့ ခန့်မှန်းထားပါတယ်။                        ပွဲတော်အတွက် ဝယ်လိုအား ဆက်လက်ကောင်းနိုင်ခြင်းနဲ့ ရောင်းချမှု အကန့် အသတ်သာရှိခြင်းကြောင့် ကာလတိုအတွင်း အိန္ဒိယဈေးကွက် ကုလားပဲဈေး ဆက် လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊၊Source: moneycontrol.com 

Pages